backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ

အသည်းကင်ဆာဖြစ်ပြီးနောက် နေထိုင်မှုပုံစံပြောင်းလဲမှုများ

ကင်ဆာဖြစ်ပြီးနောက် လူနာများသည် စိတ်ဓါတ်ကျမှု ခံစားရသည်။ လူအများစုသည် ကင်ဆာပြန်ဖြစ်မည်ကိုစိုးရိမ် ရင်းနေထိုင်ကြရသည်။ လူနာများ၏ တစ်ဝက်မှ သုံးပုံနှစ်ပုံသည် ခွဲစိတ်ပြီး ၅ နှစ်အကြာတွင် ကင်ဆာပြန်ဖြစ်ခြင်း၊ ပထမကင်ဆာမှ ပျံ့ပွားခြင်းသို့မဟုတ် လက်ကျန်ကင်ဆာမှ အ သည်းကင်ဆာအသစ် ဖြစ်ပွားခြင်းစသည်တို့ ကြုံတွေ့ရ သည်။ မေးလိုသည်မှာလူနာများသည် ကင်ဆာဖြစ်ပြီးနောက် ပိုကောင်းမွန်သောဘဝရရန် စိတ်ဓါတ်ကိုဘယ်လိုမြင့်တင် ရမလဲပင်ဖြစ်သည်။

၁။ မောပန်းနွမ်းနယ်မှုကိုရင်ဆိုင်ပါ။

ကင်ဆာလူနာများသည် အလွန်အမင်းမောပန်းခြင်းကိုခံစားရသည်။ ပုံမှန် မောပန်းခြင်းမျိုးမဟုတ်ဘဲအနားယူခြင်း ဖြင့် မသက်သာနိုင်သောစိတ်ရောကိုယ်ပါ မောပန်းခြင်း ဖြစ် သည်။ ကုသမှုအပြီးအချိန်ကြာစွာ ဖြစ်ပေါ်ပြီးနေ့စဉ် လှုပ်ရှားမှုများမလုပ်နိုင်အောင် တားဆီးပါသည်။ သို့သော်လည်းလေ့ ကျင့်ခန်းလုပ်ခြင်းဖြင့် ထိုအခြေအနေကိုတိုးတက်ကောင်းမွန် အောင် လုပ်နိုင်သည်။ သက်သေအနေဖြင့် လိုအပ်ချက်များ နှင့် ဆက်နွယ်သောလေ့ကျင့်ခန်းအစီအစဉ်များလုပ်သောလူများသည် ပိုကောင်းသောရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအခြေအနေများကိုရကြသည်။

အရေးကြီးသောအချက်မှာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှု အားလုံးသည် သင်၏ ကျန်းမာရေးအခြေအနေနှင့် သင့်လျော်ရန် လိုသည်။ အရင်ကလေ့ကျင့်ခန်းမလုပ်ဖူးပါကအခြားလူများပုံမှန်လုပ်နိုင်သောလေ့ကျင့်ခန်းပမာဏလောက် သင်လုပ်နိုင်မည် မဟုတ်ပါ။ ထိုအခါ သင့်ခန္ဓါကိုယ် နှင့် သိကျွမ်းအောင် ဖြည်းဖြည်းချင်းစတင်သင့်သည်။ လမ်းတိုလျှောက်ခြင်းစသည်တို့ စလုပ်သင့်သည်။ ထို့အပြင် ရောဂါ ဖြစ်ဖူးသူများ၊ ဆရာဝန်များထံမှ အကြံညဏ်များရယူ ခြင်းသည်လည်းအလွန်ကောင်းသည်။ မိသားစုဝင်များနှင့် သူငယ်ချင်းများကလည်းရှေ့ဆက်ရန် တွန်းအားပေးရမည်။

၂။ ပုံမှန်ဘဝကို ပြန်ရအောင်လုပ်ပါ။

အသည်းကင်ဆာကုသမှု ကာလပြီးပါကအချို့လူများအတွက် ပုံမှန်ဘဝကို ပြန်ရရန် မလွယ်ကူနိုင်ပါ။ စိတ်ခံစားမှု၊ ခန္ဓါကိုယ်ပုံရိပ်၊ မောပန်းနွမ်းနယ်ခြင်း၊ နေထိုင်မှုပုံစံစသည်တို့နှင့် ပတ်သက်သောမေးခွန်းပေါင်းများစွာသည် သင့်အားဝန်းရံနေပေမည်။ ထိုအခြေအနေတွင် သင့်မိသားစု၊ သင့်သူငယ်ချင်းများနှင့် ဆရာဝန်များသည် အကူအညီပေးပါလိမ့်မည်။

အသည်းကင်ဆာ၏ နောက်ဆက်တွဲအဖြစ် မောပန်းခြင်း၊ အမှန်တကယ် မောပန်းခြင်း ဖြစ်စေသည်။ ထို့ကြောင့် လှုပ်ရှားမှု နှင့် အနားယူခြင်းသည် မျှခြေတွင် ရှိရန် လိုအပ် သည်။ ပင်ပင်ပန်းပန်းလုပ်ရသောအချို့လူများ၊ အိမ်မူကိစ္စ များလုပ်ရန် တာဝန်ရှိသူများသည် အနားယူရန် ခက်ခဲပါသည်။ သို့သော် ခန္ဓါကိုယ်မှ လိုအပ်ချိန်တွင် အနားယူခြင်းသည် အလွန်ကြိုးစားနေခြင်းထက် ပိုကောင်းပါသည်။ ကင်ဆာ ဖြစ်ပြီးသောလူနာတစ်ယောက်သည် ရုပ်ပိုင်းဆိုင် ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းရန် အကောင်းဆုံးနည်းမှာလေ့ကျင့်ခန်းလုပ်ရန် ဖြစ်သည်ကိုစိတ်ထဲတွင် မှတ်ထားပါ။

၃။ ပိုကျန်းမာစေသောအစာများကိုရွေးချယ်ပါ။

လူအများစုသည် မှန်ကန်စွာစားသုံးရန် အခက်အခဲတွေ့ ပါသည်။ ကင်ဆာကုသမှုပြီးနောက်တွင် ပို၍ ခက်ခဲပါသည်။ လူနာအများစုသည် ကုသမှုကာလကြောင့် အရသာခံစားမှု များသိသာစွာပြောင်းလဲသွားသည်ဟုပြောကြသည်။ အစာစားချင်စိတ် မရှိခြင်း၊ ထိန်းမရဘဲကိုယ်အလေးချိန်ကျခြင်း၊ တစ်ခါတစ်ရံကိုယ်အလေးချိန်တက်ခြင်းတို့ဖြစ်နိုင်သည်။ ရလဒ် အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးမှု အလေ့အကျင့် အစပျိုးခြင်းသည် သင်လုပ်နိုင်သောအကောင်းဆုံးအရာဖြစ်သည်။ ၎င်းမှရရှိမည်ဖြစ်သောအကျိုးဆက်သည် သင့်အားအံ့သြစေနိုင်သည်။

ပို၍ ကျန်းမာစေသောအစာများမှာဗီတာမင် စီ၊ ဗီတာမင် အီး၊ carptenoids နှင့် အပင်မှရသောဓါတုပစ္စည်းများပါသောအစာများဖြစ်သည်။ ထို့အပြင် အဆီပမာဏနည်းသောအစာများသည် အသက်ရှင်နိုင်မှုကို မြင့်စေပြီးရောဂါ ပြန်ဖြစ်မှု၊ ပြန့်ပွားမှုကိုနည်းစေသည်။

၅။ ဆေးပြင်းလိပ်နှင့် အရက်သောက်ခြင်းကိုစွန့်လွှတ်ပါ။

အသည်းကင်ဆာဖြစ်ပြီးနောက် သင်လုပ်သောအကောင်းဆုံးအရာထဲမှ တစ်ခုမှာဆေးလိပ်သောက်ခြင်းကိုစွန့်လွှတ်ပြီးအရက်ဖြတ်ရန်ဖြစ်သည်။ ၎င်းတို့သည် အလွန် ရိုးရှင်းသောပြောင်းလဲမှုများ ဖြစ်ပုံပေါ်သော်လည်းသင်၏ လက်ကျန် ဘဝတစ်လျှောက် ခန္ဓါကိုယ်အပေါ် များစွာအကျိုးသက်ရောက်မှု ရှိသည်။ ထိုရွေးချယ်မှုများသည် အသည်းကင်ဆာလူနာများကိုရောဂါ ပြန်ဖြစ်မှု၊ ပျံ့ပွားမှု မှ တားဆီးပေးရုံသာမကအဆုတ်ကင်ဆာကိုကာကွယ်ခြင်းစသောအခြားကျန်းမာရေးအကျိုးများပါ ရရှိစေသည်။

ထိုထိန်းချုပ်မှု နည်းလမ်းများသည် သင်လိုက်နာမှသာအလုပ်ဖြစ်မည် ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သင် နှင့် မသင့်တော်ဟုထင်ပါကဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ပါ။ ထို့အပြင် မိသားစုနှင့် သူငယ်ချင်းများထံမှ အကူညီတောင်းခြင်း နှင့် ပို၍ ကျန်းမာစေသောအလေ့အကျင့်များရှိ ခြင်းသည် သင့်အားကင်ဆာဖြစ်ပြီးနောက် ပြန်ကောင်းစေရန် အရေးကြီးပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Translated by ZinWai Yan Linn

Hello Health Group does not provide medical advice, diagnosis or treatment.

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement