Implementation bleeding ရက်ကြာခြင်း
Hello Dr ,
ကျွန်မက ကိုယ်ဝန် ၁လခွဲထဲမှာပါရှင့်
လွန်ခဲ့တဲ့ ၁ ပတ်ကနေ စပီး implantation bleeding ပုံစံမျိူး သွေး နည်းနည်းဆင်းပါတယ် လုံးဝ နည်းနည်းလေးပါ အပေါ့သွားပီးမှ သုတ်မှ သိရတာပါ တစ်ချို့ချိန်တွေဆို အတွင်းခံကိုတောင် မပေပါဘူးရှင့်
ကျွန်မ လဲ စာဖတ်ကြည့်တော့ implantation bleeding က တစ်ရက်၂ ရက်ပြင် ပိုမဖြစ်ဘူးဆိုတော့ ကျွန်မ က ခု ဒီနေ့နဲ့ဆို ၈ရက်ထဲ ဝင်ပါပီ အဲ့လို သုတ်မှ ပေလာတယ် daily pad ဆိုလဲ အစက်လေးလောက်ပဲ ပေပါတယ်
OG ဆီ သွားပီးလဲ ပြပီးပါပီ သားအိမ်ခိုင်ဆေးနဲ့ ထိုးဆေး သောက်ဆေး အကုန် ပေးထားပါတယ်
သွေး စဆင်းတဲ့ ရက်နဲ့ ဒီနေ့နဲ့ဆို ၈ ရက်ထဲ ဝင်နေပါပီ
ကျွန်မလို ရက်ကြာတဲ့ သူရှိနိုင်လားရှင့်
လုံးဝ ဘိုက်မအောင့် ခါးရမကိုက်ပါရှင့်
ဘာ နာကျင်မှုမှ မခံစားရပဲ ကလေးက ပျက်ကျနိုင်လားရှင့်
သားဦးမို့ပါရှင့်
Implantation bleedingက တချို့ကိုယ်ဝန်ဆောင်တွေမှာ ရက်ကြာတတ်ပါတယ်။ ဒါကြောင့် တချို့ဆို ရာသီလာတာနဲ့တောင် မှားတတ်ကြပါတယ်။
ဘာလက္ခဏာမှ မပြဘဲ ကလေးပျက်ကျတာကို missed marriageလို့ ခေါ်ပါတယ်။ အဲ့လို ပျက်ကျတာ ရှိပါတယ်။ ရှားတော့ ရှားပါတယ်။
သားဦးဆိုတော့ ဟိုဟိုဒီဒီ အကုန် စိုးရိတ်စိတ်များနေနိုင်ပါတယ်။ ခိုင်ဆေးတွေ ပေးထားတာဆိုတော့ သိပ်လည်း မစိုးရိမ်ပါနဲ့။
ဒီကြားထဲ ကျန်းမာအောင် နေပါ။ အာဟာရပြည့်အောင်စား၊ အိပ်ရေးဝဝအိပ်ပါ။ စိတ်အေးအေး ထားပါ။ ကိုယ်ဝန်ဆောင်အားဆေးတွေလည်း ပုံမှန်သောက်ပါ။ ကိုယ်ဝန်ရက်ချိန်းလည်း ပုံမှန်ပြပေးပါ။