လူတို့သည် မိမိတို့ရောဂါအတွက် ကုသမှုများခံယူရတော့မည်ဆိုလျှင် ထိုကုသမှုများသည် အကျိုးရှိမရှိ၊ ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ချေ စသည်တို့ကို စိုးရိမ်တတ်ကြပါသည်။ အဆုတ်ကင်ဆာဖြစ်နေသူများလည်း ကင်ဆာဆေးများဖြင့် မကုသမီ ထိုနည်းတူစွာပင် ခံစားရပါသည်။
ထွက်မှာ သေချာပြီလား။
လူတို့သည် မိမိတို့ရောဂါအတွက် ကုသမှုများခံယူရတော့မည်ဆိုလျှင် ထိုကုသမှုများသည် အကျိုးရှိမရှိ၊ ဘေးထွက်ဆိုးကျိုးများရှိလာနိုင်ချေ စသည်တို့ကို စိုးရိမ်တတ်ကြပါသည်။ အဆုတ်ကင်ဆာဖြစ်နေသူများလည်း ကင်ဆာဆေးများဖြင့် မကုသမီ ထိုနည်းတူစွာပင် ခံစားရပါသည်။
အောက်ပါနည်းများသည် ကင်ဆာဆေးများမသွင်းမီ စိုးရိမ်မှုများလျော့နည်းစေရန် အကြံပေးထားသော နည်းလမ်းများဖြစ်ပါသည်။
စိုးရိမ်စိတ် ခေါ် ကြောက်စိတ် သည် ကင်ဆာဆေးမပေးမီ ဖြစ်သော ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းကြောင့် ဖြစ်တတ်သောစိတ်ဖြစ်သည်။
ထို့ပြင် အောက်ပါ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်။
· အိပ်မပျော်ခြင်း
· အစားအသောက်ပျက်ခြင်း
· နှလုံးခုန်မြန်ခြင်း
· မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ခြင်း၊ နီလာခြင်း
· အသက်ရှုမြန်ခြင်း
· မူးဝေခြင်း
· ချွေးထွက်ခြင်း
· လက်တုန်ခြင်း၊ တကိုယ်လုံး ပင်အပ်နှင့် ထိုးသလိုစူးခြင်း၊ နာကျင်ခြင်း
· ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်း
· ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း
· နားထဲတွင် အသံများကြားရခြင်း
· လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရေးအဆင်မပြေခြင်း
· ဒေါသထွက်လွယ်ခြင်း
စိုးရိမ်စိတ်များကြောင့် သင်သည် အာရုံစူးစိုက်ရခက်ခဲခြင်း၊ နေ့စဉ်အလုပ်များကို မလုပ်နိုင်တော့ခြင်း စသည်တို့ဖြစ်လာကာ သင့်နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါသည်။
အမှန်အားဖြင့် စိုးရိမ်စိတ် ကြောက်စိတ်များသည် ကျွန်ုပ်တို့ရှင်သန်နေသမျှ ကြုံတွေ့နေရမည်ဖြစ်ပါသည်။ စိုးရိမ်စိတ် ကြောက်စိတ်များဖြစ်သောအခါ ခန္ဓါကိုယ်မှ Adrenaline (Epinephrine) ဟော်မုန်းထွက်လာပြီး တန်ပြန်တိုက်ခိုက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ကြွက်သားများ ကျုံ့ဆန့်ခြင်း နှင့် အဆုတ်မှ အောက်ဆီဂျင်ဓါတ်ကိုရှုသွင်းခြင်း စသည်တို့ကို ဖြစ်စေသည်။
ထိုသို့ဖြစ်ခြင်းသည် မိမိကိုယ်ကို အန္တရာယ်မှခုခံပေးသည် သဘာဝစနစ်တခုဖြစ်ပေသည်။ အန္တရာယ်များ လွန်မြောက်သောအခါ အထက်ပါ လုပ်ငန်းစဉ်များသည် ပုံမှန်အတိုင်းပြန်ဖြစ်သွားပြန်ပါသည်။ ကင်ဆာဆေးကုသမှုခံယူခါနီးတွင် စိုးရိမ်စိတ်ဖြစ်ခြင်းသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါသည်။
သင်သည် ဆေးကုသမှုအဆင်မပြေဖြစ်ခြင်း၊ သင့်ခန္ဓါကိုယ်မှ ကင်ဆာဆေးများကို တုန့်ပြန်မှုမမှန်ခြင်း စသည်တို့ကို စိုးရိမ်စိတ်ဖြစ်နိုင်ပါသည်။ ကင်ဆာဆေးမသွင်းဖူးသောသူများသည် ပို၍ပင် စိုးရိမ်ထိတ်လန့်မှုများပို ဆိုးလေ့ရှိပါသည်။
သင်သည်ဆေးကုသမှုမခံယူမီ စိုးရိမ်သောကများခြင်းကို ခံစားရပါက အောက်ပါနည်းလမ်းများကို လုပ်ဆောငိနိုင်ပါသည်။
· စိတ်ကိုပြေလျော့စေမည့် အသက်ရှုလေ့ကျင့်ခန်းများ လုပ်ခြင်း ၊ ကင်ဆာဆေးဖြင့် ကုသနေချိန်တွင် တရားထိုင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ပန်းချီဆွဲခြင်းကဲ့သို့ဝါသနာပါရာကို လုပ်ခြင်း
· ထိုက်ချိ၊ ရောဂ၊ လမ်းလျှောက်ခြင်း ၊ ရေကူးခြင်းကဲ့သို့သော ပုံမှန်လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် လူရောစိတ်ပါ အပန်းဖြေစေသည်။
· သင့်ခံစားချက်များကို ဒိုင်ယာရီစာအုပ်တွင်ချရေးခြင်းဖြင့် သင့်ကိုစိုးရိမ်သော့ရောက်စေမည့် နည်းလမ်းများကို ပြေလျော့နိုင်ပေမည်။
· ဆေးကုသမှုခံယူမည့်နေရာသို့ သူငယ်ချင်း၊ မိသားစုဝင်များကို ခေါ်သွားခြင်း
· သင့်ဆရာဝန်၊ သူနာပြုများနှင့် ဆေးပညာအဖွဲ့အစည်းများကို သင့်စိုးရ်မ်စိတ်များကို ရင်ဖွင့်ခြင်းဖြင့် သင့်ကို စိတ်ဖိစီးမှုလျော့နည်းအောင် အကူအညီများပေးနိုင်ပါသည်။
သင့်လိုအပ်ချက်များနှင့်ပူပန်မှုများကို ဆရာဝန်အား လွတ်လပ်စွာ ဖွင့်ပြောခြင်း စသည်ဖြင့် သင့်အခက်အခဲများကို အခြားသူအားပြောပြသောနည်းများသည် သင့်ကို စိတ်ဖိစီးမှုလျော့နည်းစေသောနည်းများ ဖြစ်ပါသည်။
ထို့ပြင် အောက်ပါဆေးများကလည်း သင့်စိုးရိမ်စိတ်ကိုလျော့နည်းရန် ကူညီပေးပါလိမ့်မည်။
· Lorazepam (Ativan®);
· Diazepam (Valium®);
· Clonazepam (Klonopin®);
· Alprazolam (Xanax®)
· Chlorpromazine (Thorazine®);
· Buspirone (BuSpar®);
· Haloperidol (Haldol®).
ကင်ဆာရောဂါဖြစ်လာပြီဆိုလျှင် ရောဂါနှင့် ပက်သက်ပြီး အထူးသဖြင့် ကင်ဆာဆေးများနှင့် ပက်သက်ပြီး စိုးရိမ်စိတ်များတတ်ကြပါသည်။ ထိုကြောင့် လူနာအနေဖြင့် မိမိအတွက် သင့်တော်နိုင်မည့် ကူသမှုများကို ဆရာဝန်နှင့် တိုင်ပင်ပြီး ကောင်းကျိုးဆိုးကျိုးများကို သိရှိထားသင့်ပါသည်။ ထိုမှသာ သင့်ကိုယ်သင် လိုအပ်မည့် ပြင်ဆင်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
http://www.cancerresearchuk.org/about-cancer/coping-with-cancer/coping-emotionally/cancer-and-your-emotions/fear-anxiety-and-panic/about-fear-anxiety-and-panic
http://www.cancerresearchuk.org/about-cancer/coping-with-cancer/coping-emotionally/cancer-and-your-emotions/fear-anxiety-and-panic/managing-fear-anxiety-and-panic
http://chemocare.com/chemotherapy/side-effects/anxiety-and-cancer.aspx