ထွက်မှာ သေချာပြီလား။
တစ်ခါတလေမှာခေါင်းကိုက်တာက ကိုယ်တွင်းမှာရေဓါတ်နည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တဲ့အခါဆေးတွေဘာတွေမသောက်ခင် အရင်ဆုံးရေခဲရေမဟုတ်တဲ့ရေအေးအေးလေးတစ်ခွက်ကိုသောက်ချလိုက်ပါ။ ခဏလောက် ပတ်ဝန်းကျင်စိမ်းစိမ်းလေးကိုကြည့်လိုက်ပါ။
ကိုယ်တိုင်လုပ်လို့ရပါတယ်။ အခြားသူကို အားကိုးစရာမလိုပါဘူး။ ဇက်ကြောနဲ့ နားထင်တို့ကို လက်ချောင်းလေးတွေသုံးလို့ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တင်းနေတဲ့အကြောတွေပြေလျော့သွားပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။
ချင်း (ဂျင်း) နည်းနည်းစားပါ
ချင်း (ဂျင်း) ကဆေးဖက်ဝင်တာတော့ သိပြီးဖြစ်မှာပါ။ခေါင်းကိုက်တဲ့အခါ ချင်း (ဂျင်း) တစ်ပြားလောက်ကို ဝါးစားပေးပါ။ ချင်း (ဂျင်း) ကိုဝါးမစားချင်ဘူးဆိုရင်လည်းရေနွေးဆူဆူဆူထဲ ထည့်ပြုတ်ပြီး ချင်းပြုတ်ရည်လေးသောက်ပေးလို့ရပါတယ်။
အိပ်ရေးမဝတာကြောင့် ဒါမှမဟုတ် ပင်ပန်းလွန်းတာကြောင့်ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါ ခန္ဓါကိုယ်က အနားပေးလိုက်တာကလည်းဆေးသောက်စရာမလိုဘဲခေါင်းကိုက်သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် ခဏလောက်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးလေးမှိတ်လို့ အနားယူလိုက်ပါ။ အနားယူနေစဉ်မှာခေါင်း၊နားထင်နဲ့ ဇက်ကြောမှာရှိနေတဲ့ တင်းအားတွေကိုပြေလျော့စေဖို့ ကိုယ်နေဟန်ထား မှန်မှန်လေးထားပေးပါ။
လေ့ကျင့်ခန်းလုပ်ပါ
ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာမဟုတ်ပါဘူး။ယောဂလေ့ကျင့်ခန်းလိုမျိုး အကြောတွေပြေလျော့စေနိုင်တဲ့လေ့ကျင့်ခန်းကိုလုပ်ခိုင်းတာပါ။နေ့စဉ်ပုံမှန် အကြောလျှော့ပေးတာကလည်ခေါင်းကိုက်တာကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာ တရားထိုင်တာကလည်းခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။
တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတုန်းခေါင်းကိုက်လာခဲ့ရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပြီးခေါင်းကိုက်ဝေဒနာကို ခပ်ဝေးဝေးလေးမောင်းထုတ်လိုက်ရအောင်လား။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
18 Remedies to Get Rid of Headaches Naturallyhttps://www.healthline.com/nutrition/headache-remedies Accessed Date 13 March 2019
14 Natural Headache Remedies for Instant Reliefhttps://draxe.com/natural-headache-remedies-relief/ Accessed Date 13 March 2019