ဆက်တိုက် လျှော့ခြင်း။
ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓါတစ်ခုလုံးကို အသက်ရှူပြီး လျှော့ဖို့ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်ဖို့အတွက် အသက်အောင့် ထားဖို့ လိုအပ်ပြီး ခေါင်းမူးခြင်းကို ကာကွယ်ဖို့ တတ်နိုင်သလောက်သာ အသက်အောင့်ထားသင့်ပါတယ်။
ဘယ်လိုလုပ်ရမလဲ – သက်တောင့်သက်သာ ရှိတဲ့ ပုံစံ ဖြစ်အောင်နေပါ။ ဖြစ်နိုင်ရင် အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်း အကောင်းဆုံးဖြစ်တဲ့ ထိုင်နေတဲ့ ပုံစံနဲ့ နေသင့်ပါတယ်။ မျက်လုံးကို မှိတ်ပြီး ကြွက်သားအုပ်စု တစ်စုစီကို ၂-၃ စက္ကန့်အကြာလောက် တင်းလိုက်လျှော့လိုက် ပြုလုပ်ပါ။ ခြေထောက်နဲ့ ခြေချောင်းတွေက စတင်သင့်ပြီး ဒူးခေါင်း၊ ပေါင်၊ အနောက်ဘက်၊ ရင်ဘတ်၊ လက်မောင်း၊ လက်၊ လည်ပင်း၊ မေးရိုးနဲ့ မျက်လုံးတွေဆီကို သွားပါ။ သင်ဒီလိုလုပ်နေစဉ်မှာ ဖြည်းညင်းစွာ အသက်ရှူပါ။
Guided visualization
ဒီလေ့ကျင့်ခန်းဟာ အသက်ရှူစဉ်မှာ စိတ်ကပါ လိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Guided visualization ဟာ စိတ်ဖိစီးဖို့ကောင်းတဲ့ အရာတွေကို စဉ်းစားမယ့်အစား သင်သွားလိုတဲ့နေရာတွေကို ရောက်နေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။
ဘယ်လိုလုပ်ရမလဲ – ဒီနည်းကို မပြုလုပ်မီ သင့်ကိုပျော်ရွှင်စေတဲ့ နေရာတစ်ခုကို စဉ်းစားသင့်ပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ အတွေးတွေကို အစားထိုးဖို့ ကောင်းမွန်တဲ့ ပျော်စရာကောင်းတဲ့ အတွေးတွေကို အာရုံစိုက်ပြီး အသက်ပြင်းပြင်းရှူသင့်ပါတယ်။
နှာခေါင်း တစ်ဖက်စီနှင့်အသက်ရှူခြင်း
ဒီလေ့ကျင့်ခန်းဟာ ရူးမိုက်တယ်လို့ ထင်ရပေမယ့် တကယ် အကျိုးရှိပါတယ်။ ဒီလေ့ကျင့်ခန်းဟာ စိတ်တည်ငြိမ်ညီမျှမှုကို ဖြစ်စေပြီး ဦးနှောက်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို ဆက်သွယ်ပေးပါတယ်။ ဒီနည်းဟာ သင့်နှာခေါင်း ပိတ်မနေမှသာ ပြုလုပ်သင့်ပါတယ်။ ဥပမာ လေ အလွယ်တကူ ဝင်ထွက်ခြင်း မပြုနိုင်တဲ့ လေ လမ်းကြောင်း ကျဉ်းခြင်းတွေ ဖြစ်နေရင် မပြုလုပ်သင့်ပါဘူး။
ဘယ်လိုလုပ်ရမလဲ – စတင်ဖို့အတွက် သင့်နှာခေါင်းပေါက်ဝမှာ လက်မနဲ့ လက်သူကြွယ်ကို ထားသင့်ပြီး ညာဘက်နှာခေါင်းဝမှာ ညာဘက်လက်မကို ထားကာ ဘယ်ဘက် နှာခေါင်းပေါက်ဝမှာတော့ လက်သူကြွယ်ကို ထားသင့်ပါတယ်။ အသက်ကို ဝဝရှူနိုင်ဖို့ လက်မကို မထားသင့်ပြီး လက်မကို ပြန်ဖိပိတ်သင့်ပါတယ်။ တချိန်ထဲမှာပဲ ဘယ်ဘက်နှာခေါင်းပေါက်ဝက လက်သူကြွယ်ကို မပြီး လေကို ထုတ်သင့်ပါတယ်။
အသက်ရှူခြင်းဟာ လူအတော်များများက သူတို့ အသက်ရှူမှု မှားယွင်းနေတယ်ဆိုတာ မသိပဲ နေ့စဉ်နဲ့ အမျှ ပြုလုပ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီလို ရိုးရှင်းတဲ့ အသက်ရှူနည်းတွေကို ပြုလုပ်ခြင်းဟာ အထူးသဖြင့် အဆုတ်ကင်ဆာ ရှိသူတွေမှာ စိတ်အပန်းပြေရုံသာမက စိတ်ကို တိုးတက်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။