ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်ပုံထိုင်နည်း မမှန်ရင်လည်း မေမေတွေ ခါးနာတတ်ပါတယ်။ အထူးသဖြင့် ရှေ့မှာ ဗိုက်ကြီးခံနေတာကြောင့် ထိုင်တဲ့အခါ ပုံမကျတာမျိုး ဖြစ်တတ်ပါတယ်။
ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်မယ်ဆို
−ခါးနဲ့ ကျောကို မတ်မတ်ထားပါ။
−ခါးနောက်မှာ ခေါင်းအုံးအသေး ဒါမှမဟုတ် မျက်နှာသုတ်ပဝါကို လိပ်ပြီး ခုထားပါ။
တကယ်လို့ ခုစရာမရှိဘူးဆိုရင်တော့
−အနောက်တိုးပြီး ခုံနဲ့ ကျောနဲ့ ကပ်ထားပါ။
−ကပ်ပြီး ခါးကို အလိုက်သင့်လေး မတ်မတ်ထာားပေးပါ။
−ပြီးရင် အနည်းငယ်လျော့လိုက်ပါ။
နောက်ပြီး ထိုင်တဲ့အခါမှာ
−တင်ပါးကို ခုံမှာ ထိကပ်နေအောင် ထိုင်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိတ်ကို တင်ပါးမှာထားလိုက်ပါ။
−ခြေထောက်နဲ့ ကြမ်းနဲ့ ထောင့်မှန်ကျရှိနေပါစေ။ ကြမ်းနဲ့ ခြေထောက်နဲ့ ထိထားပါ။ ခြေချိတ်မထိုင်ပါနဲ့။
−ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့။ နာရီဝက်တစ်ခါလောက် ပုံပြောင်းပါ။
−စားပွဲနဲ့ အလုပ်လုပ်တယ်ဆိုရင်လည်း လက်ကိုစားပွဲပေါ် တင်ထားပါ။ ပုခုံးတွေကို လျှော့ထားပါ။
−ခါးကို စောင်းပြီး အလုပ်မလုပ်ပါနဲ့။ တစ်ကိုယ်လုံးကို လှည့်လို့ရပါတယ်။
−ထိုင်ရာက ထမယ်ဆိ