ကလေးမွေးပြီး ဘယ်လောက်ကြာရင် အတူပြန်နေလို့ရပြီလဲ။
ကလေးမွေးပြီး ဘယ်လောက်ကြာရင်ပြန်နေလို့ရပြီဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် မေမေတွေကို အကြံပေးရရင်တော့ အနည်းဆုံး ၆ပတ် (၄၅ရက်)လောက်တော့ စောင့်သင့်ပါတယ်။ ခွဲပဲမွေးမွေး၊ ရိုးရိုးပဲမွေးမွေးပါ။ မွေးပြီးပြီးချင်း ၂ပတ်လောက်မှာ မွေးလမ်းကြောင်းက နုနယ်လွန်းတာ၊ စုတ်ပြဲထားတာတွေကြောင့် ပိုးဝင်လွယ်လို့ပါ။ မွေးလမ်းကြောင်း ချဲ့ထားတဲ့မေမေတွေဆို မိန်းမကိုယ်က နာနေနိုင်ပါတယ်။ ပြီးတော့ မေမေတွေအနေနဲ့လည်း ၄၅ရက်လောက် ကိုယ်ရောစိတ်ပါပင်ပန်းထားတာတွေကို အပြည့်အဝအနားယူဖို့ လိုပါတယ်။ ၄၅ရက်ကျော်လို့ ပြန်နေမယ်၊ ကလေးလည်း ထပ်မလိုချင်သေးဘူးဆိုရင် တားဆေးသုံးဖို့ မမေ့ပါနဲ့ မေမေတို့။