အရက်သေစာသောက်သုံးမှုနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လုပ်ဆောင်ခဲ့တဲ့ များစွာသောလေ့လာမှုတွေမှာ အရက်သေစာသောက်သုံးမှုနဲ့ ကင်ဆာရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေတို့ကြားက ဆက်စပ်မှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သာရေးနာရေးအခမ်းအနားတွေ၊ ပွဲတွေမှာစားသောက်ပွဲတိုင်း အရက်က အဖျော်ယမကာကောင်းတစ်ခုအဖြစ်နဲ့ ကျွန်တော်တို့ ကမ္ဘာမှာ အရေးပါတဲ့နေရာက ပါဝင်နေတာကြာင့် အရက်သောက်သုံးခြင်းဟာ ကြောက်မက်ဖွယ်ရာအန္တရာယ်ရှိနေတယ်ဆိုတာကို အများစုကမတွေးမိကြပါဘူး။ အရက်က ပမာဏနည်းနည်းလေးပဲသောက်သုံးမိရင်တောင် ကင်ဆာရောဂါခံစားရစေနိုင်တယ်ဆိုတာကို နည်းနည်းဖြစ်ဖြစ်တော့ သူတို့အနေနဲ့သိထားသင့်ပါတယ်။

၁. အရက်သေစာသောက်သုံးမှုကကင်ဆာရောဂါခံစားရနိုင်ခြေဘာကြောင့်ပိုတိုးစေတာလဲ။

Acetaldehyde ဟာ အရက်ရဲ့ခန္ဓါကိုယ်တွင်းဇီဝဓါတ်ပြုမှုကနေ ထွက်ပေါ်လာတဲ့အရာတစ်ခု ဖြစ်ပါတယ်။ သည်Acetaldehydeဟာ အရက်ကိုယ်တိုင်ထက်ပိုပြီး အဆိပ်အတောက်ဖြစ်စေရုံသာမက ခန္ဓါကိုယ်ကဒီအင်န်အေနဲ့ပရိုတင်းတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ လူတွေမှာကင်ဆာရောဂါခံစားရစေနိုင်တဲ့အရာတစ်ခုလို့လည်း သိထားကြပါတယ်။ အရက်ဟာအောက်ဆီဂျင်နဲ့ဖွဲ့စည်းထားတဲ့ မော်လီကျူးတွေကို ဓါတ်တိုးမှုတွေဖြစ်စေနိုင်ပါတယ်။ ဖြစ်ပေါ်လာတဲ့ရလဒ်ကတော့ ဒီအင်န်အေကိုပျက်စီးစေပြီး ပရိုတင်းနဲ့ခန္ဓါကိုယ်တွင်းကအဆီတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အရက်ဟာ ဗီတာမင်နဲ့သတ္တုဓါတ်တွေလိုမျိုး ခန္ဓါကိုယ်အတွက်အရေးပါတဲ့ အာဟာရဓါတ်တွေကို ချေဖျက်တဲ့လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပါသေးတယ်။ အမျိုးသမီးတွေမှာတော့ အရက်ကအီစထရိုဂျင်တွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

၂. အရက်ရောဆေးလိပ်ပါသောက်သုံးပါကဘယ်လိုဖြစ်နိုင်သလဲ။

အရက်နဲ့ ဆေးရွက်ကြီးနှစ်ခုစလုံးနဲ့ ထိတွေ့မိမှုက ခံတွင်းနဲ့လည်ချောင်းကင်ဆာဖြစ်နိုင်ခြေတွေကို တိုးစေပါတယ်။ အရက်ရောဆေးလိပ်ပါ သောက်သုံးသူတွေမှာ ခံတွင်းနဲ့လည်ချောင်းကင်ဆာတွေ ခံစားရနိုင်ပါတယ်။ အရက်နဲ့ ဆေးရွက်ကြီးပေါင်းစပ်ထိတွေ့မိတဲ့အနေအထားက ထင်ထားတာထက်ပိုပြီး သေစေနိုင်ပါတယ်။ အရက်နဲ့ဆေးလိပ်ကိုအများအပြားသောက်သုံးတာက ကင်ဆာရောဂါခံစားရနိုင်ခြေကို သိသိသာသာတိုးစေနိုင်ပါတယ်။

၃.အရက်ကြောင့်ကင်ဆာဖြစ်နိုင်ခြေနဲ့မျိုးဗီဇကြားမှာဆက်စပ်မှုရှိနိုင်သလား။

ရှိပါတယ်လို့ပဲ ဆိုချင်ပါတယ်။ မျိုးဗီဇတွေက အရက်ကိုချေဖျက်ဖို့အတွက် လိုအပ်တဲ့အင်ဇိုင်းတွေကို ထာက်ပံ့ပေးပါတယ်။ အချို့သူတွေမှာ acetaldehyde ကိုဖွဲ့စည်းဖြစ်ပေးစေတဲ့ အင်ဇိုင်းတွေရှိနေတတ်ပြီး အချို့သူတွေမှာတော့ acetaldehyde ကို အန္တရာယ်မဖြစ်စေနိုင်တဲ့ အရာတွေအဖြစ်နဲ့ ဖြိုခွင်းပစ်နိုင်တဲ့အင်ဇိုင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ အဆိုပါ အင်ဇိုင်းရှိနေတဲ့သူတွေမှာ အရက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေဖြစ်ပေါ်ခံစားရနိုင်ခြေနည်းပါတယ်။

၄. ဝိုင်အနီက ကင်ဆာအတွက်ကောင်းကျိုးပေးသလား။
ဝိုင်အနီမှာ တိရစ္ဆာန်တွေမှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အရာဝတ္ထုတွေပါဝင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ လေ့လာစမ်းသပ်မှုတွေလုပ်ဆောင်ပြီးတဲ့အချိန်မှာတော့ လူတွေမှာတော့ ဝိုင်နီကနေရတဲ့ ကင်ဆာတိုက်ဖျက်နိုင်စွမ်းက အစွမ်းမပြပါဘူး။ ဝိုင်အနီနဲ့ကင်ဆာရောဂါဖြစ်နိုင်ခြေတို့ကြားက ဆက်စပ်မှုကိုလေ့လာမယ်ဆိုရင် နောက်ထပ် သုတေသနအများအပြားလုပ်ဆောင်ဖို့ လိုအပ်ဦးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်အရက်အမျိုးအစားကိုမဆို အကန့်အသတ်နဲ့သောက်သုံးကြဖို့ အကြံပြုချင်ပါတယ်။

အရက် အလွန်အကျွံသောက်သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို တော်တော်များများကသိရှိပြီးသားဖြစ်ပါတယ်။ အရက်သောက်သုံးမှုက ကင်ဆာဖြစ်စေနိုင်တဲ့ဆိုတဲ့အချက်က ဖြေရှင်းရခက်တဲ့အချက်တစ်ရပ်အနေနဲ့ ဆက်လက်တည်ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒီလိုပြောတာက အရက်ကိုလုံးဝမသောက်ရတော့ဘူးလို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ တစ်နေ့ကို အရက်ကိုတစ်ခွက်၊ နှစ်ခွက်လောက်သောက်သုံးပေးတာက ကျန်းမာရေးကိုဆိုးဆိုးဝါးဝါး မထိခိုက်စေပါဘူး။ တကယ်လို့သင်ဟာအသက်မပြည့်သေးတဲ့သူ၊ ကိုယ်ဝန်ဆောင်မိခင်၊ ဒါမှမဟုတ်အရက်သောက်ရင် ကျန်းမာရေးအန္တရာယ်ရှိလာနိုင်တဲ့ ရောဂါတစ်ရပ်ရပ် (ဥပမာအသည်းရောဂါ) ခံစားရနေတဲ့သူမျိုးဆိုရင်တော့ အရက်နဲ့အရက်ပါတဲ့အဖျော်ယမကာတွေကို မသောက်သုံးခင်မှာ၂ကြိမ်လောက် အသေအချာ ပြန်စဉ်းစားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

    စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

    ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

    ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

    ရေးသားသူ Ye Zon Aung

    ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

    ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung

    သင့်အတွက် ရွေးချယ်ထားသည်

    sleep-benefits-health ပင်ပန်းလာရင် အိပ်

    ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
    Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

    Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
    ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

    ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read