backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား


Dr. Thant Zin မှ ရေးသားသည်။ · 26/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား

လေမဖြတ်ခင်မှာ လူနာများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကိုရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ရှေ့ပြေးလက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။ ဒီလိုရှေ့ပြေးခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။

လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ယုံကြည်စိတ်ချရသလား

ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အခိုင်အမာခံစားမိတာမျိုးကို ဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။ ဥပမာလူနာတချို့ဟာ ဦးနှောက်ကို သွေးရောက်နည်းတာကို ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာ တစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုးရှိခဲ့ကြောင်း ‘ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်’  ‘ငါကြောက်နေခဲ့တယ်’ စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။

အဲ့ဒီလက္ခဏာတွေဟာ ကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီ ပိုဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့လူနာ ၁၆ ဦးကို လေ့လာခဲ့ပြီး အာရုံကြောနဲ့ စိတ်ပညာဂျာနယ်မှာ ဖော်ပြခဲ့တာကတော့ လူနာတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ အကြားအာရုံချို့ယွင်းတာ၊ နားထဲမှာအသံမြည်နေတာကို မိနစ်အနည်းငယ် ကြားရကြောင်းဆိုပါတယ်။

တစ်ခါတရံမှာ လေမဖြတ်မီ ၁ရက်နေ ၁၀ရက်အလိုလောက်ထိ ကြားရတတ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ လေဖြတ်တဲ့လူနာ တော်တော်များများမှာ ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ခဏပဲကြာလို့ သတိမပြုမိကြတာများပါတယ်။

လေဖြတ်နိုင်ခြေ အန္တရာယ်ကိုဘယ်လိုလျှော့ချမလဲ

လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာတွေ ကြုံရရင်၊ လေဖြတ်မယ်ထင်ရတဲ့ ကြုံနေကြမဟုတ်တဲ့ ကိစ္စကြုံရင် ဆေးဝါးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။ စောစီးစွာသိတာဟာ ရောဂါဖြစ်ပွားမှုကို လျော့ကျစေပြီး လေဖြတ်ခြင်းကိုတောင် ရှောင်ရှားစေနိုင်ပါတယ်။

လက္ခဏာအများစုကတော့ ရောဂါရှာဖွေဖို့လိုအပ်တဲ့ အာရုံကြောဆိုင်ရာ ပြသနာတွေ ဖြစ်နေတတ်ပါတယ်။ သွေးဖောက်စစ်ဆေးတာ၊ ပုံရိပ်ဖော်စစ်ဆေးတာတွေ လိုအပ်ပါတယ်။ တချို့ကိစ္စတွေမှာ အသစ်သိရှိထားတဲ့ ဖြစ်နိုင်ခြေတွေကို ထည့်သွင်းလုပ်ဆောင်ဖို့လိုပါတယ်။

လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ဖို့ အောက်ပါ အချက်အနည်းငယ်ကိုလုပ်ဆောင်နိုင်ပါတယ်။

  • သွေးကြောရောဂါကုသပါ။ သွေးကြောတွေမှာ ရောဂါဖြစ်ခြင်းဟာ သွေးခဲကို ဖြစ်ပေါ်စေပြီး လေဖြတ်စေပါတယ်။
  • ဆီးချိုကို ထိန်းချုပ်ပါ။ ဆီးချိုသမားမှာ သွေးတိုးခြင်းဟာ သွေးကြောတွေကို ပေါက်စေပါတယ်။ ဒါကြောင့် ဆီးချိုဆေးပုံမှန်သောက်ပြီး သွေးပေါင်ချိန်မှန်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးသင့်ပါတယ်။
  • နှလုံးရောဂါအတွက် ဆေးကုသမှုခံယူပါ။ သွေးပေါင်ချိန်စစ်ဆေးပြီး မြင့်နေမယ်ဆိုရင် ပုံမှန်ရောက်အောင် လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • နှလုံးအားနည်းတာ၊ နှလုံးခုန်ပုံမှန် မဟုတ်တာဟာ ဦးနှောက်ထဲ သွေးပို့လွှတ်ခြင်းကို လျော့နည်းစေနိုင်ပါတယ်။
  • ဆေးလိပ်ဖြတ်ပြီး တရားမဝင်ဆေးဝါးတွေ သုံးစွဲခြင်းရှောင်ပါ။
  • triglycerideနဲ့ ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းထားပါ။ ပုံမှန်လူအတွက်ဆိုရင် ဆေးကုသမှု မလိုဘဲ စားသောက်မှုပုံစံပြောင်းပေးရုံနဲ့ လုံလောက်ပါတယ်။
  • ငါးများ၊ လတ်ဆတ်တဲ့အသီးအရွက်များ၊ ပရိုတိန်း၊ အမျှင်ဓာတ် စတဲ့ လေဖြတ်ခြင်းကို ကာကွယ်စေနိုင်တဲ့ စားသောက်မှုပုံစံကျင့်သုံးပါ။
  • ကိုယ်လက်လှုပ်ရှားပါ။
  • စိတ်ဖိစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 26/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement