backup og meta

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ကဘာလဲ။

လက်ဖျံကြောသေခြင်းဆိုသည်မှာ လက်ဖျံကြောရောဂါတစ်ခုဖြစ်သည်။ သင့်၏ပခုံးမှ လက်သန်းအထိ

ရှိသောအာရုံကြောကိုဆိုလိုသည်။ သင့်၏လက်ချောင်းလှုပ်ရှားမှုများ

အားကောင်းစေသော ကြွက်သားများအား လက်ဖျံကြောသည်ထိန်း

ချုပ်ပေးသည်။ သင့်လက်ဖျံရှိအရာဝတ္တုများအားတင်းကြပ်စွာ ဆုပ်ကိုင်ပေးသည့်အချို့သောကြွက်သားများအားလည်းထိန်းချုပ်

ပေးသည်။ သင့်လက်ဖျံကြောအားထိခိုက်မိပါက သင့်လက်တွင်

အာရုံခံစားမှုပျောက်သွား၍ ကြွက်သားအားနည်းလာတတ်သည်။

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သင့်၏အခြားသောအာရုံကြောများနှင့်မတူပဲ သင့်လက်ဖျံကြောသည် ကြွက်သား(သို့)အရိုးများနှင့်လမ်းကြောင်း တောက်လျှောက်ကာကွယ်ထားခြင်းမခံရပေ။ အချို့သောနေရာများတွင် သင့်အရေပြားနှင့်ထိုအာရုံကြောသည်နီးကပ်နေတတ်သည်။

ဆိုလိုသည်မှာ လက်ဖျံကြောအားထိခိုက်မှုသည် အဖြစ်မများခြင်းမ

ဟုတ်ပေ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်ဖျံကြောသေခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • သင့်လက်တွင် အာရုံသိစိတ်ပျောက်သွားခြင်း အထူးသဖြင့်သင့်လက်ညှိုးနှင့် လက်သန်းများတွင်ဖြစ်သည်
  • သင့်လက်ချောင်းများပူးတွဲမလုပ်ဆောင်နိုင်ခြင်း
  • သင့်လက်တွင် ကျဉ်ခြင်း(သို့)ပူစပ်ပူလောင်ဖြစ်ခြင်း
  • နာကျင်ကိုက်ခဲခြင်း
  • လှုပ်ရှားမှုတခုဖြင့်ပိုဆိုးလာနိုင်သည့် လက်အားနည်းမှု
  • ဆုပ်ကိုင်နိုင်သည့်စွမ်းရည်ဆုံးရှံူးသွားခြင်း စသည်ဖြင့်ဖြစ်သည်။ သင့်လက်တွင် ကြံ့ခိုင်မှုပျောက်သွားသောအခါ ဖန်ခွက်အားဆုပ်ကိုင်ခြင်းနှင့် ဘော့ပင်အားဆုပ်ကိုင်ခြင်းစသော သင့်၏နေ့စဉ်လုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။

အချိန်ကြာလာသည်နှင့်အမျှ အာရုံသိစိတ်နှင့်ထိန်းချုပ်မှုပျောက်လာသောအခါ သင့်လက်ရှိကြွက်သားများကို မာတောင့်လာစေပြီး လက်သည်းကဲ့သို့ကွေးကာ ပုံပျက်သွားစေသည်။ ပြင်းထန်သော

အခြေအနေများတွင်သာထိုကဲ့သို့ဖြစ်ပွားတတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဘာတွေက လက်ဖျံကြောသေခြင်း ဖြစ်ပွားစေသလဲ။

မည်သည့်အကြောင်းကြောင့်ဖြစ်ပွားသည့်ကို မသိရသေးပေ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

လက်ဖျံကြောသေခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • သင့်အာရုံကြောကို ထိခိုက်သွားစေနိုင်သော ရောဂါတခုခုရှိခြင်း
  • သင့်အာရုံကြောကို တိုက်ရိုက်ထိခိုက်မိခြင်း
  • အာရုံကြောပေါ်တွင် ဖိအားလွန်ကဲခြင်း
  • ရောင်ရမ်းမှုကြောင့်အကြောပေါ်တွင် ဖိအားများသွားခြင်း
  • တထောင်ဆစ်ရိုးကျိုးခြင်း(သို့)နေရာလွဲသွားခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်သည် ပထမဦးစွာ သင့်အားကိုယ်တွင်ကြည့်ရှူစစ်ဆေး

ကာ ရောဂါလက္ခဏာများအကြောင်းကို မေးမြန်းလိမ့်မည်။ အကယ်၍သင့်လက်အားထိခိုက်ဒဏ်ရာရပြီးမှဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာများအား

သင့်ဆရာဝန်အားပြောဖြစ်အောင်ပြောပြခြင်းဖြင့် ထိုကဲ့သို့ဖြစ်ပွား

နိုင်သည့်အကြောင်းအရင်းများကို ဆရာဝန်မှ လွယ်ကူစွာ သိသွားစေနိုင်သည်။ မည်ကဲ့သို့ထိခိုက်ဒဏ်ရာဖြစ်ပွားသည်၊မည်မျှ

ကြာမြင့်ပြီနှင့် မည်သည့်အရာများကသင့်လက္ခဏာများအား ပိုဆိုး(သို့)ပိုကောင်းစေသည်ကိုလည်း ဆရာဝန်များမှ မေးမြန်းတတ်ပါသည်။ ကိုင်တွယ်ကြည့်ရှူစစ်ဆေးရာတွင် ဆရာဝန်

သည်သင်မည်မျှသင့်လက်ချောင်းများကို လှုပ်ရှားနိုင်ကြောင်းနှင့် သင့်လက်အခြေအနေကို အကဲခတ်သည်။ ထိုစစ်ဆေးမှုအပြင် အခြားသောစစ်ဆေးမှုများမှာ

  • သွေးစစ်ဆေးမှုများ
  • ဓါတ်မှန်ရိုက်ခြင်း ဥပမာ ကွန်ပြူတာဓါတ်မှန်(သို့)သံလိုက်ဓါတ်မှန်
  • အာရုံကြောစစ်ဆေးမှုများ
  • ရိုးရိုးဓါတ်မှန်ရိုက်ခြင်း စသည်ဖြင့်ဖြစ်သည်။

ထိုစစ်ဆေးမှုများသည် ရောင်ရမ်းမှုနှင့်လက်ဖျံကြော၏စွမ်းဆောင်ရည်တို့ကိုသိရှိအောင်

ဆောင်ရွက်ပေးနိုင်သည်။ ကောင်းစွာအလုပ်မလုပ်နိုင်သောအာရုံ

ကြောနေရာကိုလည်း သိရှိရန်ထိုစစ်ဆေးမှုများကကူညီပေးသည်။

အာရုံကြောစစ်ဆေးမှုသည် ပြင်းထန်မှုကို ဆုံးဖြတ်ပေးနိုင်ပါသည်။

Ulnar Nerve Dysfunction (လက်ဖျံကြောသေခြင်း) ကို ဘယ်လိုကုသပါသလဲ

အာရုံကြောတစ်ရှူးများသည် အခြားသောတစ်ရှူးများထက်စာလျှင်

ပို၍နှေးကွေးစွာ အနာကျက်ကျသော်လည်း အချို့သောလက်ဖျံကြောသေရောဂါလက္ခဏာများသည် ကုသမှုမပါပဲသက်သာလာတတ်ကြောင်းတွေ့ရသည်။ လက်ဖျံကြော

သေခြင်းအတွက် ပေးနိုင်သောကုသမှုများမှာ

အောက်ပါအတိုင်းဖြစ်သည်။

  • ဆေးစာမပါပဲ ဝယ်ယူရရှိနိုင်သော အနာသက်သာသည့်ဆေးများ
  • အာရုံကြောတောင့်တင်းမှု အားပျောက်ကင်းစေသော

ဆေးများ ဥပမာ gabapentin,carbamazepine သို့ phenytoin

  • ရောင်ရမ်းမှုကျစေသော ကော်တီကိုစတီးရွိုက်များ
  • လက်အားထောက်ပံ့၍ငြိမ်အောင်ထိန်းပေးနိုင်ပြီး အနာသက်သာစေနိုင်သောလက်စွပ်
  • ကြွက်သားခိုင်ခံ့မှုနှင့် စွမ်းရည်အားတက်စေသော ကာယကုသမှုများ
  • နောက်ထပ်ထိခိုက်မှုမရှိစေရန် အလုပ်ခွင်အတွင်းကာကွယ်ပြင်ဆင်မှုများ

အကယ်၍အာရုံကြော ထိခိုက်မှုသည် ပြင်းထန်ဆိုးဝါးပြီး မသက်သာလာပါက သင့်ဆရာဝန်သည်

ခွဲစိတ်ဖို့ညွှန်ကြားတတ်သည်။ လက်ဖျံကြောသေခြင်းကြောင့်သင့်၏

နေ့စဉ်လုပ်ငန်းများအားလုပ်ဆောင်ရန်ခက်ခဲလာသောအခါတွင်

လည်း ခွဲစိတ်ရန်လိုအပ်တတ်သည်။ အကယ်၍တံထောင်ဆစ်တွင်

အာရုံကြောအားဖိအားဖြစ်စေမှုသည် ဖြစ်ပွားရသည့် အကြောင်းအရင်းဖြစ်ပါက တံထောင်ဆစ်အနောက်မှထိုအာရုံကြော

အားတံထောင်ဆစ်အရှေ့သို့ရွှေ့ပေးရန်လိုအပ်တတ်သည်။

အကယ်၍သင့်အာရုံကြောသည် ပုံမှန်စွမ်းဆောင်ရည်အတိုင်း ပြန်မကောင်းလာနိုင်တော့ဟု သင့်ဆရာဝန်မှ ယုံကြည်ပါက အရွတ်

ပြားအား ခွဲစိတ်ရွှေ့ပြောင်းရန်နောက်ထပ်ခွဲစိတ်မှုတခုလိုအပ်လာ

တတ်သည်။ ထိုသို့ခွဲစိတ်ချိန်တွင် အလုပ်လုပ်နေသေးသောအရွတ်ပြားကို မူရင်းအရိုးမှ

ရွှေ့ပြောင်းကာ အရိုးသစ်တခုဆီသို့ရွှေ့ပြောင်းရပါသည်။ ထိုသို့

ပြုလုပ်ခြင်းဖြင့် ကြွက်သားစွမ်းဆောင်ရည်အား ပြန်ကောင်းမွန်စေ

ကာ သင့်၏ပုံမှန်လုပ်ငန်းများအား ပြန်လည်လုပ်ကိုင်နိုင်စေပါသည်။

ခွဲစိတ်မှုရလဒ်များသည်အများအားဖြင့်ကောင်းတတ်သော်လည်း အာရုံကြောများသည် အနာကျက်ရန် ကြန့်ကြာတတ်သည်။ လက်

ကောက်ဝတ်နှင့် လက်စွမ်းဆောင်ရည်အပြည့်အဝပြန်လည်ရရှိရန်

လပေါင်းများစွာ ကြန့်ကြာနိုင်သည်။ ခွဲစိတ်မှုအပြီးသင့်လက်တွင် အာရုံသိစိတ်နှင့် လှုပ်ရှားမှု ယာယီမျှ ပျောက်နေတတ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ဖျံကြောသေခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ဖျံကြောသေခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ulnar Nerve Palsy (Dysfunction) https://www.healthline.com/health/ulnar-nerve-dysfunction#overview1 Accessed October 25, 2017
Ulnar Neuropathy Treatment & Management https://emedicine.medscape.com/article/1141515-treatment Accessed October 25, 2017

ယခုပုံစံ

06/01/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement