backup og meta

ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ဖွင့်ပါပြာရန် အကြံပြုချက် ၈မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ဖွင့်ပါပြာရန် အကြံပြုချက် ၈မျိုး

    ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိပြီးနောက် သင့်ခင်ပွန်းသည်(သို့) ဘဝလက်တွဲဖော်ကို ပြောပြရန် အကြံပြုချက် ၈မျိုး

    ရင်သားကင်ဆာသည် သင့်ဘဝကိုခြိမ်းခြောက်ရုံသာမက သင့်ကိုစောင့်ရှောက်သူ အထူးသဖြင့် ခင်ပွန်းသည်ပေါ်တွင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်စေပါသည်။ အကယ်၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့် ဤရောဂါကို ကိုယ်ဝန်ဆောင်စဉ်သိရှိပါက သင်နှင့် သင့်ဘဝလက်တွဲဖော်တွင် ရောဂါကို အတူတကွ ဘယ်လိုအနိုင်ယူမလဲဆိုသည့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုရှိရမည်။

    ကိုယ်ဝန်ဆောင်စဉ်ဖြစ်သည့် ရင်သားကင်ဆာကို သင့်လက်တွဲဖော်နှင့် ကိုင်တွယ်ရန် အောက်ပါအကြံပြုချက် ၈မျိုးက ကူညီပေးနိုင်ပါသည်။

    ၁။ ဖြစ်နိုင်လျှင် လက်တွဲဖော်ကို သင်နှင့် အတူ ဆေးပညာတွေ့ဆုံမှုတွင် လာနိုင်အောင် တောင်းဆိုပါ။

    သို့မှသာ သင့်ခင်ပွန်းသည် ရောဂါအကြောင်းနားလည်ရန် အခွင့်အရေးရနိုင်မည်ဖြစ်သည်။ ဆက်လက်ပြီး ကုသမှုနည်းလမ်းများနှင့် သင်ခံစားရမည့်ဆိုးကျိုးများကိုသိရှိကာ ကောင်းကောင်းပြင်ဆင်နိုင်မည်။

    ထို့ပြင် ကျန်းမာရေးစောင့်ရှောက်သူက ဘာပြောသည်ကို ထပ်၍ရှင်းပြစရာ မလိုသည့်အပြင် သူတို့သောကကို ဆရာဝန်ထံတိုက်ရိုက်မေးမြန်းနိုင်ပါသည်။

    ၂။ လိင်ကိစ္စတွင် အပြောင်းအလဲများကို ပြင်ဆင်ခြင်သည်လည်း သင့်လက်တွဲဖော်နှင့် ဆွေးနွေးသင့်သည့် အကြောင်းအရာများထဲက တစ်ခုဖြစ်သည်။

    ကင်ဆာကိုကုသရန် အလို့ဌာ သင်သည် ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်းနှင့် အခြားကုသမှုများကို တွေ့ကြုံရမည်။ ဤကုသမှုများသည် သင့်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကို များစွာထိခိုက်နိုင်ပါသည်။

    သင့်လိင်စိတ်သည် ဟော်မုန်းအပြောင်းအလဲများကြောင့် နည်းသွားပါသည်။ ထို့ကြောင့် သင့်လက်တွဲဖော်နှင့် ဤပြောင်းလဲမှုများအကြောင်းကို အရိုးသားဆုံးနှင့် အပွင့်လင်းဆုံးပြောကာ ကုသမှုခံယူစဉ် တစ်လျှောက် နားလည်ပေးရန် တောင်းဆိုပါ။

    ၃။ သင့်ခင်ပွန်းမှ ရင်သားကင်ဆာကို လက်သင့်ခံနိုင်ရန် ခက်ခဲနေပါက ကျွမ်းကျင်သူ၏ အကူအညီကိုရှာ၍ အခက်အခဲများကို ဖြေရှင်းနိုင်ပါသည်။

    ၄။ ကင်ဆာရောဂါကို ရင်ဆိုင်ခြင်းသည် စိန်ခေါ်မှုတစ်ခုပင်ဖြစ်ပြီး လူတစ်ဦးနှင့် တစ်ဦးကုသပုံနည်းလမ်းမတူပါ။

    သင်မှ အကောင်းမြင်နိုင်သော်လည်း သင့်ဘဝလက်တွဲဖော်တွင် ဆန့်ကျင်ဘက်ခံစားချက်များရှိနိုင်သည်။ ဥပမာ သင်မှ သုတေသနများစွာ ပိုလုပ်ချင်သည့် အချိန်တွင် လက်တွဲဖော်မှ ဆရာဝန်၏ကုသမှုအတိုင်း လုပ်ရန်တွန်းအားပေးနိုင်သည်။

    သင်တို့နှစ်ယောက်ကြားမှ ကွဲပြားမှုကို ဖြေရှင်းရန် သင့်ခင်ပွန်းနှင့် အတူသင့် အတွေးကို မျှဝေသင့်သည်။

    ၅။ ကလေးငယ်၏ ကျန်းမာရေးအတွက် သင့်ခင်ပွန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။

    အကြောင်းမှာ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိလျှင် ကလေး၏ဖွံဖြိုးမှုကို ထိခိုက်စေနိုင်သည့် အထောက်အထားမရှိသဖြင့်ဖြစ်သည်။ သင်မှ သင့်အဖော်ကို နောက်ပိုင်းတွင် ကလေးတွင် ရင်သားကင်ဆာဖြစ်နှုန်း အနည်းငယ်ရှိသည်ကို ပြောပြသင့်သည်။

    ၆။ သင်ဘာလိုချင်သည်ဆိုသည်ကို ခင်ပွန်းကို အတိအကျပြောသင့်သည်။

    ရင်သားကင်ဆာကို အနိုင်ယူရာတွင် အလွန်ပင်ပန်းသောကြောင့် နေ့စဉ်ကိစ္စများဖြစ်သည့် ထမင်းချက်ခြင်း၊ အခြားကလေးများစောင့်ရှောက်ခြင်း တို့တွင် သင့်အဖော်၏ အကူအည်ီလိုနိုင်သည်။

    ၇။ သင့်ခင်ပွန်း၏ ခံစားချက်နှင့် လိုအပ်ချက်ကိုလည်းမေးမြန်းပါ။

    ရင်သားကင်ဆာဟု သိရှိခြင်းသည် သင့်အတွက်အတွေ့အကြုံဆိုးသာမက သင့်အဖော်တွင်လည်း မကောင်းသော သက်ရောက်မှု ဖြစ်စေပါသည်။ သင့်အဖော်၏လိုအပ်ချက်ကို မေးမြန်းပြီး သူတို့လုပ်ချင်တာကို လုပ်ဖို့အားပေးခြင်းသည် ပို၍ကောင်းပါသည်။

    သူတို့ကို မကောင်းသော စိတ်ခံစားမှုများ ဝေးအောင် မိတ်ဆွေများတွေ့ဆုံပွဲ၊ လေ့ကျင့်ခန်းပြုလုပ်ခြင်၊ အပန်းဖြေခရီးသွားခြင်းတို့ ပြုလုပ်ရန် အားပေးပါ။

    ၈။ ကင်ဆာအကြောင်းကြားသိရန် အလွန်ပင်စိတ်သောကရောက်ရပါသည်။

    သို့သော်သင့်အဖော်သည်လည်း တစ်ချိန်တည်းမှာပင် ဤရောဂါနှင့် ပတ်သက်၍ ခံစားရမည်ဖြစ်သည်။ ကုသမှုခံယူသည့်အပြင် သင်နှင့် သင့်ခင်ပွန်း၏ အကြိုက်ဆုံးလှုပ်ရှားမှုများကို ကြိုးစာပြီးပြုလုပ်ခြင်းသည် နှစ်ဦးစလုံးကို စိတ်အားတက်စေမည်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာဟုသိရှိခြင်းသည် အမေနှင့် ဖခင်ဖြစ်သူနှစ်ယောက်လုံးအတွက် အလွန်ပင်စိတ်ပင်ပန်းစေပါသည်။ သင့်ခံစားချက်များကို ပွင့်လင်းစွာပြောပြပြီး လက်တွဲဖော်၏ သောကများကို မျှဝေခြင်းက ဤရောဂါကို အတူရင်ဆိုင်ရန် ကူညီပေးမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

    အကယ်၍ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိသည့် သောကများကို နှစ်ဦးလုံးဆရာဝန်နှင့် တိုင်ပင်ကာ အကြံဉာဏ် ရယူသင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement