အခြားသွေးရောဂါများ

အခြားသွေးရောဂါများ နဲ့ ပတ်သက်ပြီး အမျိုးအစားများ၊ လက္ခဏာများ၊ ကုထုံးများ၊ ဆောင်ရန် ရှောင်ရန်များကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားသွေးရောဂါများ

သွေးပျစ်ခြင်း အကြောင်း သိထားသင့်သမျှ

သွေးပျစ်ခြင်း ဆိုတာ နာမည်အတိုင်းပဲ သွေးကြောထဲမှာ လွတ်လွတ်လပ်လပ် လှည့်ပတ်နေရမယ့် သွေးက ပျစ်ပြီးတော့ သွေးလည်ပတ်မှု မကောင်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းအင်္ဂါတွေဆီကို သွေးကောင်းကောင်း မရောက်ဘဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ သွေးပျစ်တယ်ဆိုပြီး အလွယ်ပြောကြတဲ့ ရောဂါ၃ခုရှိပါတယ်။ ပထမတစ်ခုက Hyperviscosityဆိုတဲ့ သွေးပျစ်တဲ့ အခြေအနေကိုလည်း သွေးပျစ်တယ်လို့ ခေါ်ကြပါတယ်။ ဒုတိယ Hypercoagulability ဆိုတာကိုလည်း သွေးပျစ်တယ်လို့ အလွယ်ခေါ်ကြပေမယ့် အတိအကျပြောရရင် သွေးခဲလွယ်တဲ့ရောဂါ ဖြစ်ပါတယ်။ နောက် Polycythemia ကိုလည်း သွေးပျစ်တယ်လို့ ပြောကြပေမယ့် ဒါက တကယ်တော့ သွေးနီဥများတဲ့ ပြဿနာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို ပြောလိုက်ရင် ရှင်းပေမယ့် မြန်မာလိုဆို အားလုံးက သွေးပျစ်တယ်လို့ ပြောနေတော့ ဘယ်ရောဂါကို ပြောချင်မှန်း မသိတာမျိုး […]

အခြားသွေးရောဂါများ ကို ရှာဖွေမည်။

အခြားသွေးရောဂါများ

Hematoma (သွေးဥခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hematoma (သွေးဥခြင်း) ကဘာလဲ။ သွေးဥခြင်းဆိုသည်မှာ သွေးကြောများအပြင်ဖက်တွင် သွေးများစုလာခြင်းကို ဆိုလိုပါသည်။ သွေးကြောနံရံအားထိခိုက်မိခြင်းမှ သွေးများ ပတ်ပတ်လည်ရှိတစ်ရှူးများအတွင်သို့ ပန့်ထုတ်လိုက်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ သွေးဥခြင်းမှာ ဘယ်လိုသွေးကြောမျိုးကိုထိထိ ဖြစ်တတ်ပါသည်။ (သွေးလွှတ်ကြော၊ သွေးပြန်ကြော သို့မဟုတ် ဆံခြည်မျှင်သွေးကြောများ) သွေးဥခြင်းကို ပုံမှန်အားဖြင့် သွေးခဲခြင်းရှိရှိမ မရှိရှိ သွေးဆက်လက်ထွက်နေသည့်အခြေအနေအဖြစ် ဖော်ပြကြပါသည်။ Hematoma (သွေးဥခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများHematoma (သွေးဥခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဥခြင်းကြောင့် ကျိန်းစပ်ခြင်းနှင့်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ လက္ခဏာများမှာ သွေးဥ၏တည်နေရာ အရွယ်အစားပေါ်မူတည်ပြီး ၎င်းနှင့်ဆက်စပ်နေသော ဖူးထခြင်းနှင့်ရောင်ရမ်းခြင်းကလည်း အနီးအနားရှိအစိတ်အပိုင်းများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။ သွေးဥခြင်း၏အဖြစ်များဆုံး လက္ခဏာများမှာ – နီမြန်းခြင်း ထိလျှင်နာခြင်း ပူနွေးနေခြင်း နာခြင်း ဖူးရောင်ခြင်း အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ လက္ခဏာများပြင်းထန်လျှင် […]


အခြားသွေးရောဂါများ

Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrombophlebitis (သွေးပြန်ကြောများရောင်ရမ်းခြင်း) ကဘာလဲ။ သွေးပြန်ကြောများရောင်ရမ်းခြင်း ဆိုတာ သွေးပြန်ကြောတွေ ရောင်ရမ်းပြီး သွေးခဲဖြစ်ပေါ်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပြန်ကြောရောင်ရမ်းတဲ့ ရောဂါ ဖြစ်တဲ့ အခါ ဖြစ်တဲ့ နေရာမှာ သွေးစီးဆင်းတဲ့ ပမာဏက နှေးကွေးပြီး သွေးပြန်ကြောထဲမှာ သွေးခဲငယ်ဖြစ်ပေါ်လာပါတယ်။ သွေးပြန်ကြောရောင်ရမ်းခြင်းဖြစ်ပေါ်တဲ့ လက်၊ ခြေထောက်တွေမှာ နီရဲ နာကျင်ပြီး ရောင်ရမ်းနိုင်ပါတယ်။ လက်နဲ့ လည်ပင်း သွေးပြန်ကြောတွေမှာ ထက် ခြေထောက်သွေးပြန်ကြောမှ ပိုဖြစ်နိုင်ပါတယ်။ အရေပြား မျက်နှာပြင်အနားမှာရှိတဲ့ သွေးပြန်ကြောရောင်ရမ်းမှုကို thrombophlebitis agriculture လို့ခေါ်ပါတယ်။ သွေးပြန်ကြောရောင်ရမ်းခြင်းဟာ အသက်အန္တရာယ်ကို မထိခိုက်စေပေမယ့် သွေးခဲတွေဟာ ခန္ဓါကိုယ် အတွင်းပိုင်း သွေးပြန်ကြောတွေ (အရေပြားနဲ့ ဝေးကွာတဲ့ နေရာက သွေးပြန်ကြောများ ) အထိဝင်ရောက်သွားတဲ့ အခါမှာတော့ အန္တရာယ်အလွန်ကြီးမားပါတယ်။ သွေးခဲတွေဟာ […]


အခြားသွေးရောဂါများ

Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း) ကဘာလဲ။ သွေးဥမွှား နည်းပါးခြင်းဆိုတာ ဘာလဲသွေးဥမွှားလေးများဆိုသည်မှာ ထိခိုက်ဒဏ်ရာရပါက သွေးခဲရန် ပါဝင်ဆောင်ရွက်ပေးရသော သွေးဆဲလ်လေးများဖြစ်သည်။ ထိုကဲ့သို့နည်းပါးနေခြင်းဆိုသည်မှာ သွေးတွင်းရှိ သွေးဥမွှားပမာဏသည် ပုံမှန်ထက် လျော့နည်းနေခြင်းကိုဆိုလိုသည်။ ထိုကဲ့သို့နည်းပါးနေခြင်းသည် ကျန်းမာရေးပြဿနာတခုခု (သို့) ရောဂါတခုခု (သို့) အချို့သော ဆေးဝါးများကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အချို့သော သွေးဥမွှားနည်းရောဂါများသည် မပြင်းထန်တတ်သည့် အပြင် လက္ခဏာ လည်းသိပ်မပြတတ်ကြပါ။ သို့သော် ပြင်းထန်ပါက သွေးဥမွှားပမာဏ သည် လွန်စွာနည်းပါး၍ ခန္ဓါကိုယ်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပွားနိုင်သည်။ Thrombocytopenia (သွေးဥမွှား နည်းပါးခြင်း) က ဘယ်လောက်အဖြစ်များသလဲ မည်သည့် အသက်အရွယ်မဆို ကလေးလူကြီးမခွဲခြားပဲ ဖြစ်ပွားနိုင်ပါသည်။ လက္ခဏာများThrombocytopenia (သွေးဥမွှား နည်းပါးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် သွေးတွင်းရှိ သွေးဥမွှားပမာဏအပေါ်တွင်မူတည်သည်။ ဖြစ်နိုင်သော လက္ခဏာများမှာ- အရေပြားတွင် ညိုမဲစွဲခြင်း အင်ပျင်များထွက်ခြင်း နှာခေါင်းနှင့်သွားဖုံး သွေးယိုခြင်း ရာသီသွေး အလွန်အကျွံသွန်ခြင်း စအိုလမ်းကြောင်းမှ သွေးယိုခြင်း ဆီးနှင့် ဝမ်းတွင် သွေးပါခြင်း မောပန်းလွယ်ခြင်း ပိုမိုပြင်းထန်သော […]


အခြားသွေးရောဂါများ

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကဘာလဲ။ Agnogenic Myeloid Metaplasia ဆိုတာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတစ်သျှူးများ အစားထိုးပေါ်ပေါက်လာကာ သွေးများဟာ ရိုးတွင်းခြင်ဆီမှာ ဖြစ်ပေါ်မလာတော့ဘဲ အသည်းနဲ့ ဘေလုံးမှာသာ ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရင် ဘေလုံးကြီးပြီး သွေးအားနည်းပါတယ်။ ဒီရောဂါကို AMM, chronic idiopathic myelofibrosis, idiopathic myelofibrosis, myelosclerosis with myeloid metaplasia နဲ့ primary myelofibrosis ဆိုပြီးတော့လည်း ခေါ်ဝေါ်ကြပါသေးတယ်။.   Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရှားပါးတဲ့ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး လူတသိန်းမှာ တယောက်လောက်ဖြစ်ပွားကြပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် […]


သွေးရောဂါများ

Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) ကဘာလဲ။ ထိခိုက်ဒဏ်ရာရတဲ့အခါ ပေါက်ပြဲသွားတဲ့ နေရာမှာ သွေးတွေစုပုံလာပြီး သွေးတိတ်စေသော ဖြစ်စဉ်ကို သွေးခဲခြင်းလို့ခေါ်ပါတယ်။ မတော်တဆ ပြတ်ရှသွားပြီဆိုပါစို့။ သွေးခဲခြင်းဖြစ်စဉ် ဖြစ်ပေါ်လာပါပြီ။ သွေးထဲတွင်ပါဝင်သော သေးငယ်သည့် သွေးမွှားဆဲလ်လေးတွေဟာ ထိခိုက်ဒဏ်ရာရရာနေရာလို့သွားရောက်ပြီး ကနဦးသွေးခဲလေးတွေ ဖြစ်လာစေပါတယ်။ သွေးထဲရှိ သွေးခဲစေသော ပစ္စည်းများဟာ လျင်မြန်စွာ ဓါတ်ပြုမှုတွေဖြစ်ပြီး ဖိုက်ဘရင်လို့ခေါ်တဲ့ အမျှင်လေးဖြစ်လာကာ သွေးမွားဆဲလ်လေးတွေကို အတူတကွစုစည်းပေးထားပါတယ်။ နောက်ထပ်သွေးမွှားဆဲလ်လေးတွေ ထပ်ဝင်လာပြီး ပိုကြာကြာခံနိုင်တဲ့ သွေးခဲဖြစ်စေပြီး သွေးတိတ်သွားစေပါတယ်။ ခန္ဓါကိုယ်ထဲမှာရှိတဲ့ အခြားပရိုတင်းတွေက သွေးခဲကြီးလိုတာထက်ပိုမကြီးလာစေဖို့ ဘယ်အချိန်မှာ သွေးခဲခြင်းဖြစ်စဉ်ရပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အနာကျက်သွားတဲ့အခါ ဖိုက်ဖရင်အမျှင်အရည်ပျော်သွားပြီး သွေးမွှားဆဲလ်တွေလည်း ပုံမှန်သွေးထဲမှာ ရှိနေကျပုံစံမျိုး ပြန်ဖြစ်သွားပါတယ်။ Blood Clots (သွေးခဲခြင်းနှင့်ပတ်သတ်ပြီး ဘာတွေသိထားသင့်သလဲ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး အလွန့်အလွန်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ […]


အခြားသွေးရောဂါများ

Sepsis (သွေးဆိပ်သင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sepsis (သွေးဆိပ်သင့်ခြင်း) ကဘာလဲ။ သွေးဆိပ်သင့်ခြင်း (Sepsis) ကို speticaemia ဟုလည်းခေါ်ပြီး ပိုးဝင်ခြင်းသို့မဟုတ် ဒဏ်ရာရခြင်း၏ နောက်ဆွဲပြဿနာအဖြစ် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ၎င်းသည် ပိုးဝင်ခြင်းကို တိုက်ဖျက်ရန်အတွက် ခန္ဓါကိုယ်တစ်ခုလုံးမှ ရောင်ရမ်းခြင်းဖြင့် တုန့်ပြန်ရန် သွေးတွင်းထဲသို့ ဓါတုပစ္စည်းများ ထုတ်လွှတ်ရာမှ ဖြစ်ပေါ်လာခြင်းပင်။ ထိုရောင်ရမ်းခြင်းမှ ပြောင်းလဲမှုအတန်းလိုက် ဖြစ်လာစေပြီး အင်္ဂါများစွာကိုထိခိုက်စေသည်။ ထို့ကြောင့် အင်္ဂါများ ပျက်စီးခြင်းဖြစ်လာပါသည်။ Sepsis (သွေးဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ သွေးဆိပ်သင့်ခြင်းမှာ အဖြစ်များပြီး အရွယ်ကြီးရင့်သူ၊ ကိုယ်ခံအားကျနေသူများတွင် အန္တရာယ်ပိုကြီးပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများSepsis (သွေးဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးဆိပ်သင့်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ ကိုယ်အပူချိန် 38.3oC အထက် သို့မဟုတ် 36oC အောက် တစ်မိနစ်လျှင် နှလုံးခုန်နှုန်း ၉၀ […]


အခြားသွေးရောဂါများ

Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Myelodysplastic Syndrome (MDS) (မိုင်ရယ်လိုဒစ်ပလက်စ်တစ် ဆင်ဒရုန်း) ကဘာလဲ။ Myelodysplastic syndromes များသည် ကောင်းကောင်းဖြစ်မလာသော သို့မဟုတ် အလုပ်ကောင်းကောင်းမလုပ်နိုင်သော သွေးဆဲလ်များကြောင့် ဖြစ်ရသည့် ရောဂါအုပ်စုကြီးဖြစ်ပါသည်။ Myelodysplastic syndrome များသည် ရိုးတွင်းချဉ်ဆီတွင် ပြဿနာရှိသည့်အခါတွင် ဖြစ်ရပါသည်။ (ချဉ်ဆီသည် အရိုးအတွင်းမှ ပွယောင်းသည့်ပစ္စည်းများဖြစ်ပြီး သွေးဆဲလ်များကို ထုတ်လုပ်ပေးသည်။) ထိုရောဂါသည် အပျော့စားမှ အပြင်းစားထိ ဖြစ်နိုင်ပါသည်။ ကိုယ့်၌ဖြစ်နေသည့် အမျိုးအစားပေါ်မူတည်ကာ တစ်ဦးနှင့်တစ်ဦးလည်း မတူညီပါ။ MDS အစောပိုင်းအဆင့်များတွင် လက္ခဏာလည်း လုံးဝမပြတတ်ပါ။ အတော်ကြာကာမှ မောပန်းသလို အသက်ရှုမဝသလို စခံစားရမည်ဖြစ်သည်။ ပင်မဆဲလ်အစားထိုးကုသခြင်းအပြင် တခြားပျောက်ကင်းနိုင်သည့် ကုထုံး မရှိပါ။ သို့သော် လက္ခဏာများအား ထိန်းချုပ်ရန်၊ နောက်ဆက်တွဲများအား ကာကွယ်ရန်၊ သက်တမ်းစေ့နေနိုင်ရန်နှင့် ဘဝအရည်အသွေးကောင်းမွန်ရန်တို့အတွက် ရွေးချယ်နိုင်မည့် ကုထုံးများစွာတော့ ရှိပါသည်။ Myelodysplastic Syndrome (MDS) […]


သွေးရောဂါများ

Coagulating Factors Concentration (ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ပစ္စည်း ပမာဏတိုင်းတာခြင်း)

အခြေခံကို သိခြင်းခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးခဲစေတဲ့ ပစ္စည်းပမာဏ ဆိုတာဘာလဲ သွေးခဲစေတဲ့ ပစ္စည်းပမာဏဆိုတာဟာ ခန္ဓါကိုယ်ထဲမှာ သွေးခဲဖို့ လုပ်ဆောင်နိုင်မှု ဘယ်လောက်ရှိတယ်၊ သွေးခဲတဲ့ ဖြစ်စဉ် ဘယ်လောက်ကြာတယ် ဆိုတာ တွက်ချက်နိုင်ဖို့ ဆရာဝန်တွေကို ကူညီပေးနိုင်ပါတယ်။ သင့် ခန္ဓါကိုယ်က ဒဏ်ရာ ရပြီး သွေးအလွန် ထွက်နေတဲ့အခါ (ဥပမာ – လက်မှာ ပြတ်ရှခြင်း) မှာ သွေးခဲစေတဲ့ ဖြစ်စဉ်က သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် ပုံမှန် သွေးကြောတွေမှာ သွေးခဲသွားပြီ ဆိုရင်တော့ အန္တရာယ် အရမ်းများပါတယ်။ ဘာကြောင့်လဲဆိုတော့ နှလုံး၊ အဆုတ်၊ ဦးနှောက် စတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သွေးမရောက်နိုင်တော့တဲ့ အတွက် နှလုံး ရုတ်တရက် အမောဖောက်ခြင်းနဲ့ လေဖြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ သွေးခဲစေတဲ့ ပစ္စည်းပမာဏ တိုင်းတာနိုင်တဲ့ ကျေးဇူးကြောင့်သာ သင့်ဆရာဝန်အနေနဲ့ […]


အခြားသွေးရောဂါများ

Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Disseminated Intravascular Coagulation (သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း) ကဘာလဲ။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်း သည် တကိုယ်လုံးတွင်ရှိသော သေးငယ်သောသွေးကြောများတွင် သွေးခဲမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုသွေးခဲများသည် သွေးစီးဆင်းမှုကို လျော့နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းဖြစ်စေကာ ခန္ဓာကိုယ်ရှိ အရေးပါသော အင်္ဂါ အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြင့် သွေးထဲတွင်ရှိသော သွေးမွှားဥများနှင့် သွေးခဲစေသောအရာများ ကုန်ဆုံးသွားသည်။ သွေးမွှားဥများဆိုသည်မှာ သွေးကြောများပြတ်ခြင်း ဖြစ်ပါက အနာကျက်စေရန် ထိုနေရာတွင် လာရောက်စုဝေးပြီး သွေးတိတ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။ သွေးခဲစေသော အရာများကိုလည်း ပုံမှန်သွေးခဲမှုဖြစ်စဉ်များတွင် လိုအပ်ပါသည်။ သွေးကြောတွင်း သွေးခဲမှုပြန့်နှံ့ခြင်းဖြစ်လျှင် ထိုအရာများကုန်ဆုံးသွားခြင်းကြောင်း ခန္ဓာကိုယ်၏ အတွင်းနှင့် အပြင်တွင် သွေးထွက်လာပါသည်။ ခန္ဓာကိုယ်၏ အတွင်းတွင်သွေးထွက်ခြင်းသည် ကိုယ်တွင်း အင်္ဂါများတွင် သွေးထွက်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ အပြင်တွင်သွေးထွက်ခြင်းသည် အရေပြားအောက်နှင့် ချွဲလွှာများတွင်သွေးထွက်ခြင်းဖြစ်သည်။ (ချွဲလွှာဟူသည် ကိုယ်တွင်းအင်္ဂါများ နှင့် နှာခေါင်း၊ ပါးစပ်စသည့် […]


အခြားသွေးရောဂါများ

Blood Disorders (သွေးရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blood Disorders (သွေးရောဂါများ) ကဘာလဲ။ သင့်ရဲ့သွေးထဲမှာ အရည်နှင့်အစိုင်အခဲဓါတ် ၂မျိုးပါဝင်ပါတယ်။ သွေးရည်ကြည်ကို ရေ၊ ဆားနှင့် ပရိုတင်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ သင့်သွေးထဲမှာ အစိုင်အခဲအနေနဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတို့ ပါဝင်ပါတယ်။ သွေးရောဂါတွေက သွေးထဲမှာရှိတဲ့ အစိုင်အခဲတွေရဲ့ အရည်အသွေးနှင့် လုပ်ငန်းတာဝန်ကို ပျက်စီးစေပါတယ်။ တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို ကျဆင်းစေနိုင်ပါတယ် သွေးအားနည်းရောဂါ – သွေးနီဥများကျဆင်းခြင်း Leukopenia – သွေးဖြူဥများကျဆင်းခြင်း Thrombocytopenia – သွေးဥမွှားများကျဆင်းခြင်း တချို့သွေးရောဂါတွေက သွေးဆဲလ်တွေရဲ့ ပမာဏကို များစေနိုင်တယ်။ Erythrocytosis – သွေးနီဥပမာဏ များခြင်း Leukocytosis – သွေးဖြူဥပမာဏများခြင်း Thrombocythemia – သွေးဥမွှားပမာဏများခြင်း တခြားသွေးရောဂါတွေက သွေးနီဥနဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ ပရိုတင်းဓါတ်ကို ပျက်စီးပြီး ကိုယ်ခံအားကျခြင်းနှင့် သွေးခဲစေရန်လုပ်ဆောင်ပေးတာတွေကို ကျဆင်းစေတယ်။ Blood Disorders (သွေးရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ သွေးရောဂါတွေက တော်တော်လေးတွေ့ရများတယ်။ အသက်အရွယ်၊ ယောကျာ်းမိန်းမ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်