သားအိမ်ကင်ဆာတစ်ဖန်ပြန်ဖြစ်ခြင်း နှင့်ပတ်သက်ပြီး ဘာတွေသိသင့်သလဲ

    သားအိမ်ကင်ဆာတစ်ဖန်ပြန်ဖြစ်ခြင်း နှင့်ပတ်သက်ပြီး ဘာတွေသိသင့်သလဲ

    သားအိမ်ခေါင်းကင်ဆာကုသပြီးသွားတဲ့အမျိုးသမီးတွေရဲ့၃၀ရာခိုင်နှုန်းကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်ကုသပြီး၂ နှစ်အတွင်းပြန်ဖြစ်ပါတယ်။ ဒါကြောင့်သင်ကအခုသားအိမ်ခေါင်းကင်ဆာကုသမှုပြီးသွားလို့အနားယူနေတဲ့သူဆိုရင်သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်ခြင်းကိုသိထားဖို့နောက်မကျပါဘူး။

    Recurrence (ပြန်ဖြစ်ခြင်း) ဆိုတာဘာလဲ ?

    သင့်သားအိမ်ခေါင်းကင်ဆာကကုသပျောက်ကင်းပြီးမှထပ်ဖြစ်တာကို Recurrence လို့ခေါ်ပါတယ်။ ဒီလိုပြန်ဖြစ်တဲ့ကင်ဆာကတစ်နေရာတည်းမှာဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ပထမစဖြစ်ခဲ့တဲ့ နေရာတစ်ဝိုက်မှာဖြစ်နိုင်ပါတယ်။ Regional recurrence လို့ခေါ်တဲ့ နေရာဟောင်းနားမှာပြန်ဖြစ်ခြင်း၊Distant recurrence လို့ခေါ်တဲ့ သွေးကြောကတစ်ဆင့်အဆုတ်တွေအရိုးတွေဆီကိုကင်ဆာပြန့်သွားခြင်းတွေဖြစ်နိုင်ပါတယ်။

    သင့်သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်နေမှန်းသင်ဘယ်လိုသိမလဲ ?

    သင်ကသင့်ရဲ့ကိုယ်မှာတစ်ခုခုမှားယွင်းနေလားဆိုတာသိနိုင်မယ့်တစ်ဦးတည်းသောသူပါ။ ကင်ဆာကုသပြီးလို့ ရောဂါလက္ခဏာတချို့ပြတာပုံမှန်ဆိုပေမယ့်အဲဒီလက္ခဏာတွေသုံးပတ်ထက်ကြာနေရင်တော့ပြသနာရှိလာနိုင်ပါတယ်။ သင့်အခြေအနေကိုသေချာသိစေဖို့ကင်ဆာပြန်ဖြစ်ရင်ဘာလက္ခဏာတွေပေါ်လဲသင်သိထားသင့်ပါတယ်။

    သားအိမ်ခေါင်းကင်ဆာပြန်ဖြစ်တဲ့အမျိုးသမီးတွေမှာမိန်းမကိုယ်သွေးယိုခြင်း၊ သွေးဆင်းခြင်း၊တင်ပါးဆုံတစ်ဝိုက်ရင်ဘတ် ကျောနဲ့ ခြေထောက်တို့နာခြင်း၊တင်ပါးနဲ့ပေါင်နာခြင်း၊ ခြေတစ်ဖက်ရောင်ခြင်း၊အအေးမိဖျားနာခြင်းနဲ့မသက်ဆိုင်ဘဲနာတာရှည်ချောင်းဆိုးခြင်း၊ရုတ်တရက်ရှင်းမပြနိုင်စရာကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်တတ်ပါတယ်။ တကယ်တော့သားအိမ်ခေါင်းကင်ဆာကမိန်းမကိုယ်၊တင်ပါးဆုံ၊ lymph nodes၊အဆုတ်ဒါမှမဟုတ်အသည်းမှာထပ်ဖြစ်နိုင်ပါတယ်။

    ကင်ဆာပြန်ဖြစ်စေနိုင်သောအရာများ

    ခွဲစိတ်မှုပြီးမှပြန်ဖြစ်ခြင်း

    Hysterectomy ခွဲစိတ်မှုကသားအိမ်ခေါင်းကင်ဆာကိုကုသဖို့ကောင်းတဲ့နည်းပါ။ ဒါပေမယ့်ကင်ဆာဆဲလ်တွေကိုဖြတ်ထုတ်ရာမှာတစ်ရှူးထောင့်လေးတွေမှာကင်ဆာဆဲလ်လေးတွေကျန်နေနိုင်ပါတယ်။ ဒါကြောင့်အဲဒီဆဲလ်တွေကကြီးထွားလာပြီးပြသနာဖြစ်လာနိုင်ပါတယ်။

    ဓါတ်ကင်ပြီးမှပြန်ဖြစ်ခြင်း

    တချို့အခြေအနေတွေမှာသင့်အနေနဲ့သက်ရောက်တဲ့နေရာတွေကိုကုသဖို့ဓါတ်ကင်ခြင်းနည်းရွေးလိုက်ပေမယ့်ပြန်ဖြစ်လာနိုင်ပါတယ်။ ဒါကဓါတ်ရောင်ခြည်ကိုခံနိုင်လောက်တဲ့ထိသန်မာတဲ့ကင်ဆာဆဲလ်ကြောင့်ဒါမှမဟုတ်တင်ပါးဆုံအပြင်ဘက်ဓါတ်ရောင်ခြည်မသက်ရောက်နိုင်တဲ့ နေရာကိုပြန့်ပြီးနေခြင်းစတဲ့အခြေအနေတွေမှာပြန်ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲတင်ပါးဆုံအပြင်ဘက်ကကင်ဆာသက်ရောက်တဲ့ သေးငယ်တဲ့နေရာတွေကိုစမ်းသပ်စစ်ဆေးမှုတွေနဲ့မသိနိုင်ပါဘူး။

    တင်ပါးဆုံအပြင်ဘက်မှာပြန်ဖြစ်ခြင်း

    သားအိမ်ခေါင်းကင်ဆာကနီးစပ်ရာအင်္ဂါတွေအရိုးတွေကိုပြန့်သွားတာနဲ့ကုသမှုကအားလျော့လာပါပြီ။ ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေပြန့်ခြင်းကသားအိမ်ခေါင်းကင်ဆာပြန်ဖြစ်နိုင်ပါတယ်။ ဒါကိုကုသဖို့နည်းမရှိသေးပါဘူး။ လူနာအနေနဲ့သူတို့ကြာကြာအသက်ရှင်နိုင်ဖို့နဲ့ ရောဂါလက္ခဏာတွေသက်သာစေဖို့ဥပမာနာကျင်မှုနဲ့သွေးထွက်မှုအတွက်ဓါတုဆေးဝါးတွေသုံးနိုင်ပါတယ်။ သက်ရောက်တဲ့နေရာတွေကိုဓါတ်ကင်ခြင်းကိုလည်း ရွေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Kyaw Thura Htun မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။