စိတ်ဖိစီးတာ ကာလရှည်ကြာ စိတ်ဖိစီးတာက ဆီးခုံမွေးကို အရွယ်မတိုင်ခင်မှာ ဖြူစေတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ စိတ်ဖိစီးမှု များနေပြီဆိုရင် ကိုယ်တွင်းမှာ ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှုကို ဟန့်တားနိုင်တဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်လိုက်တာကြောင့် အိုမင်းမှုဖြစ်စဉ်ကို အရှိန်မြင့်စေပြီး ဆီးခုံမွေးကို အရောင်ပြောင်းစေတာပါ။
- ရောင်ခြယ်ပစ္စည်း ဆုံးရှုံးတဲ့ အရေပြားပြဿနာ (Vitiligo) ခံစားနေရတာ
Vitiligoဆိုတာက ကိုယ်တွင်းမှာ ရောင်ခြယ်ပစ္စည်း ဆုံးရှုံးစေတဲ့ အရေပြား ပြဿနာပါ။ ဒီလို အရေပြား ပြဿနာကို ခံစားရမယ်ဆိုရင်တော့ အရေပြားမှာရော အမွေးအမျှင်တွေပါ အကွက်လိုက် ဖြူလာတာမျိုး၊ ဆီးခုံမွေးတွေ ဖြူလာတာမျိုး ခံစားရနိုင်ပါတယ်။
- ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ
အမွေးအမျှင်တွေကို ဖယ်ရှားတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတာ၊ ခရင်မ်၊ ဆပ်ပြာတွေကို အသုံးပြုပြီး ဆီးခုံမွေးတွေကို ဖယ်ရှားတာက အရေပြားနဲ့ မွေးညှင်းအိတ်လေးတွေကို ထိခိုက်စေပြီး ဆီးခုံမွေးတွေကို ဖြူစေတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်မှာ အသုံးပြုမယ့်အရာတွေကို သတိထား ရွေးချယ်ဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။