ကိုယ်ဝန်ဆောင်ကာလ ၁၅ ပတ်အတွက် မေမေတို့အတွက် သိကောင်းစရာ
ကလေးလေး ဘယ်လိုဖွံ့ဖြိုးလာမှာလဲ
အခု၁၅ပတ်မြောက်ကို ရောက်လာတဲ့အခါမှာ ပန်းသီးအရွယ် ၇၅ ဂရမ် ၁၀ စင်တီမီတာလောက် ရှိလာပါပြီ။ ကလေးလေးက ဆက်ပြီးဖွံ့ဖြိုးလာကာ ခြေလက်လေးတွေ စလှုပ်လို့တောင်ရနေပါပြီ။ မကြာခင်မှာ ဗိုက်ထဲက လှုပ်ရှားမှုတွေကို ခံစားမိလာမှာပါ။ ကလေးလေးက အသက်ရှုဖို့ မျိုချဖို့ စုပ်ယူဖို့ကို သင်ယူနေပါပြီ။ မွေးလာတဲ့အခါ အသက်ရှင်နေနိုင်ဖို့ ဒါတွေကို သူလေးနေ့တိုင်းလေ့ကျင့်နေလေရဲ့။ ဒီအပတ်မှာ အာထရာဆောင်းရိုက်ကြည့်ရင် ကျားမခွဲလို့ ရချင်ရနေလောက်ပြီနော်။
ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်
သွားဖုံးက ပိုပြီးထိမိရှုမိလွယ်လာတာ သတိထားမိကြမလား။ သွားဖုံးက သွားတိုက်ဆေးသွားပွတ်ကြိုးတွေနဲ့ တိုက်တိုင်း နီပြီးရောင်လာတာ သွေးထွက်လွယ်တာမျိုး ဖြစ်လာနိုင်ပါ တယ်။ သွားဖုံးရောင်တင်းခြင်းလို့ သွားဆရာဝန်တွေ ခေါ်ပါတယ်။ အဖြစ်များပြီး ကိုယ်ဝန်ဟော်မုန်းကြောင့် ဖြစ်တာပါ။ ကိုယ်ဝန်မဆောင်ခင်ကထက် သွားကိုပိုဂရုစိုက်ဖို့လိုပါတယ်။ တစ်နေ့ကို ၂ ကြိမ်အနည်းဆုံး သွားတိုက်ဖို့ တိုက်တွန်းပါရစေ။ ဒါပေမယ့် အစာစားပြီးတိုင်း တစ်နေ့ကို ၃ ကြိမ်တိုက်တာ အကောင်းဆုံးပါပဲ။ သွာ
... ပိုမိုကြည့်ရှုရန်




















