Hello doctor,
ကျေးဇူးပြုပြီး ဖြေပေးပါ ဆရာတို့ ဆရာမတို့ရှင့် ညီမ ရာသီလာပြီး ၁၀ရက်မြှောက်နေ့မှာ ကောင်လေးနဲ့အတူနေခဲ့ပါတယ်ရှင့် အကာအကွယ်လဲသုံးသလို ကြောက်လို့ အရေးပေါ်တားဆေးလဲ သောက်ခဲ့ပါတယ်ရှင့် အခုညီမ ရာသီလာမဲ့ရက်ထက်၁၀ရက်စောပြီး ရာသီလာသလို သွေးဆင်းပါတယ်ရှင့် အများကြီးလဲ မဟုတ်ပဲ ဘောင်းဘီလေးစွန်းရုံလောက်ပဲ လာပါတယ်ရှင့် ပုံမှန်ရာသီလာရင် ၄ရက်လောက်ပဲ လာပါတယ်ရှင့် အခုက သွေးရည်ကြည်လို နည်းနည်းစီဆင်းနေလို့ပါရှင့် ဒီနေ့နဲ့ဆို ၅ရက်ရှိပြီမို့ပါရှင့် ကိုယ်ဝန်ရှိနိုင်ခြေရှိလားရှင့် တခြားဘာတွေရော ဖြစ်တတ်လဲရှင့် ပြီးခဲ့တဲ့ရာသီလာတဲ့ရက်က ၉လပိုင်း22,23,24,25ပါရှင့်
တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။