အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေ ဘဝတလျှောက်မှာ ကျန်းမာနေစေဖို့ မှန်ကန်တဲ့ ကျန်းမာရေးအချက်အလက်တွေ သိထားဖို့ လိုပါတယ်။ ဒါမှ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အဖြစ်များတဲ့ ရောဂါတွေ (ဥပမာ ပိုးဝင်တာ၊ ဟော်မုန်းမမျှတတာ၊ အကျိတ်ဖြစ်တာ)ကနေ ကာကွယ်နိုင်မှာပါ။ ဒီစာမျက်နှာမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးသည်အထိ လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီး ကျန်းမာရေး

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီး ကျန်းမာရေး ကို ရှာဖွေမည်။

တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

သင့် မိန်းမကိုယ်နဲ့ ပတ်သက်လို့ ကြုံလာရနိုင်တဲ့ ပြဿနာတွေ အများကြီးပါ။ တစ်ခါတလေဆိုရင် လမ်းညွှန်စာအုပ်တောင် ရှာဖတ်ရမလိုပါပဲ။ ဒါကြောင့် ကျွမ်းကျင်နားလည်တဲ့ ပညာရှင်တွေကို မေးမြန်းပြီး ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံကာ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဖြစ်လေ့ဖြစ်ထအရှိဆုံး အခြေအနေကိုးမျိုးနဲ့ ဒီအခြေအနေတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို မျှဝေပေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ၁။ အဖုလေးလို ဖြစ်နေတာမျိုးတွေ့ရင် ကိုယ့်ရဲ့ အရေးကြီးတဲ့ နေရာမှာ ဒါမျိုးတွေ့ရင် ဘယ်သူမလန့်ပဲ နေပါ့မလဲ။ မိန်းမကိုယ်မှာ အဖုလေးလို ဖြစ်နေတာ၊ အသားမှာ ဖောင်းဖောင်းလေး ဖြစ်နေတာဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် သားဖွားမီးယပ် ဆရာဝန်တွေရဲ့ အဆိုအရ များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးဟာ သိပ်ပြဿနာမရှိလို့ဘူး ဆိုပါတယ်။ အရေပြားအပြင်ကို ထွက်လာရမယ့်အစား အတွင်းဖက်ကို ပေါက်တဲ့ အမွေးအမျှင် (မွေးကျွတ်နာ) လိုမျိုးကနေ သာမန်အဆီလုံးထိ ဖြစ်နိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။ လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား

လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား ....... လိင်ဆက်ဆံမှု မရှိရင် မိန်းမကိုယ်ကူးစက်ရောဂါ ဖြစ်ပွားခြင်း မဖြစ်နိုင်ဘူးလို့ လူအတော်များများက ယုံကြည်ကြပါတယ်။ ဒါဟာ မှန်ကန်ပါသလား။ ဒီဆောင်းပါးမှာတော့ လိင်မဆက်ဆံပဲ မိန်းမကိုယ်ကူးစက်ရောဂါဖြစ်ပွားနိုင်သလားဆိုတဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာဖြစ်ပါတယ်။ လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား လိင်ဆက်ဆံမှုမပြုဘဲ မိန်းမကိုယ်ပိုးဝင်နိုင်ပါသလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်း ကို ဘယ်လိုသိရှိမလဲ။ မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းရဲ့ လက္ခဏာ အများစုကတော့ မိန်းမကိုယ် တစ်ဝိုက်မှာ ယားယံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ အရည်ဆင်းခြင်း တွေပဲ ဖြစ်ပါတယ်။ သင်ဟာ လိင်ဆက်ဆံမှုများပြီး မကြာသေးမီက လူတစ်ယောက်ယောက်နဲ့ လိင်ဆက်ဆံခဲ့ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေကို ကြုံတွေ့နေရပြီဆိုရင် သင့်မှာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါဖြစ်ပွားနေဖို့ များပါတယ်။ မိန်းမကိုယ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းဟာ လိင်မှုဆိုင်ရာ […]


တင်ပါးဆုံပိုင်းဆိုင်ရာပြဿနာများ

မိန်းမကိုယ် ကို ကာကွယ်နည်း ၁၁ ချက်

သင့်မိန်းမကိုယ်ကို ကျန်းမာအောင် အကြံပေးချက်တွေ အကုန်ကို လိုက်နာတယ်လို့ ထင်ကောင်းထင်မှာ ဖြစ်ပေမယ့် မိန်းမကိုယ်ကို ကာကွယ်ဖို့အတွက် အခြားနည်းပေါင်းများစွာ ရှိပါသေးတယ်။ ကွန်ဒုံးသုံးပါ။ ကွန်ဒုံးတွေဟာ သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ကိုယ်ဝန် ရရှိခြင်းတွေမှ ကာကွယ်ပေးပါတယ်။ ဒါ့ပြင် သူဟာ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းပေးပြီး ၎င်းကို ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေက ဖျက်ဆီးပစ်ခြင်းကလည်း ကာကွယ်ပေးပါတယ်။ ဒီလို သေးငယ်တဲ့အကောင်လေးတွေဟာ မိန်းမကိုယ်ကို မှို ရောဂါတွေ၊ ဆီးလမ်းကြောင်းက ကူးစက်တတ်တဲ့ရောဂါတွေနဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း တို့ကနေ ကာကွယ်ပေးဖို့ အတွက် အရေးကြီးပါတယ်။ ချည်အတွင်းခံကို ဝတ်ဆင်ပါ (သို့) အတွင်းခံ မဝတ်ဆင်ပါနဲ့။ အပြင်ထွက်မယ်ဆိုရင် ချည်သားဟာ သင့်မိန်းမကိုယ်အတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းစေပြီး ရေငွေ့တွေကို စုပ်ယူလို့ပဲဖြစ်ပါတယ်။ […]


ရာသီလာခြင်း

ရာသီလာစဉ် ရှောင်ရမည့် အချက်များ

အမျိုးသမီးတွေဟာ သူတို့ရဲ့ ဓမ္မတာလာစဉ်မှာ ဆီးစပ်ကိုက်ခဲခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြောင်းလဲခြင်း စတဲ့ လက္ခဏာတွေကို များသောအားဖြင့် ခံစားရလေ့ရှိပါတယ်။ ဓမ္မတာ လာနေစဉ်ရက်တွေမှာ အမျိုးသမီးတွေကို ပင်ပန်းမှု အနည်းဆုံးနဲ့ အကျန်းမာဆုံးဖြစ်အောင် ကူညီဖို့အတွက် သားဖွားမီးယပ်ဆရာဝန်များက ညွှန်ပြထားတဲ့ ရာသီလာစဉ် ရှောင်ရမည့် အချက်များ အကြောင်းကို ယခုဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။ ရာသီလာစဉ် ရှောင်ရမည့် အချက်များ ရာသီလာစဉ် ရှောင်ရမည့် အချက်များ ကတော့ အငန်ဓာတ်များသော အစားအသောက်များ စားခြင်းကို ရှောင်ကြဉ်ပါ ရာသီလာနေစဉ် အတောအတွင်းမှာ အမျိုးသမီးများတွေက ဟော်မုန်းအပြောင်းအလဲကြောင့် ခန္ဓာကိုယ်အတွင်း အရည်များစုပုံခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် ဆားပမာဏ များတဲ့ အစားအသောက်တွေကို စားမိတဲ့ အခါမှာ ခန္ဓာကိုယ်မှာ ရေဓာတ်စုပုံလာပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ငန်တာတွေကို စားမိရင် ဗိုက်ကယ်၊ ဗိုက်ဖောပြီး၊ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတိုင်း အသက်အရွယ်မရွေးလိုအပ်သော အရေးကြီး အာဟာရများ

ဘယ်အသက်အရွယ်မှာမဆို အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ အားအင်ပြည့်ဝဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုပ်ယူဖို့လိုအပ်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ ဖေါ်ပြမှာကတော့ အမျိုးသမီးတိုင်း သူတို့ရဲ့ ဆယ်ကျော်သက်၊ ကလေးမွေးတဲ့ အသက်အရွယ်နဲ့ အသက်ကြီးချိန်တွေမှာ လိုအပ်တဲ့ အာဟာရ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ် Standford Medical University and Clinics က medical nutrition therapist ဖြစ်သူ Heather Schwartz က ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိဖို့ဟာ အသက်အရွယ်အကုန်လုံးအတွက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ကယ်လ်ဆီရမ်ဟာ အရိုးတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ် အများအပြားပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ နွားနို့၊ ချီးစ်၊ ဒိန်ချဉ်နဲ့ အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီ၊ […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်တွင်း ဘက်တီးရီးယားပိုးဝင်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ

မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဆိုတာအမျိုးသမီးတွေမှာတွေ့ရတဲ့ မီးယပ်ရောဂါနဲ့ ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်အတွင်းမှာရှိတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်းလေးတွေရဲ့ ညီမျှမှုပျက်စီးတဲ့အခါ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားတတ်ပါတယ်။ ဒီအခါ မကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ဟာကောင်းတဲ့ ဘက်တီးရီးယားအရေအတွက်ကိုကျော်လွန်ပြီးအလျင်အမြန်ပြန့်ပွားတတ်ပါတယ်။ လက္ခဏာများ မိန်းမကိုယ်တွင်းဘက်တီးရီးယားပိုးဝင်ခြင်းဖြစ်ပွားရင် အောက်ပါလက္ခဏာတွေကို ကြုံတွေ့ရတတ်ပါတယ်။ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေဟာအရည်ကြဲပြီးရေလိုမျိုးဖြစ်ကာမီးခိုးရောင် (သို့) အဖြူရောင် ရှိတတ်ပါတယ်။ မိန်းမကိုယ်ဟာအနဲ့ပြင်းပြီးငါးညှီနဲ့လိုမျိုးမကောင်းတဲ့အနံ့ ရှိတတ်ပါတယ်။ မိန်းမကိုယ်အပြင်ဘက်မှာယားယံတတ်ပါတယ်။ ဆီးသွားရင် ပူလောင်တဲ့ ခံစားမှုမျိုးရရှိတတ်ပါတယ်။   ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသမလဲ။ အောက်ဖေါ်ပြပါ အချက်အလက်တွေ ရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အရင်ကသတိမထားမိတဲ့ မိန်းမကိုယ်မှာထူးဆန်းတဲ့ အနံ့နဲ့ ထိတွေ့ခံစားရမှုတွေနဲ့အတူမိန်းမကိုယ်ကအရည်ထွက်တာပါ။ သင့်ဆရာဝန်ဟာရောဂါဖြစ်ခြင်းရဲ့ အကြောင်းရင်းကိုစစ်ဆေးပြီးသင့်တော်တဲ့ဆေးတွေ ညွှန်ကြားပါလိမ့်မယ်။ သင့်မှာအရင်တုံးကမိန်းမကိုယ်ရောဂါပိုးဝင်ဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သင့်မိန်းမကိုယ်ကထွက်တဲ့ အရည်ရဲ့ အရောင်ဟာကွဲပြားခြားနားပါတယ်။ သင့်မှာလိင်ဆက်ဆံသူအမြောက်အမြား (သို့) မကြာသေးမီကအသစ်တစ်ဦးရှိပါတယ်။ ပြီးတော့မှ သင့်ထံမှာအပေါ်မှာဖေါ်ပြထားတဲ့ ရောဂါ လက္ခဏာတွေ ရှိလာတာပါ။ သင် ဆေးဆိုင်မှာတင် […]


မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် ကာကွယ်ခြင်း

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ် (bacteria vaginosis)ဆိုတာဘာလဲ မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ်ဆိုတာမိန်းမကိုယ်ထဲမှာဘက်တီးရီးယားပိုးညီမျှမှု ပြောင်းလဲခြင်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပိုးအပျော့စားတစ်မျိုးဖြစ်ပါတယ်။ မိန်းမကိုယ်ဆိုတာကောင်းခြင်းရော၊ ဆိုးခြင်းရောကိုပေးတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်လေးတွေအတွက် ခိုလှုံရာနေရာဖြစ်ပါတယ်။ ကောင်းတဲ့ အကောင်လေးတွေဟာမကောင်းတဲ့အကောင်လေးတွေကိုအလွန်အကျွံ ပွားခြင်းမှ ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အကောင်လေးတွေရဲ့ ပမာဏဟာအများစုကိုမထိန်းချုပ်ထားနိုင်ရင် သူတို့တွေရဲ့ ညီမျှမှု ပျက်စီးသွားပါတယ်။ ဒီအခါမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်မှု ဖြစ်ပွားပါတယ်။ ဒီရောဂါကိုအမျိုးသမီးတွေမှာအသက် ၁၅ ကနေ ၄၄နှစ်အတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ လူပေါ်မူတည်ပြီးရက်အနည်းငယ်အကြာမှာပျောက်သွားတဲ့သူရှိသလိုပိုဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေအထိ ဖြစ်သွားနိုင်တဲ့ လူမျိုးလဲရှိပါတယ်။   မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဘာကြောင့်ဖြစ်ပါသလဲ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာဘက်တီးရီးယားပိုးမညီမျှမှုဟာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မညီမျှမှုကိုဘာတွေက ဖြစ်စေပါသလဲ။ တချို့အခြေအနေတွေကမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်စေမှုကိုပိုမို မြင့်တက်စေပါတယ်။ ဥပမာ လိင်ဆက်ဆံသူအသစ်တိုးခြင်း (သို့) လိင်ဆက်ဆံသူအများအပြားရှိခြင်း မိန်းမကိုယ်ကိုသန့်ရှင်းရင် ရေစီးကြောင်း (သို့) ဆေးရည်ကိုအသုံးပြုခြင်း ဆေးလိပ်သောက်ခြင်း အတွင်းခံကိုလျှော်ရန် ဆပ်ပြာမှုန့်ပြင်းပြင်းကိုအသုံးပြုခြင်း မိန်းမကိုယ်ကိုဆေးကြောရန် အနံ့ပျောက်ဆေးကိုအသုံးပြုခြင်း ပိုးသတ်ဆေးရန်၊ အမြှုပ်ပါသောရေမွှေးဆပ်ပြာရည်၊ အနံ့ပါသောဆပ်ပြာတို့ဖြင့် […]


ရာသီလာခြင်း

အမျိုးသမီးလစဉ်သုံး Tampon သုံးစွဲပြီး ရေကူးခြင်းကအဆင်ပြေနိုင်ခြင်းရှိ/မရှိ

အမျိုးသမီးလစဉ်သုံးTampon ဆိုသည်မှာ -Tamponသည် အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကဲ့သို့ပင်အမျိုးသမီးများ၏ ရာသီသွေးကိုစုပ်ယူနိုင်သော ပစ္စည်းဖြစ်ပါသည်။Tamponများကို နူးညံ့သောဝါဂွမ်းဖြင့် ပြုလုပ်ထားပြီးရှည်မျောမျော ပုံစံဖြစ်သည်။ အချောင်းပုံစံပြုလုပ်ထားသဖြင့် မိန်းမကိုယ်အတွင်းသို့ လွယ်ကူစွာ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ရာသီသွေးကို ချက်ချင်းစုပ်ယူနိုင်သဖြင့် သင့်ကို ခြောက်သွေ့သန့်ရှင်းစေပါသည်။Tamponများကို စုပ်ယူအားပေါ် မူတည်၍အရွယ်အစား အမျိုးမျိုး ရရှိနိုင်ပါသည်။ နီးစပ်ရာ စူပါမားကတ်၊ဆေးဆိုင်များနှင့် စတိုးဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူရှိနိုင်သည်။ Tampon ၏အရွယ်အစားကိုရွေးချယ်နည်း -သင့်ရာသီသွေးပမာဏအပေါ် မူတည်၍ နှစ်သက်သလိုရွေးချယ်နိုင်ပါသည်။ သို့သော် ယခုမှစ၍ Tamponသုံးသူဖြစ်ပါက အရွယ်အစားသေးသေးကို သုံးမှသာ ထည့်သွင်းအသုံးပြုရလွယ်ကူပေလိမ့်မည်။ သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ -သွေးဆိပ်တက်သွေးလန့်ရောဂါလက္ခဏာစု(TSS)ဆိုသည်မှာ ဘက်တီးရီးယားပိုးဝင်ခြင်း၏ နောက်ဆက်တွဲရှားပါးသော အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတစ်ခုဖြစ်ပါသည်။ အဓိကအားဖြင့် staphylococcus မျိုးနွယ် ရောဂါပိုးကြောင့်ဖြစ်သည်။ အထူးသဖြင့် Tampon အသုံးပြုသော ဆယ်ကျော်သက်အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိပါသည်။Tampon ကိုယ်တိုင်ကTSS ဖြစ်စေခြင်းတော့ မဟုတ်ပါ။Tampon သုံးခြင်းဖြင့် မိန်းမကိုယ်အတွင်းတွင် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားရန်နေရာ […]


အမျိုးသမီး ကျန်းမာရေး

သားအိမ်ခေါင်းတွင် အသားပိုဖြစ်ခြင်း

သားအိမ်ခေါင်းမှာ အလုံး (အသားပို)ဖြစ်ခြင်း ဆိုတာက အမျိုးသမီးရောဂါတစ်ခု ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ လိင်မှုကိစ္စကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာပါ ပြဿနာပေးနိုင်ပါတယ်။ သားအိမ်ခေါင်းတွင် အသားပို ဖြစ်တယ် ဆိုတာ ဘာလဲ သားအိမ်ခေါင်းမှာ ကင်ဆာမဟုတ်တဲ့ အကြိတ်ဖြစ်တာမျိုးကို ဆိုလိုတာပါ။ ယေဘုယျအားဖြင့်တော့ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လိုက်ရင်တော့ သားအိမ်အထက်ပိုင်းမှာ အလုံးအကြိတ်ဖြစ်တာမျိုးနဲ့ တွဲဖြစ်တတ်ပါတယ်။ တဖြည်းဖြည်းနဲ့ အဲ့ဒီအလုံးအကြိတ်က ကြီးလာပြီး ဆီးလမ်းကြောင်းကို ပိတ်မယ်၊ မွေးလမ်းကြောင်းထဲကို ထိုးထွက်လာနိုင်ပါတယ်။ အဲဒီအချိန်မှာဆိုရင်တော့ သင့်အနေနဲ့သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုမျိုး ရပါလိမ့်မယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ သင့်မှာ သားအိမ်ခေါင်းအကြိတ်ဖြစ်တာမျိုး ရှိရင်တော့ မွေးလမ်းကြောင်းက သွေးအများကြီးဆင်းတာ၊ မူမမှန်သွေးဆင်းတာ အဲဒီလိုသွေးဆင်းရာကတစ်ဆင့် သွေးအားနည်းတာ၊ မောပန်းတာ၊ အားနည်းလာတာ လိင်ဆက်ဆံတဲ့အခါ နာကျင်တာ ဗိုက်မှာ တခုခုဖိနေသလို၊ အလုံးတည်နေသလို ခံစားရတာ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)