backup og meta

Endometrial cancer (သားအိမ်ကင်ဆာ)

Endometrial cancer (သားအိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endometrial cancer (သားအိမ်ကင်ဆာ) ကဘာလဲ။

သားအိမ်ကင်ဆာသည် သားအိမ်တွင်းနံရံမှဖြစ်သော ကင်ဆာဖြစ်ပါသည်။ သားအိမ်သည် အခေါင်းပါ သစ်တော်သီးပုံရှိ ဆီးခုံတွင်းအင်္ဂါဖြစ်ပြီး သန္ဓေသားကြီးထွားသောနေရာလည်း ဖြစ်သည်။

သားအိမ်ကင်ဆာမှာ သားအိမ်နံရံ (Endometrium) အလွှာမှ ဆဲလများတွင်ဖြစ်သော ကင်ဆာဖြစ်သည်။ သားအိမ်ကင်ဆာကို Endometrial ကင်ဆာဟုလည်းခေါ်သည်။ သားအိမ်တွင် Uterine Sarcoma ကဲ့သို့ တခြားသော ကင်ဆာအမျိုအစားများကိုလည်း တွေ့နိုင်ပါသည်။ သို့သော် သားအိမ်ကင်ဆာလောက် အဖြစ်မများကြပါ။

Endometrial cancer (သားအိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

နှစ်စဉ် US ၌ သားအိမ်ကင်ဆာ ၃၀၀၀၀၀ ကျော် ဖြစ်ပွားနေပါသည်။ ထို့အတူ ဤရောဂါသည် US တွင်သာမဟုတ်ပဲ တစ်ခြားသော ဖွံဖြိုးပြီးနိုင်ငံများတွင်ပါ အဖြစ်များဆုံးသော မီးယပ်ကင်ဆာအမျိုးအစားတွင် ပါဝင်နေသည်။

သားအိမ်ကင်ဆာအများစုမှာ အသက် ၆၀ နှင့် ၇၀ ကြားတွင် အဖြစ်များပြီး အနည်းငယ်တွင်တော့ အသက် ၄၀ မတိုင်မှီ ဖြစ်လေ့ရှိပါသည်။

လက္ခဏာများ

Endometrial cancer (သားအိမ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

သားအိမ်ကင်ဆာမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လာသည်နှင့် သိနိုင်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းကြောင့် ပုံမှန်မဟုတ်ပဲ မိန်းမကိုယ်မှသွေးဆင်းခြင်း ဖြစ်စေရာမှ ဆေးခန်းသို့အသွားဦးသောကြောင့် ဖြစ်သည်။ သားအိမ်ကင်ဆာအား စောစောသိပါက သားအိမ်ထုတ်ခြင်းဖြင့် ကုသနိုင်ပါသည်။

အကြောင်းရင်းများ

Endometrial cancer (သားအိမ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

Endometrial ကင်ဆာမှာ သားအိမ်တွင်ဖြစ်သော ကင်ဆာများတွင် လူသိအများဆုံးဖြစ်ပါသည်။ ဖြစ်ရသည့်အကြောင်းရင်းကိုတော့ အတိအကျ မသိရပါ။ မဟော်မုန်းထိုးတက်ခြင်းက ၎င်းကိုဖြစ်စေကြောင်း ဆိုထားပါသည်။ မဟော်မုန်းသည် သားအိမ်မှ နံရံများတည်ဆောက်ရာတွင် အထောက်အကူပေးသော ဟော်မုန်းဖြစ်သည်။ ထိုမှ Endometrium အား မထိန်းနိုင်အောင် ကြီးထွားလာစေကာ ကင်ဆာဖြစ်စေနိုင်သည်ဟု ဆို၏။

ဖြစ်နိုင်ခြေများ

Endometrial cancer (သားအိမ်ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်များမှာ ဟော်မုန်းမြင့်တက်မှုကို ဖြစ်စေပြီး သားအိမ်ကင်ဆာဖြစ်နိုင်သည့် အခြေအနေများဖြစ်ပါသည်။

  • ပရိုဂျက်စတီရုမ်းမသုံးပဲ မဟော်မုန်းကုထုံးသုံးခြင်း
  • သားအိမ်တွင်းအသားပိုများရှိဖူးခြင်း
  • ရာသီပုံမှန်မလာတတ်ခြင်း
  • တစ်ခါမှကိုယ်ဝန်မဆောင်ဖူးခြင်း
  • အဝလွန်ခြင်း
  • သားဥအိမ်တွင်အိတ်များစွာဖြစ်သောရောဂါ (PCOS)
  • အသက်ငယ်ငယ်ရွယ်ရွယ်တွင် ရာသီစလာခြင်း (အသက် ၁၂ အောက်)
  • အသက် ၅၀ နောက်ပိုင်းမှ သွေးဆုံးခြင်း
  • ရင်သားကင်ဆာအတွက်သုံးသော Tamoxifen ဆေး

အောက်ပါအခြေအနေများရှိသော အမျိုးသမီးဆိုပါက အန္တာရယ်မြင့်မားသည်ဟု ယူဆနိုင်ပါသည်။

  • အူမကြီး သို့မဟုတ် ရင်သားကင်ဆာ
  • ဆီးချို
  • သည်းခြေအိတ်ရောဂါ
  • သွေးတိုး

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Endometrial cancer (သားအိမ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သားအိမ်ကင်ဆာမှာများသောအားဖြင့် အစောပိုင်းအဆင့်တွင် အတည်ပြုရနိုင်ပါသည်။

Endometrial cancer (သားအိမ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာမပျံ့သေးပါက အမျိုးသမီး ၉၅% မှာ ၅ နှစ်နောက်ပိုင်းအထိ အသက်ရှည်ပါသည်။ အဝေးမှ အင်္ဂါများကိုပျံ့သွားပြီးဆိုပါက ၂၅ %သော အမျိုးသမီးများသာ ၅ နှစ်ကျော်အထိ အသက်ရှည်နိုင်တော့မည် ဖြစ်သည်။

ဖြစ်နိုင်သောနောက်ဆက်တွဲများ

နောက်ဆက်တွဲပြဿနာများမှာ –

  • သွေးဆင်းခြင်းကြောင့် သွေးအားနည်းခြင်း (ရောဂါအတည်မပြုရသေးခင်ဖြစ်သည်)
  • သားအိမ်ပေါက်ခြင်း ၎င်းသည် သားအိမ်ခြစ်စဉ် သို့မဟုတ် အသားစယူစဉ်တွင် ဖြစ်ပွားနိုင်သည်။
  • ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းကုထုံးများ၏ ပြဿနာများ

သားအိမ်ကင်ဆာ၏ တခြားအမည်များ

Endometrial adenocarcinoma; Uterine adenocarcinoma; Uterine cancer; Adenocarcinoma – endometrium; Adenocarcinoma – uterus; Cancer – uterine; Cancer – endometrial; Uterine corpus cancer

သားအိမ်ကင်ဆာနှင့်ပါတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက သင့်ဆရာဝန်ထံ ချက်ချင်းသွားရောက်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.cancer.org/cancer/endometrialcancer/detailedguide/endometrial-uterine-cancer-what-is-endometrial-cancer
http://www.mayoclinic.org/diseases-conditions/endometrial-cancer/basics/definition/con-20033696
https://www.nlm.nih.gov/medlineplus/ency/article/000910.htm

ယခုပုံစံ

13/07/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement