တစ်ခုခုနဲ့ ထိခိုက်မိရင် သွေးထွက်ပြီး သွေးမတိတ်တဲ့ သူတွေ ရှိပါသလား။ တစ်ခုခုနဲ့ တိုက်မိပြီး အညိုအမည်းစွဲနေတာ ပျောက်ကို မပျောက်တော့ဘူး ဆိုတဲ့ သူတွေရော ရှိပါသလား။ ဒီလို လက္ခဏာတွေလည်း ရှိတယ်။ ငယ်ငယ်လေးတည်းက ဖြစ်တာ၊ ယောကျာ်းလေးလည်း ဖြစ်နေတယ် ဆိုရင် ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါများလား ဆိုပြီး စဉ်းစားကြည့်ရမှာပါ။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲ။ အသက်အန္တရာယ်ရှိလားဆိုတာ လေ့လာကြည့်ရအောင်။