Hello Doctor
ကျမက ရာသီလာရင် ဗိုက်အရမ်းနာတတ်ပါတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ကိုဝင်တော့ ဗိုက်အရမ်းနာတတ်တာကို OG နဲ့ ပြပါတယ်။ အာထရာဆောင်းရိုက်တာတွေဘာတွေ အကုန်လုပ်လို့ အဖြေကောင်းတော့ OGက အိမ်ထောင်မပြုဖြစ်သေးရင် ဟော်မုန်းပြောင်းဖို့အတွက်ဆိုပြီး တားဆေးကဒ် ၆ လစာ သောက်ဖို့မှာပါတယ်။ ၂ လသောက်ပြီးတာနဲ့ သွေးဆင်းတာ မရပ်ဘဲ လူလည်း လမ်းမလျှောက်နိုင်တော့ဘူး။ ဆရာဝန်နဲ့ ထပ်သွားပြတော့ အဲဒီ ၆ လစာပေးတဲ့ဆေးကို ဆက်မသောက်ခိုင်းတော့ဘဲ သွေးဆင်းနည်းဖို့ ဆေးအသစ် ၆ လစာ ထပ်ပေးပါတယ်။ အဲဒီဆေးကို ၄ လလောက်သောက်တော့ ၂ လလောက် ရာသီက လုံးဝမလာတော့ပါဘူး။ ဒီကြားထဲ အိမ်ထောင်လည်း ပြုလိုက်ပါတယ်။ ဆေးရှိန်ကြောင့် ရာသီမလာတာကို တခြား OGနဲ့ ထပ်သွားပြပါတယ်။ ပြနေတဲ့ OGနဲ့ အဆက်သွယ်ပြတ်သွားလို့ပါ။ ဒီဆရာဝန်က အသားစ စစ်တာ၊ သားအိမ်ခြစ်တာတွေ လုပ်ပါတယ်။ အသားစ စစ်တာက အဖြေရလဒ် ကောင်းပါတယ်။ သွေးဆင်းနည်းစေတဲ့ဆေးကို ဆက်မသောက်ဖို့မှာလိုက်တော့ ရာသီ ပုံမှန်လာပါတယ်။ ရာသီပုံမှန်လာတော့ ကလေး မယူဖြစ်သေးဘူးဆိုပြီး ထိုးဆေး ၃ လခံ ထိုးလိုက်ပါတယ်။ အဲဒီဆေးထိုးလိုက်တာနဲ့ သွေးက ထပ်ပြီး ၂ လလောက် ဆင်းပါတယ်။ ဆရာဝန်က ထိုးဆေးနဲ့ မတည့်လို့ သွေးဆင်းတာလို့ ဆိုပါတယ်။ အခုတော့ ဆရာဝန်နဲ့ထပ်ပြထားလို့ သွေးဆင်းရပ်နေပါပြီ။
ဗိုက်နာတတ်တာကို ပြရင်း သောက်လိုက်ရတဲ့ဆေးတွေလည်း စုံနေပါပြီ။
သိချင်တာက နဂိုကတည်းက ဗိုက်အရမ်းနာတတ်တာကို ပျောက်အောင်မဟုတ်ရင်တောင် နည်းနည်းပဲ နာအောင်ဖြစ် လုပ်လို့ရမယ့် နည်းလမ်းတွေရှိလားသိချင်တာပါ ဒေါက်တာ
အဲ့တာ ကိုယ်ပြနေတဲ့ ဆရာဝန်နဲ့ မေးပါ။ ရာသီလာတာကြောင့်နာတာဆိုသင့်တော်ရာ ဆေးပေးပါလိမ့်မယ်။