ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်မလဲ!
မိုးရာသီ ဒါမှမဟုတ် နွေပူပူကာလတွေက ဘေဘီလေးတွေမှာရော လူကြီးတွေမှာပါ ဝမ်းလျှောတာ အဖြစ်များပါတယ်။ လူကြီးတွေမှာ ဝမ်းလျှောတာက ပြင်းထန်သလို ကလေးတွေမှာလည်း မသက်သာတာတော့ အမှန်ပါပဲ။ ဒီတော့ ဝမ်းပျက်ဝမ်းလျှောနေတဲ့ သားသားမီးမီးတို့ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
🔵 မိခင်နို့တိုက်ပါ - ကလေးက အရမ်းငယ်သေးတယ်။ ဝမ်းကလည်း ခဏခဏ သွားနေမယ်ဆိုရင် မိခင်နို့ကို ကလေးကို တတ်နိုင်သမျှ များများလေး သောက်ပေးပါ။ ဒီလို တိုက်ပေးတာက ကလေးကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။
🔵 အုန်းစိမ်းရည် - ကလေးကို ဝမ်းလျှောနေတာ သက်သာစေဖို့ အုန်းစိမ်းရည်တိုက်ပေးတာကလည်း နည်းလမ်းကောင်းပါ။ ဒါကြောင့် ကလေးက ဝမ်းပျက်နေပြီဆိုရင် သက်သာစေဖို့ အုန်းစိမ်းရည်လေး ဝင်သလောက် တိုက်ပေးပါ။
🔵 ငှက်ပျောသီး ကျွေးပါ - ငှက်ပျောသီးမှည့်လေး ပြင်ဆင်ပေးတာကလည်း ကလေး ဝမ်းသွားတာကို သက်သာစေနိုင်တာကြောင့် ကလေးက ဝမ်းသွားနေပြီဆိုရင် ငှက်ပျောသီးလေး ပြင်ဆင်ပေးလို့လည်း ရပါတယ်။
🔵 ဓာတ်ဆားရည်တိုက်ပါ - ဓာတ်ဆားရည်တိုက်ပေးတာကလည်း ကလေးဝမ်းလျှောတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘေ
... ပိုမိုကြည့်ရှုရန်















