မေမေတို့အတွက် ကလေးမီးဖွားရင် လိုအပ်မဲ့ checklist က ဘာတွေဖြစ်မလဲ....
မေမေတို့ ဆေးရုံ၊ ဆေးခန်းမှာ သွားရောက်ပြီး ကလေးမီးဖွားတော့မယ်ဆိုရင် လိုအပ်မယ့်အရာတွေကို checklist ကလေးနဲ့ဖော်ပြပေးလိုက်တယ်နော် .....
ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။
Total members
Total posts
Total experts
Total topics
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။
မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။
ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။
သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။
စတင်ဆွေးနွေးမယ်။
နောက်ဆုံး
ပေါ်ပြူလာ
တချို့မေမေတွေက သီတင်းကျွတ်ရောက်ရင် ဗျောက်အိုးသံ၊ ငရဲမီး ဆော့သံတွေ ကြားရင် ကြောက်ကြပါတယ်။ ဒီအသံတွေကြောင့် လန့်ပြီး ကိုယ်ဝန်ပျက်မလားလို့လည်း စိုးရိမ်ကြပါတယ်။
လေ့လာချက်တွေအရတော့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ခုခုကြောင့် ထိတ်လန့်တာက ကိုယ်ဝန်ပျက်တာကို မဖြစ်စေပါဘူးတဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေရဲ့ စိတ်ကျန်းမာရေးက အရေးကြီးတယ်ဆိုပေမယ့် တော်ရုံလန့်တာ၊ စိတ်ဖိစီးတာက ပြဿနာ မဟုတ်ပါဘူး။
မေမေက ဒီအသံတွေကို မခံနိုင်ရင် ပတ်ဝန်းကျင်မှာ ကလေးတွေ ဆော့ပြီဆိုတာနဲ့ နားထဲမှာ သာယာတဲ့ အသံလေးတွေကို ဖွင့်ထားနိုင်ပါတယ်။
မေမေတို့ ကိုယ်တိုင်ကတော့ ဗျောက်အိုးဖောက်တာတွေ မလုပ်ရင်ကောင်းပါတယ်။ တချို့မေမေတွေက ဒါကို ချင်ခြင်းတပ်တက်ကြလို့ပါ။ ယမ်းငွေ့တွေက မေမေတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိင်ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာတွေလည်း ဖြစ်နိုင်ပါတယ်။
မေမေတို့ရေ ... မေမေတို့ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ မေမေတို့ ကြုံတွေ့ဖူးတယ်ဟုတ်။ တချို့ မေမေတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒါက ဖြစ်လေ့ရှိတဲ့ သဘာဝမို့ ဆံပင်တွေ ကျွတ်လာတဲ့ မေမေတို့ အရမ်းထိတ်လန့်မသွားပါနဲ့။ ဒီဆောင်းပါးလေး မှာ ပါတဲ့ နည်းလေးတွေလုပ်ကြည့်ရင် အဲဒီအခိုက်အတန့်ကို အလှမပျက်ဘဲကျော်ဖြတ်နိုင်မှာပါ။
ဆရာရှင့် ကျွန်မရဲ့သားလေးက၂နှစ်၃လ ရှိပါပီရှင် ကလေးကအရမ်းထွားပါတယ်ရှင်ပေါင်ချိန်၃၃ပေါင်အရပ်က၃ပေ၅လက်မ သူများ၄နှစ်ကလေးထက်ကိုထွားပါတယ်ရှင် သူကtrampolineနဲ့ခုန်တဲ့အခါတခါခုန်၁နာရီလောက်ကြာပါတယ်ရှင် တစ်လမှာ ၃ခါလောက်ခုန်ပါတယ်ရှင် တခါတလေတော့ ၅မိနစ်လောက်ပဲခုန်ပါတယ်ရှင့် ကျွန်မသိချင်တာကတော့ အဲ့လိုခုန်ရင် ဘေးထွက်ဆိုးကျိုးနဲ့ကောင်းကျိုးကိုသိချင်ပါတယ်ရှင် အူကျနိုင်သလားရှင့်ကျေးဇူးပြု၍ဖြေပေးပါရှင့
ဒုတိယသားသားကိုယ်ဝန်လွယ်ထားတဲ့ မာမီ အက်စတာ ပါရှင့်။
သားဦးကိုယ်ဝန်လွယ်တုန်းကဆို မုန့်လက်ကောက်၊မုန့်ဖက်ထုပ်ရူးခဲ့ပါတယ်။ ဒုတိယကိုယ်ဝန်ရလာတော့ ထမင်းဟင်းအနံ့တောင် မခံနိုင်တဲ့ချိန် ရာဂျားအပြာရောင်ထုပ်ရဲ့ အနံ့ပဲရှူချင် ငုံချင်လာမိတယ်။ နဂိုက မူးယစ်ဆေးတွေဆို အနံ့တောင်မခံနိုင်သူပါ။ကျန်တဲ့ မျိုးတူခိုင်နီး ကွမ်းပေါင်းတေတော့ မကြိုက်မိပြန်ဘူး။
သန္ဓေသားအတွက် အန္တရာယ်ဖြစ်မှာစိုးတဲ့စိတ်နဲ့ ထိန်းချုပ်ထားပေမယ့် စားချင်တဲ့အစားအစာတွေးရင်တောင်မှပဲ အာရုံမှာရာဂျားပဲပေါ်ပေါ်လာရော...
မတတ်နိုင်တဲ့အဆုံးတော့ တစ်ထုပ်ဝယ်ပြီး နည်းနည်းချင်းဆီ ငုံရတော့တယ်။ ၃လကြာ တစ်ထုပ်တော့ မကုန်သေးဘူးဟီးး...
ခလေးမွေးပြီးသွားတဲ့အထိ စွဲသွားမှာလည်း စိုးရတယ်။ ကယ်ကြပါအူးရှင့်....
#StoryCompetition2022Oct
မေမေတို့ရေ ... မေမေတို့ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေ ကျွတ်လာတာ မေမေတို့ ကြုံတွေ့ဖူးတယ်ဟုတ်။ တချို့ မေမေတွေဆို သိပ်မသိသာပေမယ့် ဆံပင်ရှည်တဲ့ မေမေတွေကျ ဆံပင်ပါးလာတာ ပိုသိသာပါတယ်။ ဒီလို ကလေးမွေးပြီးကာစ နောက်ပိုင်းမှာ ဆံပင်တွေကျွတ်လာတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မနက်ဖြန် ဆောင်းပါးလေးမှာ ပြောပြပေးမယ်နော်...
ယခုလက်ရှိ သားသားကိုယ်ဝန်လွယ်ထားရပါတယ် ညီမကိုယ်တိုင်လဲ အသားငါးစားတဲ့သူမဟုတ်တော့ အခုကလေးကိုယ်ဝန်လည်း အသားငါးမစားဖစ်ဘူးပေါ့နော် ညီမက လမ်းဘေးစာတွေ ငါးပိတွေ အစပ်စားတာလုံးဝရှောင်ပါတယ် ငယ်ငယ်ထဲက စားရတာ သဘောမကျဘူးပေါ့နော် သားလေးလည်း ကိုယ်ဝန်စရရော လမ်းဘေးက ဘာမှအော်မရောင်းနဲ့ စားချင်တာမှအကုန် ငါးပိနဲ့သုပ်တဲ့ အသုပ်တွေ အထောင်းတွေ အကုန်စား ပီးရင် မူကထ မစားရလို့ငိုရတဲ့နေ့ရှိသေး အရမ်းထူးခြားတာက လိမ္မော်သီးအချို ကြက်မောက်သီး အရမ်းချဥ်ချင်းတက်ပါတယ်
ပြီးတော့ နာနတ်သီး လုံးဝထူးခြားတာက ရေခဲ.ရေခဲမုန့် လုံးဝချဥ်ချင်းတက်တာ ရေခဲတွေဆို တနေ့ကိုရေဘူး ၁ လီတာ ဘူး ၅ဘူးလောက်ကိုစားတယ်
ဆီးလည်းလုံးဝမကျင်ဘူးရှင့် စားတာ
ရေခဲကိုပန်းကန်ထဲထည့်ပြီး ဒီတိုင်းကိုထိုင်စားတာ ရေခဲမုန့်ဆိုလည်း ၅ခုလောက်တစ်ထိုင်တဲစားလည်း မဝဘူး
အခုထိပေါ့နော် ၁၁ လပိုင်း ၄ရက်နေ့ ခွဲမွေးရမှာပါ ဒီပေ့ချ်လေးကနေ ဆုရခဲ့ရင်လည်း သားသားအတွက်အမှတ်တရဖစ်နေမှာပါ ညီမချဥ်ချင်းတက်တာကတော့ ဒါလေးပါပဲရှင့် မေမေတွေ အားလုံး ကျန်းမာကြပါစေလို့ ဆုတောင်းလျက်🙏
"#Story Competition 2022 Oct"
ကျမကိုယ်ဝန်ဆောင်နေချိန်မှာ အရမ်းချဥ် ခြင်းတက်တဲ့အရာကတော့ အသီးအနှံပါပဲရှင့်
ကိုယ်ဝန်ရှိစဥ်မိုးလင်းလို့ဗိုက်ဆာတာနဲ့ လာရောင်းတဲ့အသီးမှန်သမျှဝယ်စားပါတယ် ပေါ်ဦးပေါ်ဖျားအသီးတေဆိုစျေးကြီးလို့ မစားခဲ့ဖူးပါဘူး ကိုယ်ဝန်ရမှ ပိုက်ဆံကအဓိကမဟုဘူး ငါစားချင်တာစားရဖို့အဓိကဆိုပီးဝယ်စားပါတယ်
ကိုယ်ဝန်ရှိစမှာ မနက်ပိုင်းဆိုအန်တဲ့လက္ခဏာဖစ်တာမို့ မအန်အောင်အချဥ်ပေါင်းတေလည်းစားပါတယ်
ဒါမယ့်ဖစ်တာပါပဲရှင့် စပျစ်သီးတေဆို အဝ ထမင်းစားသလိုစားတာပါ ဗိုက်ပြည့်သည်အထိပါပဲ
သဘော်သီးထောင်းလေးကလည်းစားဖစ်တယ်ရှင့်
အရမ်းစားချင်တာကိုး ညသန်းခေါင်ကျော်ကလေးလှုပ်လည်း ဗိုက်ဆာလို့ထစားရတဲ့ ရက်ပေါင်းမနည်းပါဘူး
အသီးအနှံ အချဥ်ပေါင်း ကိုယ့်အတွက်မနက်စာလိုဖစ်နေတာပါ ကိုယ်ဝန်ဆောင်တုန်းကပေါ့
ခုဆိုသမီးလေး က15ရက်နေ့Octoberဆို4နှစ်ပြည့်ပါပီရှင့်
ခုလိုဝင်ပီးပြိုင်ရတာလည်းဒီသမီးလေးမွေးနေ့အတွက် အမှတ်တရလေးဖစ်စေချင်လို့ပါ😍😍
ဤစာလေးမြင်တဲ့မေမေ တို့ မမတို့က အသဲလေးပေးပေးပါအူး ကျေးဇူးကမ္ဘာပါ "#StoryCompetition2022Oct#"
ကျွန်မကတော့ သုံးနှစ်ခွဲအရွယ် သမီးလေးရဲ့မေမေပါ သမီးလေးကို ကိုယ်ဝန်စဆောင်စဉ်ကအရမ်းလဲလိုချင်ခဲ့တော့ တနေ့မှာ ခြံကြီးထဲမှာ ရွှေရောင်ဝါဝင်းနေတဲ့လိမ္မော်သီးအလုံးကြီးတွေစားရတယ်လို့ အိမ်မက်မြင်မက်မိတယ်ရှင့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထူးထူးခြားခြားချဉ်ခြင်းကတော့ ကောက်ညှင်းမျိုးစုံကိုစားချင်နေတာပါ ကောက်ညှင်းပေါင်းဆီထမင်း ရွှေထမင်း ခေါပုတ်စသည့်ပေါ့နော် ကိုယ်ဝန်နဲ့ ဝမ်းချုပ်မှာလဲစိုးလို့ ချင့်ချိန်စားရပါတယ်ရှင့် နောက်တခုက
သမီးလေးကိုယ်ဝန်နဲ့မို့လို့ထင်တယ် အလှပြင်ရတာ နှုတ်ခမ်းနီဆိုး ဆံပင်လေးသပ်သပ်ရပ်ရပ်စည်းပြီးနေမိတယ်ရှင့်
နောက်တရုတ်တန်းမှာမှရောင်းတဲ့ ပဲနို့ပေါင်းလေးတွေ အရမ်းသောက်ချင်တာပါပဲ
အမျိုးသားနဲ့ကတော့ ကိုယ်ဝန်နဲ့မှာ ပိုပြီးကပ်လွန်းလို့ အမျိုးသားစာမေးပွဲဖြေနေတော့ သူစာကျက်ပျက်မှာစိုးလို့ အနားကပ်ချင်စိတ်ကိုမြိုသိပ်ထားရသေးတာ🤪🤭
ကျွနိမရဲ့ အတွေ့အကြုံလေးကတော့ဒါပါပဲရှင့် သာမာန်မိခင်တယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်ဖြတ်သန်းမှုလေးပါရှင့်
အားလုံးပဲသီတင်းကျွတ်အခါသမယမှာ ကျန်းမာပျော်ရွှင်ကြပါစေ
#StoryCompetition2022Oct
ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။