သင့်ကို အကောင်းမြင်တတ်အောင် အားပေးသော စာသားများကို တစ်ရက်တွင် နာရီပေါင်းများစွာ ဖတ်ရှုပါ။ စိတ်ဓါတ်ခွန်အားပေးသော စာများကို လေ့လာပါ။ သင့်ဘဝတွင် အရေးကြီးဆုံးအရာများကို အာရုံစိုက်ဖို့ ကူညီပေးသော အတုယူဖွယ် စိတ်အားတက်ကြွစေသော အဆိုအမိန့်များကို ဖတ်ပါ။ ထိုနည်းသည် သင့်ဘဝကို နှစ်သက်ပျော်ရွှင်လာစေဖို့ နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်။
တရားထိုင်ပါ (သို့) ယောဂကျင့်ပါ။
တရားထိုင်ခြင်း (သို့) ယောဂကျင့်ခြင်းသည် အသက်ရှုသွင်း၊ ရှုထုတ်ခြင်းအပေါ်တွင် အာရုံစိုက်စေပြီး သင့်အတွေးတွေ မပျံ့ လွင့်အောင် ထိန်းချုပ်ပေးပြီးသည်။ ယောဂလေ့ကျင့်ခြင်းသည် စိတ်ကိုဖြေလျော့စေသည်။ ယောဂလေ့ကျင့်ခြင်းသည် မဖြစ်လာသေးတဲ့အနာဂတ်ကို စီးမြောတွေးတောနေသော သင့်စိတ်ကို အရေးကြီးဆုံး လက်ရှိအချိန်သို့ ပြန်လည်ဆွဲခေါ်လာပေးပြီး လက်ရှိမှာပဲ စိတ်ကိုတည်ငြိမ်နေစေဖို့ ကူညီပေးပါသည်။
အဓိပ္ပါယ်ရှိသော ရည်မှန်းချက်ပန်းတိုင်များထားရှိပါ။
ရည်မှန်းချက်ပန်းတိုင် သတ်မှတ်ပြီး ထိုနေရာကိုရောက်ရှိဖို့ ကြိုးစားရင်း သင့်ကိုယ်သင် အလုပ်များနေပါစေ။ ပထမပန်းတိုင်ကို ရောက်ပြီဆိုသည်နှင့် နောက်ပန်းတိုင်တွေကိုပါ ဆက်လှမ်းလျှောက်ဖို့ သင်စိတ်အားတက်လာကာ ပန်းတိုင်အသစ်များကိုပါ ထပ်တိုးချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။ သင်ရရှိအောင်မြင်သော ပန်းတိုင်တစ်ခုချင်းစီသည် ဘယ်လောက်ပင်သေးငယ်စေကာမူ သင့်အား ယုံကြည်မှု များရရှိစေကာ သင့်ကိုယ့်သင် တန်ဖိုးထားမှု မြင့်တက်လာစေမည်ဖြစ်သည်။ ဤသည်ကပင် သင့်ဘဝတွင် အကောင်းမြင်စိတ်များ ပိုမိုရရှိလာစေမည်ဖြစ်သည်။
အကောင်းမြင်အတွေးသည် သင့်ဘဝတွင် ကောင်းသော ပြောင်းလဲမှုများစွာကို ရရှိစေမည်ဖြစ်သည်။ အထူးသဖြင့် သင်အဆုတ်ကင်ဆာဖြစ်နေသော အချိန်လိုမျိုးမှာပေါ့။ အကောင်းမြင်တတ်သော စိတ်က သင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းကျိုးတွေ သယ်ဆောင်လာမည်ဖြစ်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။