နောက်တစ်ချက်က ဆောင်းတွင်းမှာ ချောင်းဆိုးတာကို ဖြစ်စေနိုင်တဲ့ တုပ်ကွေးဖြစ်စေတဲ့ flu ဗိုင်းရပ်စ်ကလည်း ကူးစက်မှု မြင့်တဲ့အချိန် ဖြစ်တာကြောင့် ဆောင်းတွင်းမှာ ချောင်းဆိုးတာ အဖြစ်များရတာပါ။
ဆောင်းတွင်းမှာ ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာစေဖို့
ဆောင်းတွင်းမှာ ဘာကြောင့် ချောင်းဆိုးတာ အဖြစ်များရတာလဲဆိုတာကို ပြောပြပြီးတဲ့နောက်မှာတော့ ဆောင်းတွင်းမှာ ဖြစ်တဲ့ ချောင်းဆိုးတာကို သက်သာအောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
တစ်ခါတလေမှာ ချောင်းဆိုးရတာက ကိုယ်ထဲမှာ ရေဓာတ်နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆောင်းအေးတဲ့အခါ လည်ချောင်းတလျှောက်က ဆဲလ်တွေက ခြောက်သွေ့နေပေမယ့် ရာသီဥတုအေးတာကြောင့် ရေမဆာဘဲ မသောက်မိရာကနေ ချောင်းဆိုးနိုင်ပါတယ်။ ဒါကြောင့် ချောင်းဆိုးလာပြီဆိုရင် အရင်ဆုံး ရေကို ပြည့်ပြည့်ဝဝ သောက်ပေးပါ။
ရေအေးအေးကို မသောက်ချင်ဘူးဆိုရင်တော့ ရေနွေးနွေးလေးကို သောက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။