လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၄၈နာရီဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး အောက်ဆီဂျင်လုံလောက်စွာမရရှိတာကြောင့် […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

မွေးကင်းစနှင့် ကလေးငယ်လေးတွေမှာ လေဖြတ်ခြင်းကို ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲ

လေဖြတ်ခြင်းဟာ မွေးကင်းစအပါအဝင် ကလေးငယ်များမှာပါ ဖြစ်ပေါ်နိုင်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့အတွက် မသန်မစွမ်းဘဝကို ရောက်သွားစေနိုင်ပါတယ်။ လေဖြတ်ခြင်းကို ကာကွယ်ဖို့ ခဲယဉ်းပေမယ့် လျင်မြန်စွာသိရှိပြီး အစောတလျင်ကုသပေးခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကလေးငယ်များမှာ ဖြစ်တတ်တဲ့ လေဖြတ်ခြင်းဝေဒနာကို ဘယ်လိုစစ်ဆေးတွေ့ရှိနိုင်မလဲဆိုတာကို ကြည့်ကြရအောင်။ နောက်ကြောင်းရာဇဝင် ရောဂါနောက်ကြောင်းရာဇဝင်ကို ပြန်လှန်စစ်ဆေးခြင်းအားဖြင့် လေဖြတ်ဝေဒနာ ခံစားရနိုင်ချေရှိမရှိကို ဆရာဝန်က ကြိုတင်ခန့်မှန်းကြည့်နိုင်ပါတယ်။ ဆရာဝန်၊သူနာပြုတွေနဲ့ အခြားသော ကျန်းမာရေးဝန်ထမ်းတွေဟာ အောက်ပါမေးခွန်းတွေက မေးပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ထူးထူးခြားခြား ဘာတွေဖြစ်ခဲ့သလဲ။ မိခင်ရဲ့ ရောဂါရာဇဝင် ဘာတွေရှိသလဲ။ မိဘတွေနဲ့ ဆွေမျိုးတွေရဲ့ ရောဂါရာဇဝင်ကရော ဘယ်လိုလဲ။ ကလေးရဲ့ ရောဂါရာဇဝင်မှာ ဘာတွေရှိသလဲ။ ဘယ်လို ရောဂါတွေဖြစ်ဖူးသလဲ။ ကူးစက်ပိုးဝင်တာ ဒါမှမဟုတ် ထိခိုက်ဒါဏ်ရာ ရတာတွေ ဖြစ်ဖူးသလား။ ကလေးရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ကလေးရဲ့ ပုံမှန်အမူအကျင့်တွေက ဘယ်လိုရှိသလဲ။ ဒီအမူအကျင့်တွေကနေ ပြောင်းလဲမှုရှိရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။ ဦးနှောက်အား ပုံရိပ်ဖော်စစ်ဆေးခြင်း […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကလေးလေဖြတ်ခြင်းနှင့် လူကြီးလေဖြတ်ခြင်း ဘာကွာသလဲ

လေဖြတ်လူနာအကြောင်းကို စဉ်းစားတဲ့အခါ သင့်အတွေးထဲရောက်လာမှက သွေးပေါင်တွေမတရားထိုးတက်နေတဲ့ သက်ကြီးရွယ်အိုတယောက်ပဲ ဖြစ်ဖို့များပြီး ကလေးတွေ၊မွေးကင်းစလေးတွေအကြောင်း ယောင်လို့တောင် တွေးမိမယ် မထင်ပါဘူး။ ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာက အသက်အရွယ်မရွေး ဘယ်သူမဆို လေဖြတ်ဝေဒနာ ခံစားရနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။။ ဒါပေမယ့် လူကြီးမှာဖြစ်တဲ့ လေဖြတ်ခြင်းနဲ့ ကလေးမှာဖြစ်တဲ့ လေဖြတ်ခြင်းဟာ မတူညီပါဘူး။ ဒါကြောင့် ဘာတွေကွာခြားသလဲ ကြည့်ကြရအောင်။ အတွေ့ရအများဆုံးသော လေဖြတ်ဝေဒနာအမျိုးအစားများ အရွယ်ရောက်ပြီးသူတွေမှာ လေဖြတ်တဲ့အခါ ရာခိုင်နှုန်းရှစ်ဆယ်လောက်ဟာ သွေးခဲတွေ၊သွေးကြောပိတ်ဆို့မှုတွေကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ဆယ်ရာခိုင်နှုန်းကတော့ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် ဖြစ်ပွားရပါတယ်။ ကလေးတွေမှာတော့ သွေးခဲခြင်းကြောင့် လေဖြတ်ခြင်းနဲ့ ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် လေဖြတ်ခြင်းဟာ ငါးဆယ်၊ငါးဆယ်စီပဲဖြစ်ပါတယ်။ ကလေးတွေဟာ အသက်တနှစ်မပြည့်ခင်မှာ လေဖြတ်ဖို့ အလားအလာ အများဆုံး ရှိပါတယ်။ မိခင်ဝမ်းထဲက ကျွတ်နေစဉ်အချိန်မှာလည်း လေဖြတ်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။၈၀ - […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဆရာဝန်က လေဖြတ်ရောဂါကို ဘယ်လိုစစ်ဆေးတွေ့ရှိသလဲ

လေဖြတ်ရောဂါဟာ အရေးပေါ်ကုသရမယ့် အခြေအနေတခု ဖြစ်ပါတယ်။ ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေအနေနဲ့ သင့်ရောဂါကို ဖော်ထုတ်အဖြေရှာဖို့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ၊မသန်မစွမ်းဖြစ်မှုတွေကို အတတ်နိုင်ဆုံး လျှော့ချဖို့အတွက် သူတို့ဘာတွေလုပ်နိုင်မလဲဆိုတာကို သုံးသပ်ပါလိမ့်မယ်။ လေဖြတ်ဝေဒနာခံစားနေရတယ်လို့ ယူဆရတဲ့ လူနာတဦးကို ဘယ်လိုစစ်ဆေးစမ်းသပ်မှုတွေပြုလုပ်မလဲဆိုတာ ကြည့်ကြရအောင်။ ရောဂါရာဇဝင်မေးမြန်းခြင်း၊စမ်းသပ်ခြင်း ရောဂါလက္ခဏာတွေ ဘယ်အချိန်က စပေါ်လာတာလဲ၊အိမ်မှာရော ဘာတွေလုပ်လာသေးလဲဆိုတာ သင့်ကိုပဲဖြစ်ဖြစ် (သင် သတိလစ်မသွားသေးဘူးဆိုရင်ပေါ့)၊သင့်မိသားစုဝင်တွေကိုပဲဖြစ်ဖြစ် ဆရာဝန်က မေးပါလိမ့်မယ်။ လေဖြတ်စေနိုင်တဲ့ အကြောင်းခြင်းရာတွေ (ဥပမာ သွေးတိုးရှိခြင်း၊နှလုံးရောဂါရှိခြင်း၊ဆေးလိပ်သောက်ခြင်း၊သင်နဲ့ သင့်မိသားစုဝင်တွေမှာ နှလုံးရောဂါ ရာဇဝင်ရှိခြင်း ဒါမှမဟုတ် လေဖြတ်ဖူးခြင်း စသည်) ရှိမရှိကို သိနိုင်ဖို့ သင့်ရောဂါရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ ဒီနောက်မှာတော့ ဆရာဝန်ဟာ သင့်သွေးပေါင်ချိန်၊သတိကပ်မှု အတိုင်းအတာ၊ခန္ဓါကိုယ်ဟန်ချက်ထိန်းနိုင်မှု၊ခန္ဓါကိုယ်အစိတ်အပိုင်းများ တခုနဲ့ တခု ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခြင်းရှိမရှိ စတဲ့အချက်တွေကို စမ်းသပ်စစ်ဆေးပါလိမ့်ဦးမယ်။ လည်ပင်းသွေးလွှတ်ကြော (carotid artery)မှာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီးနောက် အစာပိုက်သွင်းခြင်း

လေဖြတ်ဝေဒနာခံစားရပြီးနောက် ရင်ဆိုင်လာရတဲ့ အစာရေစာမြိုချရခက်ခဲခြင်းပြဿနာကြောင့် လူနာအနေနဲ့ စားဖို့သောက်ဖို့ အခက်တွေ့ရပါတယ်။ အာဟာရလည်း ပြည့်ဝစွာ မရရှိတော့ပါဘူး။ ဒီလို အခြေအနေမျိုးမှာ အစာပိုက်တွေက ကူညီပေးပါလိမ့်မယ်။ အစာပိုက်သွင်းပြီး ဘယ်လိုအာဟာရပေးမလဲဆိုတာနဲ့ပတ်သက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဒီဆောင်းပါးက ပေးနိုင်ပါလိမ့်မယ်။ အစာသွင်းပိုက်ဘာကြောင့် လိုအပ်တာလဲ။ ကြွက်သားအများအပြား စည်းချက်ညီညီ၊ဟန်ချက်ကျကျ ပူးပေါင်းပြီး အစာနဲ့အရည်တွေအားလုံး အစာအိမ်ထဲဝင်သွားစေဖို့ လုပ်ဆောင်ရတာဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီးချိန်မှာ ဒီကြွက်သားတွေ ထိခိုက်သွားတဲ့အတွက် မြိုချရခက်ခဲလာသလို အစာနဲ့ရေမြိုချခြင်းဟာလည်း အန္တရာယ်ကြီးလာပါပြီ။ ဘာလို့လဲဆိုတော့ အစာ သို့မဟုတ် အရည်တခုခု မြိုချလိုက်ချိန်မှာ အဆိုပါအစာတွေ၊ရေတွေဟာ အသက်ရှုလမ်းကြောင်းထဲကို ဝင်သွားနိုင်ပြီး ရင်ခေါင်းတွင်း ကူးစက်ပိုးဝင်ခြင်း၊အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်း၊နမိုးနီးယားအဆုတ်ရောင်ရောဂါရခြင်း၊အာဟာရချို့တဲ့ခြင်း၊ရေဓါတ်ခမ်းခြောက်ခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျခြင်း စတဲ့ နောက်ဆက်တွဲပြဿနာတွေဆီ ဦးတည်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်အနေနဲ့ သောက်ဆေးတွေသုံးစွဲဖို့လည်း အခက်အခဲတွေ ရှိလာနိုင်တာကြောင့် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သို့ထောက်ပံ့ပေးသောသွေးလွှတ်ကြောရောဂါ

နောက်ပိုင်းနှစ်ကာလတွေမှာ လေဖြတ်ခြင်းဟာ သိသိသာသာကိုတိုးလာတဲ့ရောဂါတစ်ခုဖြစ်တယ်။ လေဖြတ်ခြင်းအများစုဟာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြော တနည်း မေ့ကြောလို့ခေါ်တတ်ကြတဲ့ carotid artery ရောဂါ ဒါမှမဟုတ် သွေးဝင်ခန်းခုန်နှုန်းမမှန်ခြင်းကြောင့် ဖြစ်နေရပါတယ်။ Carotid artery ရောဂါဟာ သွေးကြောထဲမှာသွေးများခဲကာ ဦးနှောက်ဆီသွေးမရောက်ခြင်းကြောင့်လေဖြတ်ရခြင်းဖြစ်တယ်။   အကြောင်းအရင်းများ အဓိကကတော့ သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတွေ ဆက်တိုက်ထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ သွေးကြောအတွင်းမှာ စုပုံနေတဲ့အရာတွေက သွေးစီးလမ်းကြောင်းကိုပိတ်ကာ အထူးသဖြင့်ဦးနှောက်ဆီသို့သွေးရောက်မှုကိုဟန့်တားလိုက်တယ်။ အကြောင်းအရင်းတွေကတော့ - ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း။ သွေးတိုးခြင်း။ သွေးတွင်းသကြားဓါတ်၊ အဆီ၊ ကိုလက်စရောတိုးစေသောရောဂါများ၊ ဥပမာ- ဆီးချိုသွေးချို၊ အဝလွန်ခြင်း သို့ အင်ဆူလင်မထိန်းနိုင်ခြင်း။ ထိုအခါ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပျက်စီးမှုတွေပြန်ပြင်ဖို့၊ ပြန်လည်တိုက်ခိုက်ဖို့စတင်လာတယ်။ ထိုပြန်လည်ပြင်ဆင်ခြင်းကြောင့် သွေးကြောထဲမှာ စုပုံခြင်းတွေဖြစ်လာပြီး သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းတို့ ဖြစ်လာတော့တယ်။ ကိုလက်စရော၊ အမျှင်တစ်သျူး၊ ကယ်လ်စီယမ်နဲ့ တခြားဆဲလ်အမှုန်အမွှားများစုကာ ထိခိုက်နေတဲ့သွေးကြောနံရံကိုဖာဖို့ သွေးခဲဖြစ်လာတယ်။ ထိုသွေးခဲကြောင့်ပဲ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကာလတာရှည် ကြို့ထိုးခြင်းသည် လေဖြတ်ခြင်း၏ လက္ခဏာ ဖြစ်နိုင်

သင့်အနေဖြင့် ကြို့ထိုးခြင်းနှင့် လေဖြတ်ခြင်းသည် ဆက်စပ်မှု့ မရှိသော အကြောင်းအရာ တစ်ခုဟု သင်ထင်နေပါသလား။ သင်ထင်မြင်ချက်မှန်မမှန် အောက်ပါဆောင်းပါးကို ဆက်လက်ဖတ် ရှူပါ။   ကြို့ထိုးခြင်း ကြို့ထိုးခြင်းသည် ရင်ဝမ်းခြားမြှေး၏ စိတ်ထိန်းချုပ်မှု့ မရှိဘဲ ရုတ် တရက် လှုပ်ရှားမှု့ကြောင့် ဖြစ်ရပါသည်။ ရင်ဝမ်းခြားမြှေးသည် အ ဆုတ်၏ အောက်ခြေတွင် ကပ်နေသော ကြွက်သားအပြားကြီး ဖြစ် ပါသည်။ နံရိုးကြားကြွက်သား များနှင့်အတူ အသက်ရှူခြင်း လုပ် ငန်းစဉ်တွင် ပါဝင်ပါသည်။ ရင်ဝမ်းခြားမြှေး၏ လှုပ်ရှားမှု့ကြောင့် အ သံကြိုးကို ရုတ်တရက် လှုပ်ရှားစေပြီး ကြို့ထိုးသံဖြစ် စေပါသည်။ အများအားဖြင့် ကြို့ထိုးခြင်းသည် ဘာမှလုပ်ရန် မလိုဘဲ မိနစ်အ နည်းငယ်အတွင်း ပျောက်ကင်းပါသည်။ လူအများစုသည် အနည်း ဆုံး တသက်တကြိမ် ကြို့ထိုးဖူးပါမည်။ သို့သော် ၄၈နာရီထက် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

နှလုံးနှုန်းခုန်စောင့်ကြည့်စက်ဖြင့် လေဖြတ်ခြင်းကို စောင့်ကြည့်ခြင်း

လေဖြတ်ခြင်းသည် အသက်သေစေနိုင်သော အရေးပေါ် အခြေအ နေဖြစ်ပါသည်။ လေဖြတ်ပြီးနောက် အသက်ရှင်နေသေးလျင်ပင် နောက်ဆက်တွဲပြဿနာများ များစွာရှိနေသေးသည့် အတွက် ေ လဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ ဤ ဆောင်းပါးတွင်မူ နှလုံးခုန်နှုန်း စောင့်ကြည့်စက်နှင့် လေဖြတ်ခြင်း ကို စောင့်ကြည့်နိုင်ပုံကို တင်ပြသွားပါမည်။ ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းသည် လေဖြတ်ခြင်းကို စတင်နိုင် အမေရိကန် နှလုံးအဖွဲ့အစည်း၏ အဆိုအရ လေဖြတ်သူ ၅ဦးတွင် ၁ဦးမှာ ကနဦးတွင် နှလုံးသွေးဝင်ခန်း ခုန်နှုန်းမမှန်သော ပြဿနာ (AF) ရှိပါသည်။ Atrial fibrillation (AF) ဆိုသည်မှာ atrum ဟု ခေါ်သော နှလုံး ဘယ်ဘက်အပေါ်ခန်း ခုန်နှုန်းမမှန်၊ မြန်နေခြင်း ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းသည် နှလုံးတွင်း သွေးအိုင်စေပြီး သွေး ခဲများ ဖြစ်စေပါသည်။ ယင်းသွေးခဲထဲမှ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ထားတဲ့လူနာရဲ့ မိသားစုကို ဘယ်လိုကူညီပံ့ပိုးပေးမလဲ

လေဖြတ်ရောဂါဟာ ကာယကံရှင်လူနာကိုသာမက ၎င်းရဲ့မိသားစုကိုပါ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့စေပါတယ်။ အကယ်၍ ကံဆိုးမိုးမှောင်ကျပြီး သင့်မိသားစုဝင်တစ်ယောက်ယောက် လေဖြတ်ခဲ့မယ်ဆိုရင် လူနာအတွက်၊ မိသားစုအတွက် ဘာတွေဆောင်ရွက်သင့်သလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှူလေ့လာနိုင်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေအကြောင်း လေ့လာထားပါ လူတစ်ယောက်ဟာ လေဖြတ်ရာကနေ သက်သာလာနိုင်ပေမယ့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာတွေ ခံစားရတတ်ပြီး ဒီပြဿနာတွေက ကာယကံရှင်ကိုရော မိသားစုကိုပါ ရိုက်ခတ်နိုင်ပါတယ်။ ရောဂါပြင်းထန်မှုအတိုင်းအတာ၊ ဦးနှောက်သွေးပြတ်လပ်တဲ့ အချိန်ကာလ၊ ထိခိုက်သွားတဲ့ ဦးနှောက်အစိတ်အပိုင်းတွေအပေါ် မူတည်ပြီး လူနာဟာ ယာယီ သို့မဟုတ် တစ်သက်လုံး ကိုယ်အင်္ဂါမသန်စွမ်းဘဲ ဖြစ်သွားတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ လှုပ်ရှားရခက်ခဲခြင်း - လေဖြတ်လူနာဟာ ခန္ဓါကိုယ်တစ်ခြမ်း အားနည်းခြင်း၊ ကြွက်သားများ မလှုပ်ရှားနိုင်ခြင်းစတဲ့ ပြဿနာတွေကို ရင်ဆိုင်ရတတ်ပါတယ်။ မျက်နှာတစ်ခြမ်း သို့မဟုတ် လက်မောင်းတစ်ဖက်က ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့တာမျိုး ကြုံရတတ်ပါတယ်။ စကားပြောရခက်ခြင်း၊ မျိုချရခက်ခြင်း […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

SPA သွားခြင်းကြောင့် လေဖြတ်စေနိုင်သော အချက် ၃ ချက်

SPA သွားခြင်းသည် အလှအပရေးရာနှင့် စိတ်အပန်းပြေစေခြင်းတို့တွင် ခေတ်စားလာပါသည်။ သို့သော် SPA သွားခြင်းနှင့် လေဖြတ်ခြင်း ဆက်စပ်နေကြောင်း ဤဆောင်းပါးတွင် တွေ့ရှိနိုင်ပါ မည်။ အလွန်အမင်း လည်ပင်းဆန့်ထားရခြင်း အချို့သည် အိမ်တွင် ခေါင်းလျှော်ရခြင်းထက် SPA တွင် ခေါင်းလျှော်ရခြင်းကို နှစ်သက်ကြပါသည်။ လေ့လာတွေ့ရှိချက်အရ အချို့ လေဖြတ်လူနာများသည် SPA မှအပြန် လေဖြတ်သည်ကို တွေ့ရှိရပါသည်။ အကြောင်းရင်းမှာ ခေါင်းလျော်ရာတွင် သုံးသော ခုတင်၏အစွန်းမှ ဦးခေါင်းကို ထုတ်ထားခြင်းသည် လည်ပင်းကို နောက်ဘက်သို့ ဆွဲဆန့်ထားသကဲ့သို့ ဖြစ်စေပါသည်။ ယင်းပုံစံသည် ဦးနှောက်ထဲရှိ သွေးစီးဆင်းမှုကို နှေးကွေးစေပြီး ဦးနှောက်ထဲ သွေးဖိအားများစေပါသည်။ ထို့ကြောင့် ပြင်းထန်သော မူးဝေခြင်း၊ မျက်နှာတွင် ထုံကျင်ခြင်းတို့မှသည် လေဖြတ်သည်အထိ ဖြစ်စေ နိုင်ပါသည်။ အသက်ကြီးသူများတွင် ယင်းကဲ့သို့ ခေါင်းကို အလွန်အမင်းဆန့်ထုတ် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်းကြောင့် ဖြစ်လာသော နောက်ဆက်တွဲရောဂါစု

BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာရသော နောက်ဆက်တွဲ ရောဂါစု တစ်ခုဖြစ်ပါသည်။ ဤဆောင်းပါးတွင် BáLint’s syndrome အကြောင်းကို ဖော်ပြသွားပါမည်။ BáLint’s syndrome ဆိုသည်မှာ BáLint’s syndrome သည် လေဖြတ်လူနာများ ဖြစ်တတ်သည့် ရှားပါးရောဂါစု တစ်ခုဖြစ်ပါသည်။ BáLint’s syndrome တွင် မြင်ကွင်းထဲရှိ အရာဝတ္ထုကို အာရုံစိုက်မရခြင်း (simultanagnosia) ၊ အာရုံစိုက်၍ ကြည့်မရခြင်း (oculomotor apraxia) နှင့် အမြင်အာရုံဖြင့် လက်လှမ်းပါက ယင်းအရာ ကို မရောက်ခြင်း (optic ataxia) စသော လက္ခဏာများ ပါဝင်ပါသည်။ BáLint’s syndrome သည် လေဖြတ်ပြီး ဦးနှောက် ထိပ်ပိုင်းနှင့် နောက်စေ့တွင် ရှိသော parieto-occipital ဦးနှောက်ဖုများ ထိခိုက် ခြင်းကြောင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်