အဓိပ္ပါယ်ဖွင့်ဆိုချက်
Polio (ပိုလီယို) ကဘာလဲ။
ပိုလီယိုသည် အလွန်ကူးစက်လွယ်သော ဗိုင်းရပ်စ်ရောဂါဖြစ်သည်။ ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး မစင်မှတစ်ဆင့်သို့မဟုတ် ပိုးရှိသော ရေ၊ အစာ ကိုစားမိခြင်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦး ပျံ့နှံ့စေတတ်ပါသည်။ ခန္ဓါကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် ထိုပိုးသည် အူအတွင်း၌ ပွားများလာပြီး ထိုမှနေ၍ အာရုံကြောစနစ်ဆီ ထိုးဖောက်ဝင်ရောက်ကာ လေဖြတ်ခြင်းကို ဖြစ်စေပါသည်။ ပိုလီယိုည် အသက်ရှုပြဿနာများကိုလည်း ဖြစ်စေနိုင်သလို တစ်ခါတစ်ရံ သေဆုံးစေတတ်ပါသည်။
Polio (ပိုလီယို) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါသည် သိပ်ဖြစ်လေ့မရှိပါ။ ကလးများတွင် အဖြစ်များပါသည်။ ယနေ့အခါတွင် ထိထိရောက်ရောက် ကာကွယ်ဆေးပေးနိုင်မှုကြောင့် ပိုလီယိုကပ်ရောဂါသည် အတော်လေးကို ပျောက်ကွယ်သွားပြီဖြစ်သည်။ ဆရာဝန်အများစုမှာ ပိုလီယိုရောဂါတစ်ဦးတစ်ယောက်မျှပင် တွေ့ရသည်မရှိတော့ပါ။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
လက္ခဏာများ
Polio (ပိုလီယို) ရဲ့လက္ခဏာတွေကဘာတွေလဲ
ပိုလီယို ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
- ၃၈ ဆဲလ်စီးရပ်အထက်ဖျားခြင်း
- လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း
- ဗိုက်နာခြင်း
- ကြွက်သားများ ကိုက်ခဲခြင်း
- ဖျားနာသလို ခံစားရခြင်း
- အန်ခြင်း
ပိုပြင်းထန်သည့်လက္ခဏာများမှာ ပိုလီယိုကြောင့် အာရုံကြောအဖုံးများရောင်ခြင်းဖြစ်သည်။ ထိုလက္ခဏာများမှ များသောအားဖြင့် ပိုးဝင်ပြီး ၇ – ၁၄ ရက်ကြာလျှင် စပေါ်လာတတ်ပြီး ဖျားခြင်း၊ ခေါင်းပြင်းထန်စွာကိုက်ခြင်း၊ လည်ပင်းနှင့်နောက်ကျော တောင့်ခြင်း၊ ကြွက်သားများ နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် တစ်ချို့အရေပြားနေရာများတွင် ဆန်းပြားသည့် ခံစားမှုများ – ပင်အပ် အဝတ်အပ်များနှင့် ထိနေသလိုလို သို့မဟုတ် နာကျင်မှုကို ခံစားမှုမြင့်နေခြင်းများ ဖြစ်တတ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။