အဓိပ္ပါယ်ဖွင့်ဆိုချက်
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကဘာလဲ။
စီပိုးကြောင့်အသည်းရောင်ခြင်းသည် အသည်းရောင်စီပိုးမှ အသည်းကိုတိုက်သည့်အခါတွင် ဖြစ်သောအခြေအနေဖြစ်သည်။ အသည်းရောင်စီပိုး ကူးစက်ခံရလျှင် အသည်းကိုရောင်းရမ်းစေပြီး ဆိုးကျိုးများစွာဖြစ်စေနိုင်ပါသည်။ အသည်းရောစီပိုးသည် အဖြစ်များသော အသည်းရောင်ပိုင်းရပ်စ်များထဲမှတစ်ခုဖြစ်ပြီး အားလုံးထဲတွင် အဆိုးဝါးဆုံးဟု ယူဆရပါသည်။ လူအများစုသည် Medical check up လုပ်စဉ်တွင် အသည်းရောင်စီပိုးကို တွေ့ရှိရ၏။ ထို့ကြောင့် နှစ်စဉ် Medical check up ပြုလုပ်သင့်ခြင်းဖြစ်သည်။ အသည်းရောင်စီပိုးသည် တစ်ခါတစ်ရံ လက္ခဏာမပြတတ်ပါ။ ဆယ်စုနှစ်ချီကြာပြီးမှ အသည်းပျက်စီးသည့်အခါတွင် လက္ခဏာများပေါ်လာမှသာ သိရှိရတတ်ပါသည်။
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီး၏ သုနေသနအရ စီပိုးကြောင့် အသည်းရောင်ခြင်းမှာ အာရှတွင် အဖြစ်များကြောင်း သိရပါသည်။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ
မပြင်းထန်သောဖြစ်ရပ်များတွင် စီပိုးကြောင့်အသည်းရောင်ခြင်းဖြစ်ပါက ပြင်းထန်သည့် ကူးစက်ရောဂါအဖြစ် မဆိုးဝါးခင်အထိ လက္ခဏာများကို တွေ့ရမည်မဟုတ်ပါ။
အစောဆုံးအချိန်များ၌ အဖြစ်များသည် စီပိုးကြောင့်အသည်းရောင်ခြင်းလက္ခဏာများမှာ –
- မောပန်းလွယ်ခြင်း
- ပျို့ခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်း
- ဗိုက်အောင့်ခြင်း
- ဆီအမည်းများသွားခြင်း
- အရေပြားနှင့် မျက်လုံးတို့တွင် အဝါရောင်ပြောင်းခြင်း (အသားဝါ)
- ဖျားခြင်း
- ကြွက်သားနှင့် အဆစ်များ နာကျင်ခြင်း
ထို့နောက် ကူးစက်မှုပြင်းထန်လာပါက အောက်ပါတို့ဖြစ်လာနိုင်၏။
- အလွယ်တကူ သွေးထွက်လွယ်ခြင်း၊ အညိုအမည်းစွဲလွယ်ခြင်း
- အရေပြားယားခြင်း
- ဗိုက်အတွင်း၌ အရည်များစုခြင်း (ရေဖျဉ်း)
- ခြေထောက်များ ဖောရောင်ခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်းနှင့် ပလုံးပထွေးပြောခြင်း
- အရေပြားတွင် ပင့်ကူလိုသွေးကြောများ ပေါ်ခြင်း (Spider Angioma)
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ။
စီပိုးကြောင့်အသည်းရောင်ခြင်း၏ အဓိကအကြောင်းရင်းမှာ အသည်းရောင်စီဗိုင်းရပ်စ် (HCV) ကြောင့်ဖြစ်သည်။ ကူးစက်ခံထားရသူ၏ သွေးနှင့် ထိတွေ့မိလျှင် သို့မဟုတ် အပတ်ပေါင်းများစွာကြာပြီးဖြစ်သော ကူးစက်ခံရသူ၏ သွေးခြောက်များနှင့် ထိတွေ့မိလျှင် အနည်းမျှဆိုလျှင်တောင်မှပင် ကူးစက်ခံရနိုင်သည်။ တခြားသော ကိုယ်တွင်းအရည်များတွင် ဗိုင်းရပ်စ်ပါသည်ဆိုသော်လည်း သွေးတွင် ဗိုင်းရပ်စ်ပိုးအများဆုံးရှိနေသောကြောင့် သွေးသည် အသည်းရောင်စီပိုးကူးရသည့် အဓိကအကြောင်းရင် ဖြစ်ပါသည်။
အသည်းရောင်စီပိုးကူးစက်နိုင်သည့် တခြားသောနည်းလမ်းများမှာ ဆေးနှင့်ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ အထူးသဖြင့် လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများရှိနေလျှင်၊ သို့မဟုတ် ပါတနာများစွာဖြင့် လိင်ဆက်ဆံခြင်းတို့ ဖြစ်ပါသည်။ စီပိုးရှိသူနှင့် ဆေးထိုးအပ်များ မျှဝေသုံးစွဲမိလျှင် သို့မဟုတ် သင်၌ ခုခံအားကျဆင်းမှု ကူးစက်ရောဂါအခံရှိနေလျှင် စီပိုးကူးစက်နိုင်ပါသည်။ စီပိုးရှိသော အမျိုးသမီးမှ ကလေးဆီသို့လည်း ကူးစက်နိုင်၏။ စီပိုးသည် အစာ၊ ရေ သို့မဟုတ် သာမာန်ထိတွေ့မှုများဖြင့် မကူးစက်နိုင်ပါ။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
စီပိုးကြောင့်အသည်းရောင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- ပိုးရှိသူနှင့် မကြာခဏ ထိတွေ့နေရလျှင် ဥပမာ ကျန်းမာရေးဝန်ထမ်းများ၊ လူနာကို အဓိကပြုစုရသူများ
- မူးယစ်ဆေးများသုံးနေလျှင် သို့မဟုတ် HIV ရှိနေလျှင်
- တခြားသူထိုးပြီးသားအပ်နှင့် တက်တူးထိုးဖူးလျှင် သို့မဟုတ် မသန့်ရှင်းသည့်နေရာတွင် တက်တူးထိုးဖူးလျှင်
- အချိန်တစ်ခုကြာသည်အထိ သွေးလဲခြင်း ပြုလုပ်ခဲ့ဖူးလျှင်
- ယခင် ၁၉၉၂ မတိုင်မှီက ဆေးပညာနည်းလမ်းဟောင်းများ ဖြစ်သော သွေးသွင်းခြင်း၊ သို့မဟုတ် အင်္ဂါအစားထိုခြင်း သို့မဟုတ် ၁၉၈၇ မတိုင်ခင်က သွေးခဲပစ္စည်းများ သွင်းဖူးထားသူဆိုလျှင်
- ၁၉၄၅ နှင့် ၁၉၆၅ ကြား မွေးဖွားခဲ့သူဆိုပါက စီးပိုးရှိနိုင်ချေ အမြင့်ဆုံးဖြစ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဗိုင်းရပ်စ်နှင့် ထိတွေနိုင်ချေမြင့်ကြောင်း သင့်ကိုသံသယရှိပါက ဆရာဝန်မှ စစ်ဆေးမှုတစ်ချို့ကို ပြုလုပ်ပါလိမ့်မည်။ ထိုမှ အသည်းပျက်စီးခြင်းကို လျော့ချနိုင်မည့် နည်းလမ်းများ လူနေမှုပုံစံပြောင်းခြင်းများကို ဆရာဝန်မှ လမ်းညွှန်နိုင်မည်ဖြစ်သည်။ လက်တွေ့တွင်တော့ စီပိုးသည် အသည်းကိုအတော်လေးဖျက်စီးပြီးမှသာ လက္ခဏာပေါ်လာသောကြောင့် ထိုသို့လုပ်ခြင်းကသာ အကောင်းဆုံးပင်ဖြစ်သည်။
စီပိုးအတွက် စမ်းသပ်နိုင်သည့် သွေးစစ်ဆေးမှုများမှ စီပိုးရှိမရှိသိနိုင်ခြင်း၊ သွေးတွင်း၌ စီပိုးပမာဏကို သိနိုင်ခြင်း၊ ကုသမှုကိုဆုံးဖြတ်ပေးနိုင်မည့် ဗိုင်းရပ်စ်ဗီဇစစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။
အသည်းပျက်စီးမှုပမာဏတကိုသိနိုင်ရန်အတွက် အသည်းစနမူနာရန် လိုအပ်နိုင်ပါသည်။ အသည်းတစ်ရှူးစတစ်ခုအား ဓါတ်ခွဲစမ်းသပ်ရန် ယူပါလိမ့်မည်။ ထိုအသည်းစနမူနာမှ ရောဂါ၏အတိမ်အနက် ကုသမှုပုံစံတို့ကို ဆုံးဖြတ်ရာတွင် အထောက်အကူရမည်ဖြစ်သည်။
Hepatitis C (စီပိုးကြောင့်အသည်းရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
ခန္ဓါကိုယ်တွင်း၌ ဗိုင်းရပ်စ်ပိုးပွားလာခြင်းအား ဆေးများပေါင်းစပ်ပြီးပေးခြင်းဖြင့် ထိန်းနိုင်ပါသည်။ ထိုသို့ဖြင့် အသည်းရောင်ခြင်းကို ထိထိရောက်ရောက် ကုသနိုင်သော်လည်း လပေါင်းများစွာကြာမည်ဖြစ်သည်။ သောက်သုံးနိုင်မည့် အဓိကဆေးနှစ်မျိုးမှာ pegylated interferon နှင့် ribavirin ဖြစ်ပြီး simeprevir, sofosbuvir နှင့် daclatasvir တို့ပါဝင်ရမည်ဖြစ်သည်။ ထိုနောက်ဆုံးပေါ်ဆေးများနှင့် ကုသရာမှ အရှင်းပျောက်ကင်းနှုန်းသည် ၉၀% ကျော်သည်ဟု ဆိုသည်။ လက်တွေ့တွင် နောက်တစ်ဖန်မကူးစက်ရန်အတွက် သင်လိုက်နာရမည်များ ရှိနေပါသည်။
အသည်းအစားထိုးခြင်းအား အသည်းပျက်စီးမှုပြင်းထန်လျှင် စဉ်းစားရန်လိုပါလိမ့်မည်။ အသည်းအစားထိုးစဉ် ပျက်စီူနေသောအသည်းကိုဖယ်ကာ ကျန်းမာသော အသည်းနှင့် အစားထိုးမည်ဖြစ်သည်။ သို့သော်လည်း ထိုသို့လုပ်ရုံဖြင့် အရှင်းပျောက်သွားမည်မဟုတ်ပါ။ အစားထိုးပြီးနောက်တွင်လည်း ဗိုင်းရပ်စ်သတ်ဆေးများကို ဆက်သောက်နေရဦးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စီပိုးသည် အသည်းအသစ်တွင်လည်း ပြန်ကူးစက်တတ်သောကြောင့်ဖြစ်ပါသည်။
စီးပိုးကို ကာကွယ်ဆေးထိုးပြီး မကုသနိုင်ပါ။ သို့သော်လည်း အေပိုးနှင့် ဘီပိုးများအတွက်တော့ ကာကွယ်ဆေးရှိ၏။ ထိုဗိုင်းရပ်စ်များသည့် မျိုးကွဲသော ဗိုင်းရပ်စ်များပြီး အသည်းကိုပျက်စီးစေတတ်ပြီး စီပိုးကုသရာတွင်လည်း ရှုပ်ထွေးသွားစေနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စီပိုးကြောင့်အသည်းရောင်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် စီပိုးကြောင့်အသည်းရောင်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
- အရက်ဖြတ်ပါ
- အသည်းထိစေမည့် ဆေးများကို ရှောင်ပါ
- အနာများရှိလျှင် သင့်သွေးနှင့်တခြားသူများ မထိတွေ့မိစေရန် ဖုံးအုပ်ထားခြင်းဖြင့် ကူညီပါ။ သို့မဟုတ် မုတ်ဆိတ်ရိတ်ဓါး၊ သွားတိုက်တံတို့ကို မျှဝေမသုံးပါနှင့်။
- သွေး၊ ကိုယ်အင်္ဂါ သို့မဟုတ် သုက် မလှူပါနှင့်။ သင့်၌ ပိုးရှိနေကြောင်း ကျန်းမာရေးလုပ်သားများကို ပြောပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။