ကျွန်ုပ်တို့သည် တိုးတက်မှုကို အလေးထားပါသည်။

49k 

Total members

6.2k 

Total posts

1 

Total experts

222 

Total topics

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။

သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းများ

Hello Sayarwonမှ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်ရသော နေရာများဖြစ်သောကြောင့် အဖွဲ့ဝင်များအနေနှင့် အကြံဉာဏ်တောင်းခံခြင်းနဲ့ အတွေ့အကြုံများ မျှဝေခြင်းကို လွတ်လပ်စွာ ပြုလုပ်နိုင်ပါသည်။

စည်းကမ်းနဲ့အညီထိန်းသိမ်းထားခြင်း

မော်ဒရေတာတွေက အဖွဲ့အစည်းတွေမှာ ရှိတဲ့ အဖွဲ့ဝင်တွေအနေနဲ့ အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု ရှိစေဖို့ အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေက အဖွဲ့ဝင်တွေဆီ သတင်းမှားတွေ ရောက်မလာစေဖို့၊ ပွင့်လင်းမြင်သာပြီး လိုအပ်တဲ့ အကူအညီများ ရနိုင်ဖို့ တာဝန်ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်း

ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များက အဖွဲ့ဝင်များရဲ့ ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်နိုင်ဖို့ တိကျပြီး ယုံကြည်ရတဲ့ ကျန်းမာရေးအချက်အလက်များကို မျှဝေလျက်ရှိပါတယ်။

အလုံးစုံကျန်းမာရေး

ကျန်းမာရေးအဖွဲ့အစည်းတွေ၊ Careလို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ ဝယ်ယူတာတွေကို တစ်နေရာတည်းမှာ ပြုလုပ်နိုင်နေပါပြီ။

တာဝန်ယူခြင်း

သင့်ကျန်းမာရေးခရီးစဉ်မှာ ကျွန်တော်တို့က ဘေးကနေ အားပေးကူညီနေမှာဖြစ်ပြီး သင်ရဲ့ အတွေ့အကြုံတွေကို အများနဲ့ မျှဝေဖို့ စိတ်ချရတဲ့ နေရာလေးတစ်ခု ဖန်တီးပေးထားပါတယ်။

အဆက်အသွယ်မပျက်ခြင်း

သင့်အနေနဲ့ အဖွဲ့အစည်းမှာ ကျွမ်းကျင်ပညာရှင်အနေနဲ့ဖြစ်ဖြစ်၊ အကြံပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကိုယ်စားပြုသူအနေနဲ့ဖြစ်ဖြစ်၊ ကြော်ငြာအပ်ချင်သူအနေနဲ့ဖြစ်ဖြစ် ပါဝင်နိုင်ပါတယ်။ ကျွန်တော်တို့က အမြဲကြိုဆိုလျက်ရှိပါတယ်။
avatar

စတင်ဆွေးနွေးမယ်။

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မေမေတို့ အစပ်စားလို့ရလား... ?

ကလေးကိုနို့တိုက်ကျွေးနေရတဲ့အတွက် မိမိကိုယ်တိုင်မှာလည်း အစာစားချင်စိတ်တွေ ဟာထိန်းမရပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးချဉ်ခြင်းတက်ကြတာဟာ အစပ်ပါတဲ့စားစရာတွေကိုပါ။ နို့တိုက်ချိန်မှာလည်း အစပ်ကို တောင့်တတတ်ကြပြန်ပါတယ်။


ဒါပေမဲ့ မေမေအများစုဟာ သန္ဓေသား ကိုထိခိုက်မှာစိုးလို့အစပ်ပါတဲ့အစားအစာတွေကိုရှောင်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော နို့တိုက်ချိန်မှာပါ အစပ်ကိုရှောင်ဖို့ အမှန်တကယ်လိုအပ်လားဆိုတာ မေးစရာရှိလာပါတယ်။


ဒီမေးခွန်းလေးရဲ့ အဖြေကို ဒီဆောင်းပါးလေးမှာဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်နော်....

0
63
မှတ်ချက် 0 ခု
ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။

မေမေတို့ ကလေးလေးက ကိုယ်ဝန် ၁၂ပတ် (၃လဝန်းကျင်)လောက်တည်းက စလှုပ်တာပါ။ ဒါပေမယ့် မေမေတို့ သတိထားမိမှာ မဟုတ်ပါဘူး။

မေမေတို့ သတိထားမိတာက ၁၆ပတ်လောက်မှပါ။ ဒါတောင် သားဦးမေမေတွေဆို အပတ် ၂၀လောက်မှ သတိထားမိကြပါတယ်။

ကလေးလှုပ်တယ်ဆိုတာက တစ်နည်းအားဖြင့် ကလေးကျန်းမာနေတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ကလေးလှုပ်ပြီဆို ဆရာဝန်တွေက ကလေးလှုပ်တာကို မှတ်ခိုင်းတာပါ။

ကလေးက တစ်နေ့ကို ခဏခဏ လှုပ်နေတယ်ဆိုတော့ မေမေတို့လည်း ခဏခဏမှတ်ပြီး တချို့ရက်တွေဆို ရာဂဏန်းလောက် ကပ်သွားတာတောင် ရှိပါတယ်။

တကယ်တော့ အဲ့လောက် မလိုပါဘူး မေမေတို့ရဲ့။ ၂၄နာရီအတွင်းမှာ ကလေးက ၁၀ခေါက်လောက် လှုပ်တယ်ဆိုရင် ဒါအဆင်ပြေတယ်လို့ ပြောလို့ရပါပြီ။ ဒီတော့ ဒီနေ့ မေမေတို့က မနက် ၇နာရီလောက်က စမှတ်မယ် ဆိုပါတော့။ နောက်နေ့မနက် ၇နာရီအထိ ကလေးက ၁၀ကြိမ်လှုပ်ရင် ရပါပြီ။ မနက် ၇နာရီလောက်က စမှတ်လိုက်တာ ည၈နာရီလောက်ကျ ၁၀ကြိမ်ပြည့်သွားပြီဆို ရပါပြီ။ ဆက်မှတ်စရာ မလိုတော့ပါဘူး။ နောက်ရက်ကျမှ ထပ်မှတ်လို့ရပါတယ်။

ဒါကတော့ သာမန်မေမေတွေပေါ့နော်။ တကယ်လို့ ကလေးမလှုပ်လို့ ဆေးရုံရောက်လာတဲ့ မေမေတွေဆိုရင်တော့ ဇယားဆွဲထားတဲ့ စာရွက်ပိုင်းလေး ပေးပြ

... ပိုမိုကြည့်ရှုရန်
ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။ကလေးလေး လှုပ်တာကို ဘယ်လိုမှတ်ကြမလဲ။
2
24
မှတ်ချက် 2 ခု
ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မေမေတို့ အစပ်စားလို့ရလား...?

မေမေတို့ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတက်ကြတာဟာသဘာဝပါ။ တစ်မျိုးပြီးတစ်မျိုး စားချင်ကြပါတယ်။ နို့ချိုတိုက်ကျွေးချိန်ရောက်လာတဲ့ အခါမှာလည်း ချဉ်ခြင်းတက်တတ် ကြပါသေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အများဆုံးချဉ်ခြင်းတက်ကြတာဟာ အစပ်ပါတဲ့စားစရာတွေကိုပါ။ ဒီမှာမေးစရာရှိလာတာက ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မေမေတို့ အစပ်စားလို့ရလားဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းလေးရဲ့

အဖြေကို မနက်ဖြန်ဆောင်းပါးလေးနဲ့ တကွ ဖော်ပြပေးပါမယ်နော်......

ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မေမေတို့ အစပ်စားလို့ရလား...?ကိုယ်ဝန်ဆောင်မေမေတွေနဲ့ နို့တိုက်မေမေတို့ အစပ်စားလို့ရလား...?
0
20
မှတ်ချက် 0 ခု
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာသက်သာစေဖို့ ဘယ်လိုနေထိုင်ရမလဲ...?

ကိုက်ခဲတာက ကိုယ်ဝန်ဆောင်မေမေတိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ အခြားသူတွေလို အလွယ်တကူ ဆေးသောက်ဖို့လည်း မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားပါမယ်။

0
13
မှတ်ချက် 0 ခု
ကိုယ်ဝန်ရမရ

ရာသီလာတဲ့ ပထမရက်မှာအတူနမိပါတယ်ရှင် အဲ့တာ အရေးပေါ်ဆေးလဲသောက်လိုက်ပါတယ် ကိုယ်ဝန်ရနိုင်လားရှင့် အကာလဲမသုံးမိလို့ရှင့် အဲ့တာလေးသိချင်လို့ပါရှင့်။

0
2
မှတ်ချက် 3 ခု
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာသက်သာစေဖို့ ဘယ်လိုနေထိုင်ရမလဲ...?

ကိုယ်ဝန်ဆောင်ကာလက မေမေတို့ အတွက် ခက်ခဲတဲ့ အခိုက်အတန့်ပါ။ မိခင်ဖြစ်ရတာအဖိုးမဖြတ်နိုင်တဲ့ အရာဆိုပေမယ့် မိခင်တစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါဘူး။ ကိုယ်ဝန်ကြောင့် မေမေတို့ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲလာမှုတွေက အများကြီးပါ။ ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မနက်ဖြန်ဆောင်းပါးလေးမှာ ဖော်ပြပေးမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာသက်သာစေဖို့ ဘယ်လိုနေထိုင်ရမလဲ...?ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာသက်သာစေဖို့ ဘယ်လိုနေထိုင်ရမလဲ...?
0
17
မှတ်ချက် 0 ခု
ကိုယ်ဝန်ရနိုင် မရနိုင်

ရာသီလာရက်က ၂၇ရက် တစ်ခါ လာပါတယ်...အရင်လတွေက ၁ရက်လောက် စောစောပီး လာပါတယ်..၈လပိုင်းက ရာသီလာရက် ၄ရက်ကျော်ပီးမှ လာပါတယ်..ခု၉လပိုင်းမှာတော့ ရာသီလာရက်၆ရက်ကျော်ပီးမှ နည်းနည်းဆင်းနေပါတယ်..စစ်ကြည့်တော့လဲ ၁ကြောင်းပဲ ပေါ်ပါတယ်..အဒါ ခလေးယူဖို့အတွက် စိုးရိမ်ရလား သိချင်ပါတယ်ရှင့်

0
21
မှတ်ချက် 1 ခု
ကိုယ်ဝန်ရှိမရှိသိချင်ပါသည်

ရာငီလာပြီး ၅ရက်မြောက်နဲ့၆ရက်မြောက်နေ့မှာ ဆက်ဆံဖြစ်ပါတယ် ၂ရက်လုံးဆက်ဆံပြီးတာနဲ့အရေးပေါ်ဆေးသောက်ပါတယ် ဆေးသောက်ပြီး၅ရက်ကြာ ရာသီလာပါတယ် ပုံမှန်လို၃ရက်ပါပဲ အဲ့ဒါကိုယ်ဝန်မရှိတာလား ရှိတာလားရှင့် ဖြေပေးပါနော်

0
17
မှတ်ချက် 1 ခု
တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။

မေမေတွေ စိုးရိမ်နေတာက တားဆေးသုံးတာကြာသွားရင် ကိုယ်ဝန်ရဖို့ခက်သွားမှာလား။ တားဆေးရပ်ပြီး ကလေးမရသေးတာ ဆေးကြောင့်လားဆိုပြီး ထင်တတ်ပါတယ်။


တကယ်က တားဆေးသောက်ဆေး၊ ထိုးဆေး၊ လက်မောင်းအောက်ထည့်တဲ့ပစ္စည်း၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း စတာတွေအားလုံးက ကိုယ်ဝန်ကိုပဲ တားပေးတာပါ။ ကိုယ်ဝန်ကို တားပေးတာနဲ့ မြုံစေတာနဲ့က မတူပါဘူး။


တားဆေးတွေက ကိုယ်ဝန်ပဲ တားပေးပြီး မမြုံစေပါဘူး။

ဒါကြောင့် အမျိုးသမီး သန်းပေါင်းများစွာက တားဆေးမျိုးစုံကို သုံးကြတာပါ။ ဒါကြောင့် မေမေတို့ တားဆေးသုံးလို့ မြုံသွားမှာ၊ ကလေးမရမှာကို စိုးရိမ်စရာ မရှိပါဘူး။ နှစ်နဲ့ချီသုံးပေမယ့် မြုံသွားစေတာမျိုး မရှိပါဘူး။


ကလေးရဖို့ ကြာနေရတာက တစ်ဦးစီရဲ့ ဇီဝဖြစ်စဉ်တွေနဲ့

ဆိုင်ပါတယ်။ ဒါ့ပြင် တချို့တားဆေးတွေက တခြားအမျိုးအစားတွေထက် ကလေးရဖို့ ကြာတတ်ပါတယ်။

ဥပမာ ထိုးဆေးဆိုရင် ကြာတတ်ပါတယ်။ ဒါပေမယ့် ဒါက ကြာတာပဲ ဖြစ်ပြီး မရတာမဟုတ်ပါဘူး။


နောက်ပြီး မေမေတို့ တားဆေးစသုံးတဲ့အရွယ်နဲ့

တားဆေးဖြတ်ပြီး ကလေးယူတဲ့အရွယ်ကလည်း ကွာပါသေးတယ်။ အသက်ကြီးလာလေလေ ကလေးရဖို့ ခက်လေလေပဲဖြစ်ပါတယ်။

... ပိုမိုကြည့်ရှုရန်
တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။တားဆေးသုံးတာကြာရင် ကိုယ်ဝန်ရဖို့ခက်သွားနိုင်သလား။
1
48
မှတ်ချက် 0 ခု
မိခင်နို့တိုက်နည်း ၄ နည်း

မေမေတို့ အတွက် နို့တိုက်ခြင်းက လွယ်ကူတယ်ထင်ရပေမဲ့ ခက်ခဲတယ်ဆိုတဲ့

အချက်ကို ငြင်းကြလိမ့်မယ်မထင်ပါဘူး။ အထူးသဖြင့် သားဦးမိခင်တွေဆို ပိုခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ မပူပါနဲ့ ဘေဘီကိုနို့တိုက်ဖို့ ခက်ခဲနေတဲ့ မေမေတို့အတွက် မိခင်နို့တိုက်ကျွေးနည်း ၄ မျိုးကိုမျှဝေပေးမှာမလို့ ဒီဆောင်းပါးလေး ကို ဖတ်ကြည့်လိုက်ပါနော်....

0
5
မှတ်ချက် 0 ခု