HIV နှင့် AIDS ရောဂါ

လူသားခုခံအားကို ကျဆင်းစေသည့်ဗိုင်းရပ်စ် (HIV) က လူသားရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS) ဖြစ်လာမှာပါ။ ဒီအခြေအနေ နှစ်ရပ်စလုံးအတွက် လုံလောက်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ဒီအခြေအနေကို ကာကွယ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ဒီကဏ္ဍမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

HIV နှင့် AIDS ရောဂါ

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

HIV နှင့် AIDS ရောဂါ ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ဆေး ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေး ( HIV ဆေး ) များ သည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။   ART ဆေး ( HIV ဆေး ) များသည် ခန္ဓာကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။ · သွေးအားနည်းခြင်း · ဝမ်းလျှောခြင်း · ခေါင်းမူး၊ ခေါင်းကိုက်ခြင်း · နုံးချိခြင်း · ပျို့အန်ခြင်း · ကိုယ်လက်နာကျဉ်ခြင်း · ထုံကျဉ်ခြင်း · အနီကွက် အနီစက်များပေါ်ခြင်း · အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း သို့မဟုတ် အဆီစုလာခြင်း · သွေးတွင်းအချိုဓာတ် များပြားလာခြင်း · အရိုးပွခြင်း · သွေးတွင်း lactic […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါမှန်း သိရပြီးချိန်၏ စိတ်အခြေအနေ

HIV ရောဂါမှန်း သိရချိန်တွင် ဘဝတွင် စိတ်အဆင်းရဲဆုံး အခြေအနေနှင့် ကြုံတွေ့ရနိုင်ပါသည်။ ကိုယ်ခန္ဓါ ပြောင်းလဲမှုများ အပြင် မိမိပတ်ဝန်းကျင်၊ မိသားစု၊ သူငယ်ချင်းများနှင့် ဆက်ဆံရေးလည်း ပြောင်းလဲနိုင်ပါသည်။ ထိုသို့သော စိတ်ဖိစီးမှုများသည် မိမိ၏ ဘဝတက်လမ်းကို ထိခိုက်နိုင်ပါသည်။ ထိုကြောင့် မည်သို့ ခံစားရပုံနှင့် ဘယ်လို ကျော်ဖြတ်ရမလဲ ဟူသော အခြေအနေများကို သိထားသင့်ပါသည်။   ကြောက်ခြင်းနှင့် စိတ်ပူခြင်း ကြောက်ခြင်းသည် လူတိုင်း HIV ရောဂါမှန်း သိရပြီးချိန်တွင် ခံစားရသော ပုံမှန်ခံစားမှုမျိုး ဖြစ်ပါသည်။ အစပိုင်းတွင် ခံစားရသည်များမှာ မိမိ၏ သူငယ်ချင်း၊ မိသားစုများက မိမိကို အထင်သေးမည်၊ ပယ်မည် စသည်ဖြင့် တွေးတောနေခြင်းကြောင့် ဖြစ်သည်ဟု HIV/AIDS စိတ်ကျန်းမာရေးဌာနက ပြောကြားသည်။ ကြောက်ခြင်းသည်လည်း ကြာရှည်စွာ ကုသရမည့် အချက်မျိုး ဖြစ်သည်။ ထိုမှတစ်ဆင့် တခြားသော […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါဖြစ်မှန်း သိပြီး၍ နေထိုင်မှုနှင့် အစားအသောက်ပုံစံ ပြောင်းလဲခြင်း

HIV ဟု သိလိုက်ပြီး သကာလ မိမိ၏ဘဝသည်လည်း ပြောင်းလဲသွားပါသည်။ ပို၍ ခက်ခဲလာပါလိမ့်မည်။ သို့သော် ကောင်းသောဘက်ကို ပြောင်းလဲမည်ဆိုလျှင် ကျန်းမာရေးကို အထောက်အကူပြုပြီး စိတ်လှုပ်ရှားဖွယ် ဖြစ်နိုင်ပါသည်။ အောက်ဖော်ပြပါ အချက်များမှာ ကျန်းမာသော နေထိုင်မှုဘဝ ရရှိစေရန်အချက်များ ဖြစ်ပါသည်။ မှတ်တမ်းထားပါ ယခင်က မှတ်တမ်း မထားဖူးပါက ယခုပြုလုပ်ကြည့်ပါ။ ဆရာဝန်များနှင့် တိုင်ပင်၍ ပြုလုပ်ကြည့်ပါ။ ဆရာဝန်ပြောသမျှ မိမိမေးချင်သော မေးခွန်းများကို ချရေးထားပါ။ ဆေး စသောက်လျှင်လည်း မှတ်တမ်းထားပါ။ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ခံစားရလျှင်လည်း ချရေးထားပါ။ ဆရာဝန်က သွေးထဲတွင်ရှိသော CD4 ပမာဏနှင့် ရောဂါပိုးပမာဏကို စစ်ခိုင်းပါကလည်း အဖြေများကို မှတ်တမ်းထားပါ။ မှတ်ထားသည်မှာ များလေလေ ကျန်းမာရေးအတွက် ကောင်းလေလေ ဖြစ်ပါသည်။ မိမိ၏သူငယ်ချင်း၊ မိတ်ဆွေများနှင့် သူငယ်ချင်းများကို ရောဂါအကြောင်း ပြောပြထားပါ။ မိမိရောဂါ […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါသည်များအတွက် လေ့ကျင့်ခန်း နည်းလမ်းများ

မိမိသည် ယခင်က တစ်ခါမျှ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူ မဟုတ်လျှင် ရောဂါအကြောင်းသိပြီးမှ ပြုလုပ်သူများအဖို့ အနည်းငယ် ခက်ခဲပါလိမ့်မည်။ အောက်ဖော်ပြပါ အချက်များ လိုက်နာခြင်းဖြင့် အနည်းငယ် သက်သာစေနိုင်ပါသည်။ နှိုးစက် နှစ်လုံးထားပါ ပထမအဆင့်တွင် အိပ်ရာထရန် ခက်ခဲပါလိမ့်သည်။ ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ရန် သေချာပြီဆိုလျှင် နှိုးစက်နှစ်လုံးကို အိပ်ရာနှင့် ဝေးဝေးထားပါ။ ပထမတစ်ခုမှာ မိနစ်အနည်းငယ် ထပ်၍ နေလို့ရသည်ဟု အချက်ပေးသည်ဖြစ်ပြီး ဒုတိယ တစ်လုံးမှာ ထရန် အချက်ပေးခြင်း ဖြစ်ပါသည်။ အစားအသောက် မှန်ပါစေ လေ့ကျင့်ခန်းလုပ်လျှင် ရေကို လုံလောက်စွာ သောက်သုံးခြင်းသည် အရေးကြီးသောအချက် ဖြစ်ပါသည်။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ၊ ချောကလက်၊ အရက်သောက်သုံးခြင်း တို့သည် ကိုယ်ခန္ဓါအတွက် မကောင်း ဆိုသောအချက်ကို သိထားသင့်ပါသည်။ လေ့ကျင့်ခန်း မလုပ်မီ ထမင်း၊ ဟင်း မစားပါနှင့်။ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှူ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ပြောကြားချက်များအရ ၂၀၁၃ ခုနှစ်တွင် ၁.၅ သန်းသော လူများသည် HIV ရောဂါနှင့် အသက်ဆုံးရှုံးနေရပါသည်။ HIV ရောဂါသည် ခန္ဓါကိုယ် အရည်များ၊ ဥပမာ - သွေး၊ ယောနိမှ ထွက်သော အရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။ ရောဂါ ကူးစက်နိုင်ပုံများကို အောက်တွင် ဆက်လက် ဖော်ပြပါမည်။ ခြုံငုံသုံးသပ်ချက် HIV ရောဂါအတွက် စိတ်ဝင်စားမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ စိတ်ဝင်စားမှု ရရှိလာပါသည်။ ကမ္ဘာ အနှံ့အပြားတွင်လည်း အရေးကြီးသော ကျန်းမာရေး ပြဿနာ ဖြစ်ပါသည်။ သေနှုန်းမြင့်မားခြင်းကြောင့် ထိုရောဂါကို ကူးစက်မှုနှုန်း လျော့နည်းအောင် လုပ်ဆောင်ရပါမည်။ HIV ရောဂါသည် ခန္ဓါကိုယ်အရည်များ၊ ဥပမာ - သွေး၊ ယောနိမှ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ

၂၀၁၄ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း မှတ်တမ်းအရ လူ ၁.၂ သန်းသည် AIDS ရောဂါကြောင့် သေဆုံးနေကြပါသည်။ ခုခံအား ကျဆင်းသော ပိုးမွှား သို့မဟုတ် HIV ရောဂါပိုးမွှားများ သို့မဟုတ် AIDS ရောဂါများ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် ရောဂါပိုးမွှားများ အကြောင်း ရှင်းပြပေးပါမည်။ ထို ရောဂါပိုးမွှားများသည် ကိုယ်ခန္ဓါ၏ ခုခံအားကို ကျဆင်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် CD4 ဆဲလ်ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်သည်။ HIV ပိုးမွှားသည် CD4 ပမာဏကို သုံး၍ ခန္ဓါကိုယ် အနှံ့အပြားကို ပွားများစေပါသည်။ ထိုဖြစ်စဉ်ကို HIV ဘဝသံသရာဟု ခေါ်ပါသည်။ HIV ဆေးများသည် ထိုကဲ့သို့ သံသရာ အဆင့်ဆင့်တွင် တစ်ဆင့်ချင်း ပိတ်သွားပြီး […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ

HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ - သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး […]


HIV နှင့် AIDS ရောဂါ

HIV နှင့် AIDS ကွာခြားပုံ

HIV ရောဂါသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS တို့၏ မတူညီပုံကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။ HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ လုပ်ဆောင်ရမည့် လုပ်ငန်ဆောင်တာများ ထိခိုက်ပါသည်။ ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး ကြာလျှင် ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် ခုခံအားစနစ်ကို ပျက်စီးတတ်ပါသည်။ ထို့အပြင် ရောဂါပိုးမွှားများ ဥပမာ […]


HIV နှင့် AIDS ရောဂါ

HIV အတွက် ကုထုံးများ

HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ […]


HIV နှင့် AIDS ရောဂါ

AIDS ရောဂါရှိနေလျှင် မည်သို့ ဖြစ်မည်နည်း

AIDS ရောဂါသည် HIV ရောဂါပိုးမှ စတင်ပါသည်။ HIV ရောဂါပိုး ရှိသောသူသည် အများဆုံး ၁၀ နှစ်အထိ ရောဂါလက္ခဏာ မပြခြင်း ဖြစ်တတ်ပါသည်။ ထိုအချိန်အတွင်းမှာလည်း တခြားသူများသို့ ရောဂါပိုး ကူးစက်နိုင်ပါသည်။ ရောဂါပိုးမွှားကို ရှာမတွေ့ဘဲ ကုသမိလျှင်လည်း ဆေးကြောင့် ခုခံအား ကျဆင်းပြီး AIDS ရောဂါ ဖြစ်ပေါ်နိုင်ပါသည်။ AIDS ရောဂါဆိုသည်မှာ HIV ပိုးရှိသော လူတစ်ဦးသည် ခုခံအား ကျဆင်းပြီး ကိုယ်ခန္ဓါ ထိခိုက်ကာ တခြားသော ရောဂါပိုးမွှားများ၊ အထူးသဖြင့် ကိုယ်တွင်း ခုခံအားစနစ်ကို အားနည်းစေသော ရောဂါပိုးမွှားများ ဝင်ရောက်လာခြင်းကြောင့် ဖြစ်လေ့ရှိပါသည်။ ဥပမာ - အနာများ၊ အဖုသေးသေးလေးများ ဖြစ်လေ့ရှိသော ရောဂါများ၊ အလုံးအကျိတ်များ ဖြစ်ပေါ်တတ်သော ရောဂါများ၊ လျှာတွင် အဖြူကွက်များ ပေါ်လေ့ရှိသော […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်