Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ
Platelet (သွေးတိတ်စေတဲ့ သွေးဆဲလ်) ကို thrombocytes လို့လည်း သိကြပါတယ်။ သွေးဆဲလ် အမျိုးအစား တစ်ခုပါ။ ဒီ သွေးဆဲလ်လေးတွေက ရိုးတွင်းခြင်ဆီထဲမှာ ရှိနေနိုင်သလို အရိုးထဲက ရေမြှုပ်လိုမျိုး တစ်ရှူးထဲမှာလည်း ရှိနေနိုင်ပါတယ်။ ဒီသွေးဆဲလ်လေးတွေရဲ့ အဓိက တာဝန်က သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတာပါ။ ပုံမှန်အာဖြင့် သွေးကြော တစ်ခုခု ထိခိုက်မိတဲ့အခါ သွေးတွေ စထွက်လာပါတယ်။ ဒီအခြေအနေမှာ သွေးဆဲလ်လေးတွေက သွေးကို ခဲသွားစေဖို့ လုပ်ဆောင်ပေးပြီး ထိခိုက်မိသွားတဲ့ သွေးကြောကို ပိတ်သွားအောင် လုပ်ဆောင်ပေးရင် သွေးတိတ်စေဖို့ လုပ်ဆောင်ပါတယ်။ ပေါက်သွားတဲ့နေရာကို သွေးခဲအောင်လုပ်ပြီး ဖာထေးပေးတဲ့ သဘောပေါ့။ Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဆိုတာ သွေးတွေကို အမျိုးမျိုးသော သွေးဆဲလ်တွေ (သွေးနီဥဆဲလ်၊ သွေးဖြူဥဆဲလ်နဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်) […]