၅။ လေဖြတ်ခြင်းကို ဘယ်လိုကာကွယ်မလဲ
အသက်အရွယ်နဲ့ မိသားစုရာဇဝင်ဟာ လေဖြတ်နိုင်ခြေ အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲပြီး ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သင့်ကျန်းမာရေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အရက်သောက်ခြင်း လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။ သွေးတိုးရှိရင်၊ ကိုလက်စထရောမြင်ပရင်၊ ဆီးချိုနဲ့ တခြားသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေရှိရင် ဆရာဝန်ပြပြီး သင့်တော်သော ကုသမှုခံယူပါ။ နောင်မှာ လေမဖြတ်နိုင်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတာ ဆွေးနွေးပြီး လိုက်ပါလုပ်ဆောင်ပါ။
လေဖြတ်ခြင်းဟာ အချိန်မီမကုသရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခပေးပါတယ်။ သင့်အသက် သင်ကယ်တင်ဖို့၊ တခြားသူတွေကိုပါ ကယ်တင်နိုင်ဖို့ ဒီလက္ခဏာတွေကို သိထားဖို့ အရေးကြီးလှပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။