ဘေဘီလေးကို ဉာဏ်ကောင်းစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိမယ်ထင်ပါတယ်။ ဒီတော့ ဘေဘီလေး ဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ သိချင်နေတဲ့ မေမေတွေများ ရှိလား...... ဒါဆိုရင်တော့ ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတာ သိရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။
🔹ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ 🔹
ဘေဘီလေးကို ဉာဏ်ကောင်းစေမယ့် အစားအစာတွေက ဘာတွေများလဲ......... ဆိုတော့
🔸အခွံမာသီးတွေ
ပရိုတင်း၊ fatty acids၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် စိတ်ခံစားမှုကိုကောင်းစေပြီး ဦးနှောက် နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မြေပဲ၊ သစ်ကြားသီး၊ မက်ကာဒေးမီးယားစေ့ စတာမျိုးပေါ့။
🔸ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာပါတဲ့ ပရိုတင်း နဲ့ အာဟာရဓာတ်က ကလေးရဲ့ အာရုံစူးစိုက်မှုကို ကောင်းစေနိုင်ပါတယ်။ ကြက်ဥအနှစ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ကိုလင်းတို့က မှတ်ဉာဏ်ကို ကောင်းမွန်စေနိုင်ပါတယ်။
🔸ဘယ်ရီသီးတွေ
ဘယ်ရီသီးတွေမှာပါဝင်တဲ့ polyphenols က ဦးနှောက်ထဲက သွေးစီးဆင်းရောက်