2လပိုင်း 15ရက် နေ့မှာ အတူတူ နေဖြစ်ပါတယ်။ ဒါမဲ့ သူ့အထဲကို လက်နဲ့ပဲလုပ် ပေးဖြစ်တာပါ။ကျွန်တော့်ဟာရဲ့ ရှေ့ပြေးအရည်ကြည်ကိုင်ထားမိတဲ့လက်နဲ့ လုပ်မိလိုက်တာ
... ပိုမိုကြည့်ရှုရန်အယ်ထွာဆောင်းက အန္တရာယ်ကင်းရဲ့လား
မေမေတွေကို အယ်ထွာဆောင်းရိုက်ပါဆိုရင်လေ ကလေးလေးကို ဓာတ်ရောင်ခြည်ထိမှာလားဆိုပြီး ပြန်ပြန်မေးတတ်ကြပါတယ်။
တကယ်တော့ အယ်ထွာဆောင်းက အသံလှိုင်းနဲ့ ရိုက်တာမို့လို့ ကလေးလေးကို မထိခိုက်ပါဘူးနော်။ မေမေတို့ တွေ့နေကြ ဓာတ်မှန်ရိုက်တာတွေနဲ့ မတူပါဘူး။ ဒါက အန္တရာယ်ကင်းပါတယ်။
နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အယ်ထွာဆောင်းရိုက်တာက အရေးကြီးပါတယ်။ မေမေတို့ဗိုက်ထဲမှာ ဘာဖြစ်နေလဲ။ ကလေးလေး ကျန်းမာရဲ့လားဆိုတာကို ဒီအယ်ထွာဆောင်းကနေ ကြည့်တာပါ။
အနည်းဆုံးတော့ Dating scanနဲ့ Anomaly scanဆိုပြီး ရိုက်ကြပါတယ်။ ၆ပတ်ဝန်းကျင်လောက်မှာ မေမေတို့ ဘယ်တော့မွေးမှာလဲဆိုပြီး ရိုက်တာတစ်ခု၊ ၅လလောက် ဝန်းကျင်မှာ မေမေတို့ ကလေး ကိုယ်လက်အင်္ဂါစုံရဲ့လား။ ဘာလေးလဲဆိုပြီး ရိုက်တာက တစ်ခုပေါ့နော်။
အနည်းဆုံးတော့ ဒီနှစ်ခုရိုက်ရပါတယ်။ ကြားထဲမှာ ထပ်လိုရင်တော့ ထပ်ရိုက်ရပါတယ်။
ပြောချင်တာကတော့ မေမေတို့ အယ်ထွာဆောင်းရိုက်ဖို့ မကြောက်ကြဖို့ပါ။ ဒါက အရေးကြီးတယ်လေနော်။
မှတ်ချက် 0ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်