backup og meta

Pick's disease (ပစ်ခ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pick’s disease (ပစ်ခ်ရောဂါ) ကဘာလဲ။

ပစ်ခ်ရောဂါ ဆိုတာ အယ်ဇိုင်းမားနှင့် ဆင်တူတဲ့ စိတ်မူမမှန်ရောဂါ တစ်ခု ဖြစ်ပြီး အဖြစ်နည်းပါးပါတယ်။ ဒီရောဂါကြောင့် စိတ်ခံစားမှုတွေ၊ အပြုအမူ၊ စရိုက်လက္ခဏာ နဲ့ ဘာသာစကားတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။ ဦးနှောက်ရှေ့ခြမ်းမူမမှန်ဖြစ်ခြင်း as frontotemporal dementia (FTD) သို့မဟုတ် ဦးနှောက်ရှေ့ခြမ်းယိုယွင်းမှု frontotemporal lobar degeneration (FTLD) လို့လည်းခေါ်ကြပါတယ်။

လိုအပ်တဲ့ အာဟာရတွေကို ရွှေ့ပြောင်းဖို့အတွက် သင့်ဦးနှောက်ဟာ သယ်ပို့စနစ်တစ်ခုကို အသုံးပြုပါတယ်။ ဒီစနစ်ကို ပရိုတင်းဓါတ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး မီးရထားလမ်းလိုမျိုး ယှက်ဖြာနေပါတယ်။ ဘယ်လို အာဟာရတွေဟာ ဘယ်နေရာကို သွားရမယ် ဆိုတာကို ဒီစနစ်ထဲမှာ ညွှန်ပြထားပါတယ်။ အာဟာရတွေ သွားလာတဲ့ လမ်းကြောင်းကို ဖြောင့်ဖြူးနေစေဖို့ ထောက်ပံ့ပေးတဲ့ ပရိုတင်းကို တော ပရိုတင်းလို့ ခေါ်ပါတယ်။

ဒီရောဂါကို ခံစားနေရပြီဆိုရင် တော ပရိုတင်းတွေက ပုံမှန်အတိုင်း အလုပ်မလုပ်ကြတော့ပါဘူး။ သင့်ဦးနှောက်ထဲမှာတခြားလူတွေထက် တောပရိုတင်းတွေ ပိုများနေပါလိမ့်မယ်။ အမြောက်အမြား စုပုံနေတဲ့ တောပရိုတင်းတွေကို ပစ်ခ် အစုအဝေး Pick Bodies လို့ ခေါ်ပါတယ်။ Pick Bodies တွေက ဦးနှောက်ထဲက သယ်ပို့စနစ်ကို လွဲမှားယိုယွင်းသွားစေတာ ဖြစ်တဲ့ အတွက် အာဟာရ သွားရာ လမ်းကြောင်းက သွားရမယ့် နေရာကို မရောက်တော့တဲ့ အပြင် ပုံမှန်အတိုင်း ဖြောင့်ဖြောင့် ဖြူးဖြူးလည်း မရှိတော့ပါဘူး။ ဒီလိုနဲ့ ဦးနှောက်ကို ထိခိုက်လာစေပြီးတော့ ပြန်လည် ပြင်ဆင် မရတဲ့ အထိ ဖြစ်လာပါတယ်။

Pick’s disease (ပစ်ခ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက ဖြစ်တောင့်ဖြစ်ခဲ ရှားပါးတဲ့ ရောဂါ ဖြစ်ပါတယ်။ အသက် ၄၀ နဲ့ ၇၅ ကြားထဲမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အသက် ၂၀ လို ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဖြစ်တတ်တာ မျိုးလည်း ရှိပါတယ်။ စကန်ဒီနေးဗီးယား မျိုးနွယ်စုဝင် အဆက်အနွယ်တွေမှာ ဒီရောဂါက တခြားသူတွေထက် ဖြစ်နိုင်ခြေပိုများပါတယ်။ ဒီထက်ပို ပြည့်ပြည့်စုံစုံသိချင်တယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Pick’s disease (ပစ်ခ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တခြားသူတွေကို ဒေါသတကြီးတုံ့ပြန်တတ်တယ်။

နိစ္စဓူဝကိစ္စတွေကို စိတ်မဝင်စားဘူး။

ဘာပဲလုပ်လုပ် အမြဲတမ်းပဲ လိုအပ်တာထက် ပိုပြီးသတိထားတယ်။

အထိမခံ၊ ဒေါသထွက်လွယ်၊ သွေးဆူလွယ်တယ်။

စိတ်အခြေအနေဟာ တမုဟုတ်ချင်း ပြောင်းနေမယ်။

တခြားသူတွေအပေါ်ကို နွေးနွေးထွေးထွေးဆက်ဆံဖို့၊ ကိုယ်ချင်းစာဖို့၊ ပူပန်စိုးရိမ်ပေးဖို့ အခက်အခဲဖြစ်လာမယ်။

တူညီတဲ့ အလုပ်တွေကို ပြန်ပြီး ထပ်ကာထပ်ကာ လုပ်နေမယ်။

ဘာမှ မစဉ်းစားပဲ ဆုံးဖြတ်ချက်တွေချမယ်။

မသင့်လျော်တာတွေကို ပြောမယ်၊လုပ်မယ်။

ဝေဒနာရှင် တချို့က အမြဲတန်း ဆာလောင်နေပြီး တချို့မှာဆိုရင် အချိုကိုပဲ တမ်းတမ်းစွဲစားချင်နေကြတဲ့အပြင် သကြားဓါတ်ကို စားသင့်တာထက် ပိုစားမိတတ်တယ်။

ဘာသာစကား ပြောဆိုဆက်သွယ်မှု နဲ့ ပတ်သက်တဲ့ အခက်အခဲတွေက ဒီရောဂါရဲ့ ကနဦးလက္ခဏာတွေ အဖြစ် ထွက်ပေါ်လာတတ်ပါတယ်။ ဦးနှောက်ရဲ့ ဘာသာစကားကို အသုံးပြုပြီး ပြောဆိုဆက်သွယ်တဲ့ အပိုင်းမှာ Pick Bodies တွေ ရှိလာမယ်ဆိုရင်

  • တွေ့နေကျ အရာဝတ္ထုတွေရဲ့ နာမည်တွေကို ခေါ်ဖို့ စဉ်းစားနေရမယ်။
  • ရိုးစင်းတဲ့ ပုံသဏ္ဍာန်တွေကို ခဲတံနဲ့ စာရွက်ပေါ်မှာ ရေးဆွဲနေမယ်။
  • ရေးသားထားတဲ့ စာတွေကို နားလည်ဖို့ ခက်ခဲမယ်။
  • စကားပြောတဲ့အခါ တုံ့နှေးတုံ့နှေးနဲ့ ပြတ်တောင်းပြတ်တောင်း ပြောမယ်။

မကြာခဏတွေ့ရတတ်တဲ့ ဝေဒနာရှင်တွေမှာ ဆိုရင် –

မှတ်ဉာဏ်ချို့ယွင်းမယ်။

လှုပ်ရှားသွားလာတဲ့အခါ အခက်အခဲတွေ့မယ်။

တောင့်တင်းပြီး အားနည်းတဲ့ ကြွက်သားတွေ ရှိနေမယ်။

ဆီးသွားတဲ့ အခါ အခက်အခဲရှိမယ်။

ခန္ဓါကိုယ် လှုပ်ရှားမှုဟာ မျှမျှတတ မရှိတော့ဘူး။

အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အပြင် တခြား လက္ခဏာတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ မေးစရာလေးတွေ ရှိနေမယ်ဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ

Pick’s disease (ပစ်ခ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အခြားစိတ်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ရောဂါတွေလိုပဲ တော ပရိုတင်းတွေ အမြောက်အမြားစုပုံလာခြင်းကြောင့် ဖြစ်ရတဲ့ ရောဂါ ဖြစ်ပါတယ်။ ဒီပရိုတင်းတွေကို အားလုံးသော အာရုံကြောဆဲလ်တွေ မှာ တွေ့နိုင်ပါတယ်။ ပစ်ခ်ရောဂါရှိနေမယ်ဆိုရင်တော့ ပရိုတင်းဆဲလ်တွေဟာ အစုလိုက်အပုံလိုက် ဖြစ်နေတာကို တွေ့ရပါမယ်။ ဦးနှောက်ရဲ့ ရှေ့ခြမ်းက အာရုံကြောဆဲလ်တွေ ကို ပရိုတင်းဆဲလ် အစုအဝေးတွေက တိုက်ခိုက်တဲ့အခါ အာရုံကြောဆဲလ်တွေ ပျက်စီးသွားပါတော့တယ်။ ဦးနှောက်တစ်ရှုးတွေ ကျုံ့လာပြီး စိတ်မူမမှန်တဲ့ လက္ခဏာတွေ စတင် ဖြစ်ပေါ်လာပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီလို မူမမှန်တဲ့ ပရိုတင်းဆဲလ်တွေ ဘာကြောင့် ဖြစ်လာတယ် ဆိုတာကို မသိကြသေးပါဘူး။ ဒါပေမယ့် ပစ်ခ်ရောဂါ နဲ့ တခြား စိတ်မူမမှန်တဲ့ ရောဂါတွေဟာ ပုံမှန်မဟုတ်တဲ့ မျိုးရိုး ဗီဇကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်တယ်လို့ မျိုးရိုးဗီဇပညာ အရ တွေ့ရှိရပါတယ်။ မိသားစုဝင်တွေမှာ ရောဂါ ဖြစ်တာကို တွေ့ရှိရတဲ့ အကြောင်းမှတ်တမ်းတင်ထားတာလည်း ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Pick’s disease (ပစ်ခ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • နောက်ထပ် သိချင်သေးရင်တော့ သင့်ဆရာဝန် နဲ့ ဆွေးနွေးပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pick’s disease (ပစ်ခ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာ ပစ်ခ်ရောဂါရှိနေလား ဆိုတာကို စမ်းသပ်မယ် ဆိုရင် သင့်ဆရာဝန်က သင်ခံစားနေရတဲ့ လက္ခဏာတွေကို မေးမြန်းပါလိမ့်မယ်။ သင့်ဆေးမှတ်တမ်းကို ကြည့်ပါလိမ့်မယ်။

သင့် မှတ်ဉာဏ်၊ အပြုအမူ၊ ဘာသာစကား နဲ့ အခြား စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို စစ်ဆေးဖို့အတွက် မေးခွန်း တွေကို ဖြေဆိုပေးရပါမယ်။ ဖြေဆိုတဲ့ အချိန်မှာ ခဲတံနဲ့ စာရွက်ကို အသုံးပြုရတာများပါတယ်။ စာရေးဖို့ မေးခွန်းတွေကို ဖြေဆိုရပါမယ်။ တချို့ အရာဝတ္ထုတွေကို ပုံဆွဲပြရပါမယ်။

ပစ်ခ်ရောဂါ ဖြစ်စေနိုင်တဲ့ ဗီဇ ရှိလားဆိုတာကို စစ်ဆေးဖို့ ဒီအန်အေကို ကြည့်ရှုနိုင်မယ့် သွေးစစ်ချက် လုပ်ခိုင်းပါလိမ့်မယ်။

သင့်ဦးနှောက်ထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သေချာကြည့်နိုင်ဖို့ ဆရာဝန်က အောက်ပါနည်းလမ်းတွေ အသုံးပြ ဦးနှောက်စကန် ဖတ်ခိုင်းပါလိမ့်မယ်။

MRI – သင့်ဦးနှောက်ရဲ့ အသေးစိပ်ပုံရိပ်တွေကို ဖမ်းယူဖို့ စွမ်းအင်မြင့် သံလိုက် နဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုတယ်။

SPECT သို့မဟုတ် PET – ရေဒီယိုသတ္တိကြွအရာဝတ္ထု ကို အသုံးပြုတဲ့ စက် ဖြစ်ပါတယ်။ အထူးဖန်တီးထားတဲ့ ကင်မရာက ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းက အလုပ်လုပ်ပြီး ဘယ်အစိတ်အပိုင်းက အလုပ်မလုပ်ဘူး ဆိုတာကို ဖော်ပြတဲ့ သုံးဖက်မြင်ပုံရိပ်တွေကို ထုတ်လုပ်ပေးပါတယ်။

ခါးပိုင်းဖောက်ပြီး ကျောရိုးနားက အရည်ထုတ်တဲ့ နည်းလမ်း (lumbar puncture) ကို လုပ်ချင်လုပ်ရပါမယ်။ ကျောရိုးအနားကနေ အရည်ပမာဏ အနည်းငယ်ထုတ်ဖို့ အပ်အရှည်ကြီးကို အသုံးပြုပါလိမ့်မယ်။ ရှားပါးတဲ့ ဖြစ်စဉ်တချို့မှာတော့ ဆရာဝန်ဟာ ဦးနှောက်ကနေ တရှုးပမာဏ အနည်းငယ်ကို စမ်းသပ်ဖို့ လိုချင်ပါလိမ့်မယ်။ ဒါကို အသားမျှင်ခွဲစိတ်စစ်ဆေးခြင်း (biopsy) လို့ ခေါ်ပါတယ်။

Pick’s disease (ပစ်ခ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ပစ်ခ်ရောဂါကို ကုသနိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ ဆေးဝါးတွေကို အသုံးပြုပြီး ရောဂါဖြစ်စဉ်နှေးကွေးသွားအောင်လည်း လုပ်လို့ မရပါဘူး။ ရောဂါဟာ အချိန်အကြာကြီးနေမှ တဖြည်းဖြည်း ဆိုးဝါးလာမှာပါ။ တချို့ကတော့ ရောဂါခံစားနေရလျက်နဲ့ ၁၀ နှစ်လောက်ထိ အသက်ရှင်နေထိုင်ခဲ့တာမျိုး ရှိပါတယ်။

သင့်ဆရာဝန်ကတော့ ရောဂါလက္ခဏာတွေကို ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးနိုင်ပါတယ်။ အပြုအမူကုထုံး တွေကို အသုံးပြုပြီး အန္တရာယ်ဖြစ်စေမယ့် အပြုအမူတွေ ကို ထိန်းချုပ်ဖို့ အကြံပေးပါလိမ့်မယ်။ ဒေါသထွက်တာ ကို ထိန်းချုပ်ဖို့ စိတ်ကျဆေးတွေ ပေးပါလိမ့်မယ်။

နေ့စဉ်လူနေမှုဘ၀ အပြောင်းအလဲများနှင့် အိမ်တွင်း ကုထုံးများ

ပစ်ခ်(စ်) ရောဂါကို ထိန်းချုပ်ဖို့ အတွက် နေပုံထိုင်ပုံ ဒါမှမဟုတ် အိမ်တွင်းကုထုံးတွေက ဘာတွေ ဖြစ်မလဲ။

သိချင်တာတွေ ရှိမယ်ဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

မေးစရာတွေ ရှိနေမယ်ဆိုရင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မလဲဆိုတာကို အကြံဉာဏ်ရယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Pick Disease of the Brain: Causes, Symptoms, and Diagnosis. https://www.healthline.com/health/picks-disease#overview1. Accessed October 30, 2017.
What Is Pick’s Disease? https://www.webmd.com/alzheimers/guide/picks-disease#1. Accessed October 30, 2017.

ယခုပုံစံ

04/12/2019

Hello Sayarwon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Hello Sayarwon မှ ရေးသားသည်။ · 04/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement