လေဖြတ်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ထိရောက်မှု

    လေဖြတ်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ထိရောက်မှု

    လေဖြတ်ခြင်းဟာ သင့်ဘဝရဲ့ အရာအားလုံးကို ရုတ်တရက် ပြင်းထန်စွာ ထိခိုက်သွားစေတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ လေဖြတ်သွားတဲ့ လူအများစုဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေ ဖြစ်တတ်ပါတယ်။

    လေဖြတ်ခြင်း အတွေ့အကြုံတွေဟာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် လူအများ တူညိစွာ ခံစားရတာကတော့ အရင်ကဘဝမျိုး ဆုံးရှုံးသွားပြီဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။

    ဆုံးရှုံးမှုကြီးကြီးမားမား ရင်ဆိုင်ရသူများဟာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ကြုံရပါတယ်။ ထိတ်လန့်ခြင်း၊ လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ ပူဆွေးခြင်းစတာတွေဟာ ဒီလိုကြီးမားတဲ့ အပြောင်းအလဲတွေကြုံရင် ပုံမှန်ခံစားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။

    လေဖြတ်ပြီးနောက်မှာ ခံစားရမယ့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ကိုင်တွယ်ရင်ဆိုင်ဖို့ အလွန်ခက်ပါတယ်။ သင်ဘယ်လိုခံစားနေရသလဲ၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ မသိရင် အဲ့ဒီခံစားချက်တွေနဲ့ပဲ လွှမ်းမိုးသွားပြီး ပြသနာတွေပဲ ကြုံနိုင်ပါတယ်။

    လေဖြတ်ပြိးချိန်ကြုံရတဲ့ စိတ်ခံစားမှုတွေဟာ အတိုင်းအတာ အမျိုးမျိုးရှိပါတယ်။ ဒီလိုခံစားရခြင်းဟာ ပုံမှန်ကိစ္စတခုပါ။ ဒါပေမယ့် သူတို့တွေက သင့်ဘဝကို လွှမ်းမိုးလာရင် သင်အကူအညီ လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်သူတို့ဟာ ဒုက္ခကောင်းကောင်း ပေးတော့မှာ ဖြစ်ပါတယ်။

    စိတ်ဓါတ်ကျခြင်းနဲ့ စိုးရိမ်သောကရောက်ခြင်းဟာ လေဖြတ်ပြီး ကြုံရတာများတဲ့ အခြေအနေပါ။

    လူအများဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ဖို့ ပြသနာရှိကြပါတယ်။ ဒါကို စိတ်ခံစားမှုလွယ်ခြင်း (Emotionalism) လို့ ခေါ်ပါတယ်။ ပိုပြီး ရယ်မောတတ်၊ ပိုပြီး ငိုကြွေးတတ်တာမျိုးကို ခေါ်ပါတယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲ ဖြစ်တတ်တာလည်း ရှိပါတယ်။ တချို့ကတော့ တခါမှ ဒီလိုမဖြစ်ဖူးကြောင်း ကျိန်တွယ်ပြောတတ်ကြပါတယ်။

    လေဖြတ်ပြီးသူများ အဓိကကြုံရတာများတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကတော့ အကျိုးမဲ့အချည်းနှီးဖြစ်တယ်လို့ ခံစားရတာပဲ ဖြစ်ပါတယ်။ ဒီလိုခံစားရခြင်းကို ကောင်းစွာ မကိုင်တွယ်နိုင်ရင် သင့်ကို စိတ်ဆတ်စေပြီး နေရထိုင်ရခက်စေပါတယ်။ ဒေါသထွက် ရန်မူတတ်တဲ့ ပုံစ့ကို ဦးတည်သွားစေပါတယ်။ လေဖြတ်ပြီးနောက်မှာ ခံစားရတာတွေအတွက် ကုသမှုတွေ အများကြီးရှိပါတယ်။ အကောင်းဆုံးကတော့ ဘာလုပ်နိုင်မလဲဆိုတာ

    ရှင်းပြပေးနိုင်မယ့် ဆရာဝန်နဲ့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။