အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများရင်သားပြောင်းလဲမှု

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ရင်သားတွေ တွဲလာမယ်၊ပျော့လာမယ်၊ ပုံစံပြောင်းလာမယ်၊ သေးသွားမယ် ပြီးတော့ အလုံးအကျိတ်တွေ ပိုဖြစ်လွယ်လာမယ်။ ဒါတွေဟာ ပုံမှန်ဖြစ်တတ်တဲ့ သဘောတွေပါ။ အသက် လေးဆယ်လောက်ကစပြီး သင့်ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ပြောင်းလဲလာမှာပါ။ အသက်ကြီးလာရင် အဆီတစ်ရှူးတွေပိုများလာတာမို့ သင့်ရင်သားက ငယ်ငယ်တုန်းကလို ပြည့်ပြည့်တင်းတင်း ဖြစ်မနေတော့ပါဖူး။ ဒါ့အပြင် မူမမှန်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်လာမှာပါ။ အများအားဖြင့် အန္တရာယ်မရှိတဲ့ အလုံး၊အကျိတ်တွေ ဖြစ်လေ့ရှိပေမယ့်(ဥပမာ အရည်အိတ်တွေ) သူတို့ဟာ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေရဲ့ အချက်ပေးခေါင်းလောင်းလည်း ဖြစ်နိုင်ပါတယ်။   •ရင်သားပြောင်းလဲမှုများ သင့်ရင်သား ပုံမှန်နဲ့ မတူဘဲ ထူးထူးခြားခြား ပြောင်းလဲနေတာတခုခုရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးပါ။ ပထမဆုံး သတိထားမိချိန်မှာပဲ ပြသတာ အကောင်းဆုံးပါ။ နောက်တခါ ပုံမှန် mammogram နဲ့စစ်ဆေးမယ့် အချိန်ထိ စောင့်မနေပါနဲ့။mammogram ဆိုတာဟာ ဆရာဝန်စမ်းသပ်လို့ မသိနိုင်လောက်အောင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။ လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတိုင်း အသက်အရွယ်မရွေးလိုအပ်သော အရေးကြီး အာဟာရများ

ဘယ်အသက်အရွယ်မှာမဆို အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ အားအင်ပြည့်ဝဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုပ်ယူဖို့လိုအပ်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ ဖေါ်ပြမှာကတော့ အမျိုးသမီးတိုင်း သူတို့ရဲ့ ဆယ်ကျော်သက်၊ ကလေးမွေးတဲ့ အသက်အရွယ်နဲ့ အသက်ကြီးချိန်တွေမှာ လိုအပ်တဲ့ အာဟာရ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ် Standford Medical University and Clinics က medical nutrition therapist ဖြစ်သူ Heather Schwartz က ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိဖို့ဟာ အသက်အရွယ်အကုန်လုံးအတွက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ကယ်လ်ဆီရမ်ဟာ အရိုးတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ် အများအပြားပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ နွားနို့၊ ချီးစ်၊ ဒိန်ချဉ်နဲ့ အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီ၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ

သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ....... အမျိုးသမီးတွေရဲ့ ၇၅ ကနေ ၈၀ ရာခိုင်နှုန်းဟာ မှားယွင်းတဲ့ ဘရာ အရွယ်အစားတွေ ဝတ်ဆင်နေကြပါတယ်။ ပိန်ခြင်း ဝခြင်း ကိုယ်ဝန်ဆောင်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့်မို့ ခုချိန်မှာ မှန်ကန်တဲ့ အရွယ်အစားကို ဝတ်နေရင်တောင် နောင်မှာ ပြောင်းဖို့ လိုကောင်းလိုလာပါလိမ့်မယ်။ သင့် ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ဘရာအရွယ်အစားကို ဘယ်လိုသိနိုင်မလဲ ဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။ တိုင်းတာသင့်ပါသလား သင့်ရဲ့ ဘရာအရွယ်အစားကို တိုင်းဖို့ ခက်ကောင်းခက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းညွှန်ချက် အတိုင်း လုပ်ကြည့်မယ် ဆိုရင် ကိုယ်နဲ့ တော်၊ မတော် တိုင်းတာလို့ရမှာပါ။ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရင်သားအရွယ်အစားက မတူပါဘူး။ ဒါကြောင့်မို့ တပြေးညီ ချုပ်ထားတဲ့ ဘရာတွေက လူတိုင်းနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် )

အဓိပ္ပာယ်ဖွင့်ဆိုချက် Fibroadenoma (ကင်ဆာမဟုတ်သည့် ရင်သား အကျိတ် ) ကဘာလဲ။ Fibroadenoma ဆိုတာက ရင်သားမှာ ဖြစ်တတ်တဲ့ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအကျိတ်ဖြစ်ပါတယ်။ ရင်သားမှာဖြစ်တဲ့ အကျိတ်အားလုံးက fibroadenoma တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ fibroadenoma ကို ရင်သားကင်ဆာနဲ့ မှားတတ်ကြပါတယ်။ ကင်ဆာအကျိတ်နဲ့ ခွဲခြားနိုင်တဲ့အချက်က fibroadenoma ကအချိန်ကြာလာပေမယ့် အရွယ်ကြီးလာတာမျိုး ရှားပါတယ်။ သူက ရင်သားတစ်ရှူးထဲမှာပဲ ရှိနေတတ်ပါတယ်။ ရင်သားကို စမ်းသပ်ချိန်မှာ အကျိတ်ကို ခံစားမိနိုင်ပါတယ်။ ရင်သားမှာ ရာဘာလိုမျိုး ခပ်တင်းတင်းအလုံးကို စမ်းမိပြီး ဒီအလုံးကို မိအောင် လက်နဲ့ မနည်းလိုက်ဖမ်းနေရတယ်ဆိုရင် ကင်ဆာမဟုတ်တဲ့ fibroadenoma အကျိတ် ဖြစ်နိုင်ပါတယ်။ တိကျတဲ့ စစ်ဆေးစမ်းသပ်အတည်ပြုချက်တွေတော့ လိုအပ်ပါတယ်။ Fibroadenomaက ဘယ်လောက်အဖြစ်များသလဲ ဒီအကျိတ်က ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အပျိုဖော်ဝင်စအမျိုးသမီးတွေနဲ့ အသက်၃၀အောက် အမျိုးသမီးတွေမှာ အဖြစ်များတတ်ပါတယ်။ […]


အမျိုးသမီး ကျန်းမာရေး

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကဘာလဲ။ သားအိမ်အတွင်းရှိတစ်ရှူးများ သားအိမ် ပြင်ပသို့ရောက်ခြင်းဟာ ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ဖြစ်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဒီရောဂါရှိလျှင် သင့်သားအိမ်အတွင်းနံရံ တစ်ရှူးတွေဟာ သင့်ရဲ့သားဥပြွန်ထဲ ရောက်နေနိုင်ပါတယ်။ ဒီလိုနေရာလွဲနေတဲ့ တစ်ရှူးတွေက သားအိမ်အတွင်းမှာကဲ့သို့ ရာသီလာချိန်တွင် ကွာကျပြီး သွေးထွက်ခြင်းကို ဖြစ်ပေါ်စေတယ်။ သို့သော် အဲဒီသွေးတွေက သားအိမ်ပြင်ပမှာ ဖြစ်ပေါ်တဲ့အတွက် ခန္ဓါကိုယ်ပြင်ပကို မစီးနိုင်ဘဲ အတွင်းမှာပိတ်မိနေတတ်တယ်။ ထိုအခါ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း၊ ရောင်ရမ်းခြင်းဖြစ်စေပြီး တခြားရောဂါလက္ခဏာအများအပြားကို ဖြစ်စေနိုင်ပါတယ်။ သားအိမ်အတွင်းတစ်ရှူးတွေရောက်လေ့ရှိသော သားအိမ်ပြင်ပနေရာများမှာ သားဥပြွန်၊ မမျိုးဥအိမ် ၊အူမကြီးနှင့် တင်ပါးဆုံပိုင်းတွင်းရှိ တစ်ရှူး နေရာတို့ ဖြစ်ကြတယ်။ ဒါ့ပြင် ဘေးနားမှာရှိတဲ့ တစ်ရှူးတွေကို သွားလှုံ့ဆော်တဲ့အတွက် နာကျင်ခြင်း၊ အမာရွတ်များထင်ခြင်း၊ ရေအိတ်ဖြစ်ခြင်းတို့ကို ကြုံရနိုင်ပြီး ကလေးရဖို့ခက်တဲ့ အခြေအနေထိ ဖြစ်သွားတတ်တယ်။ Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) က […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)