"ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတက်ခြင်းများ"
မဂ်လာပါရှင် ကျမမှာ သမီးလေးတယောက်ရှိပါတယ် အခုဒုတိယကိုယ်ဝန်၄လရှိနေပါပြီ ၅လပိုင်း၂၀ ရက်ရာသီလာပြီးနောက် တားဆေး မာဘယ်လွန်28ကိုဖြတ်ပြီး ဖောလစ်အက်ဆစ်တနေ့၁လုံးသောက်ပြီးကိုယ်ဝန်စယူပါတယ် ၆လပိုင်းကုန်ထိရာသီမလာတော့ဆီးစပ်ကတင်းသလို နဲ့ဆီးမကြာမကြာသွားဗိုက်ကလည်းပူလာသလိုခံစားနေရတော့ဆီးစစ်ကြည့်တာ၂ကြောင်းပေါ်တာနဲ့og နဲ့သွားပြပြီးUSGရိုက်ကြည့်တာကိုယ်ဝန်၄ပတ်ရှိနေပါပြီ og မှခိုင်ဆေးနဲ့ဖောလစ်အက်ဆစ်တနေ့၁လုံးစီသောက်ခိုင်းပါတယ် ကိုယ်ဝန်စရှိတာသိတဲ့အချိန်ကစပြီးအစားပျက်ပြီးမိုးလင်းအိပ်ရာထတာနဲ့အန်ပြီးတနေကုန်နုံးပြီးနေလို့မကောင်းအိပ်ရာထဲမှာပဲလှဲနေရတယ်ညဆိုဆီးခဏခဏထသွားပြီ အိပ်လို့ မရနဲ့ ပေါင်ချိန်လဲသိပ်မတက်သေးပါဘူး ကိုယ်ဝန်၁၄ပတ်ogနဲ့ရက်ချိန်းပြန်ပြတော့ကိုယ်ဆောင်အားဆေးနဲ့ဖောလစ်အက်ဆစ်၁နေ့၁လုံးစီသောက်ခိုင်းပြီးမေးခိုင်ကာကွယ်ဆေး၁လုံးထိုးပေးပါတယ် နောက်၁လပြန်ချိန်းပါတယ် ခုတော့စားလို့အရမ်းကောင်းနေပြီးအစာစားပြီးရင်နေလို့မကောင်းတော့ပြန်ဘူးကိုယ်အလေးချိန်လဲတက်လာပါပြီ ogကတော့နည်းနည်းနဲ့မကြာမကြာစားခိုင်းတယ်တခါတလေထိန်းပြီးစားနိုင်ရင်နေလို့ကောင်းပြီး မေ့ပြီအများကြီးစားမိတဲ့နေ့ဆိုရင်နေလို့မကောင်းတော့ဘူး နေ့ခင်းဘက်မအိပ်ရင်ည
... ပိုမိုကြည့်ရှုရန်