ကိုယ်ဝန်ဆောင်ချိန်ထူးခြားတဲ့ချင်ခြင်းတပ်ခြင်းများ
ဒုတိယသားသားကိုယ်ဝန်လွယ်ထားတဲ့ မာမီ အက်စတာ ပါရှင့်။
သားဦးကိုယ်ဝန်လွယ်တုန်းကဆို မုန့်လက်ကောက်၊မုန့်ဖက်ထုပ်ရူးခဲ့ပါတယ်။ ဒုတိယကိုယ်ဝန်ရလာတော့ ထမင်းဟင်းအနံ့တောင် မခံနိုင်တဲ့ချိန် ရာဂျားအပြာရောင်ထုပ်ရဲ့ အနံ့ပဲရှူချင် ငုံချင်လာမိတယ်။ နဂိုက မူးယစ်ဆေးတွေဆို အနံ့တောင်မခံနိုင်သူပါ။ကျန်တဲ့ မျိုးတူခိုင်နီး ကွမ်းပေါင်းတေတော့ မကြိုက်မိပြန်ဘူး။
သန္ဓေသားအတွက် အန္တရာယ်ဖြစ်မှာစိုးတဲ့စိတ်နဲ့ ထိန်းချုပ်ထားပေမယ့် စားချင်တဲ့အစားအစာတွေးရင်တောင်မှပဲ အာရုံမှာရာဂျားပဲပေါ်ပေါ်လာရော...
မတတ်နိုင်တဲ့အဆုံးတော့ တစ်ထုပ်ဝယ်ပြီး နည်းနည်းချင်းဆီ ငုံရတော့တယ်။ ၃လကြာ တစ်ထုပ်တော့ မကုန်သေးဘူးဟီးး...
ခလေးမွေးပြီးသွားတဲ့အထိ စွဲသွားမှာလည်း စိုးရတယ်။ ကယ်ကြပါအူးရှင့်....
#StoryCompetition2022Oct