ထိခိုက်ဒဏ်ရာရတဲ့အခါ သတိထားရမယ့် မေးခိုင်ရောဂါပိုးအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။

မေးခိုင်ပိုးဆိုတာ

မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေပြီးကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။

မေးခိုင်ပိုးကမြေကြီးတွေဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။

မေးခိုင်ပိုးက ဘယ်လောက်အထိပြင်းထန်လဲ

မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။

မေးခိုင်ပိုးဝင်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –

မေးခိုင်ပိုးဝင်ရတဲ့ အကြောင်းအရင်းတွေ

မေးခိုင်ပိုးကိုမြေမှုန်တွေ၊ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာတွေ့ရနိုင်ပါတယ်။ရောဂါပိုးတွေက အနာပေါက်ကနေတဆင့် အတွင်းပိုင်းထဲကိုရောက်သွားပြီး ကြွက်သားတွေကိုထိန်းချုပ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အင်အားပြင်း အဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဆိုပါရောဂါပိုးက ကြွက်သားတွေကိုတောင့်တင်းသွားစေပါတယ်။

မေးခိုင်ပိုး ဝင်ရောက်နိုင်တဲ့ အခြေအနေတွေ

အခုဖော်ပြပေးမယ့် အခြေအနေတွေကမေးခိုင်ပိုးဝင်ရောက်ကူးစက်ခံရစေနိုင်တဲ့ အခြေအနေတွေပါ။ ဆင်ခြင်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။

  • အနာပေါက်ဖြစ်တဲ့ ဒဏ်ရာ
  • အနာထဲမှာ မသန့်ရှင်းတဲ့အရာတစ်ခုခု ကပ်ညှိနေတာ
  • သံချေးတက်နေတဲ့ သံနဲ့စူးမိတာ
  • သေနတ်ဒဏ်ရာ
  • အပူလောင်နာ
  • ခွဲစိတ်ကုသမှုခံယူထားတဲ့ ဒဏ်ရာ
  • တိရစ္ဆာန်ကိုက်တာ
  • လူကိုက်တာ
  • ပိုးဝင်ကူးစက်တာကြောင့် ရင်းနေတဲ့ ဒဏ်ရာ
  • ခံတွင်းထဲမှာဖြစ်တဲ့ အနာ
  • သေချာ ဖုံးအုပ်ထားခြင်းမရှိတဲ့ခြေထောက်မှာဖြစ်တဲ့ဒဏ်ရာတွေကနေဆင့် ခန္ဓါကိုယ်ထဲကိုမေးခိုင်ပိုး အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အပေါ်ယံအရေပြားလွှာထိခိုက်သွားတဲ့ ဒဏ်ရာတွေကိုပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုးလုပ်သင့်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့မေးခိုင်ပိုးဝင်တာမျိုးကို ကာကွယ်နိုင်မှာပါ။

မေးခိုင်ပိုးဝင်ရင်နောက်ဆက်တွဲဘာရောဂါတွေဖြစ်နိုင်မလဲ

မေးခိုင်ပိုးက အာရုံကြောထိရောက်ရှိသွားတဲ့အခါ ကြွက်သားတွေလှုပ်ရှားလို့မရတာမျိုးဖြစ်သွားနိုင်ပါတယ်။မေးခိုင်ပိုးဝင်သွားတဲ့အခါနောက်ဆက်တွဲရောဂါတွေအနေနဲ့ –

  • အရိုးကျိုးတာ– မေးခိုင်ပိုးကနေဖြစ်လာတဲ့ပြင်းထန်တဲ့ အဆိပ်ကကျောရိုးနဲ့ အခြားအရိုးတွေကို ကျိုးစေနိုင်ပါတယ်။
  • အဆုတ်သွေးကြောမှာ ပိတ်တာ–မေးခိုင်ပိုးကြောင့်သွေးကြောအတွင်းမှာသွေးခဲလာပြီးအဆုတ်ကိုထောက်ပံ့နေတဲ့ ပင်မသွေးကြောနဲ့ အခြားသွေးကြောလေးတွေမှာ သွားရောက်ပိတ်ဆို့တာမျိုးဖြစ်နိုင်ပါတယ်။
  • ကြွက်သားတွေတောင့်တင်းလာပြီး အသက်ရှုရခက်လာမယ်–မေးခိုင်ပိုးကြောင့် ကြွက်သားတွေတောင့်တင်းသွားတဲ့အခါ အသက်ရှုရခက်တာကိုဖြစ်စေနိုင်သလို အရမ်းပြင်းထန်ရင် အသက်ရှုရပ်သွားတာမျိုးအထိဖြစ်နိုင်ပါတယ်။အောက်ဆီဂျင်မရတော့တဲ့အခါ နှလုံးရပ်သွားတာ၊ အသက်သေဆုံးတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို ထိခိုက်သွားတဲ့အခါ ခန္ဓါကိုယ်ကအောက်ဆီဂျင်မရတော့ဘဲသေဆုံးတာမျိုးအထိဖြစ်နိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဦးနှောက်နဲ့ အာရုံကြော မှာဖြစ်နိုင်တဲ့ ရောဂါတွေကလည်း များပြားလွန်းပါတယ်။ တချို့ရောဂါတွေဆို အသိနောက်ကျရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Allergy တစ်မျိုးမျိုးရှိနေရင် COVID ကာကွယ်ဆေးထိုးလို့ မရ

ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ တရားဝင် ထုတ်ဖော်ပြောဆိုချက်တွေအရ Pfizer/BioNTech ဆေးဝါးဟာ ဓာတ်မတည့်ဝေဒနာခံစားဖူးသူတွေကို ထိုးနှံပေးလို့မရဘူးလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကာကွယ်ဆေးကြားက အမှန် အမှားများ

ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေဟာ ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုပေမယ့် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေပါပြီ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read
အိမ်သာမဝင်ခင် လက်ဆေးသင့်လား.....................

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 1 min read
ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read