အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လေထုညစ်ညမ်းခြင်းနဲ့ ကျန်းမာရေး ။ ။

ခုတစ်လော သတင်းတွေထဲ မကြာခဏ ပါနေတဲ့ ထိုင်းမှာ လေထုညစ်ညမ်းမှု ြဖစ်နေတဲ့ဆိုတဲ့ သတင်းတွေ ကြားမိကြမှာပါ။ မော်တော်ယာဉ်တွေများပြားလာမှု၊ အပင်တွေရှားပါးလာမှုတို့နဲ့ စက်ရုံတွေ များပြားလာမှုကြောင့် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုတွေ ဖြစ်နေရပါတယ်။ လေထုသန့်စင်မှုတိုင်းတာချက်အရ ချင်းုမိင်မြို့ရဲ့လေထုညစ်ညမ်းမှုနှုန်းက ညစ်ညမ်းမှု အမြင့်ဆုံးဖြစ်တဲ့ အမှတ်ထက်တောင် အများကြီးကျော်လွန်နေပြီး လေထုညစ်ညမ်းမှု အများဆုံး ပထမနေရာအဖြစ်ရပ်တည်နေပါတယ်။. သူ့နောက်မှာရှိတာက တရုတ်နိုင်ငံပါ။ နှစ်နိုင်ငံလုံးက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာကြောင့် လေထုညစ်ညမ်းမှုဟာ ကိုယ့်နိုင်ငံဆီ ရောက်မလာဘူးလို့ မပြောနိုင်ဘူးလေ။ ဒီတော့ လေထုညစ်ညမ်းရင် ဘယ်လိုကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်လဲဆိုတာ သိထားဖို့ လိုနေတာပေါ့။ လေထုညစ်ညမ်းတယ်ဆိုတာဘာလဲ ။ ။ လေထုထဲမှာ သက်ရှိလူသားတိရိစ္ဆာန်တွေနဲ့ ပတ်ဝန်းကျင် လောကကို ဒုက္ခဖြစ်စေနိုင်တဲ့ အမှုန်အမွှားတွေ၊ ဓါတ်ငွေ့တွေ ပါတာကို ပြောတာပါ။ ဒါတွေကို ေလထုညစ်ညမ်းပစ္စည်း air pollutants လို့ခေါ်ပါတယ်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်နဲ့အမျှ အရေးကြီးလာတဲ့ လေထုသန့်စင်မှု

အသက်ရှင်နေသမျှကာလပတ်လုံးနေ့စဉ်နဲ့အမျှလေကိုရှုသွင်းနေရတယ်နော်။ ဒါဆို နေ့စဉ်ရှုသွင်းနေတဲ့ လေထုက သန့်စင်ဖို့ အရေးမကြီးဘူးလား။လေထုအရည်အသွေးကျဆင်းလာနေတယ်ဆိုတာကလည်းနေ့စဉ်လိုလိုကြားနေရတဲ့သတင်းတွေထဲကတစ်ခုပါနော်။ အခုနောက်ပိုင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကိုလေထုညစ်ညမ်းလာတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာလေထုညစ်ညမ်းတာကိုဖြေရှင်းဖို့ မတတ်နိုင်ပေမယ့် ကိုယ်တိုင်နဲ့ မိသားစုကျန်းမာရေးအတွက်တော့ အိမ်တွင်းေလထုသန့်စင်အောင်လုပ်ဖို့တော့ တတ်နိုင်ပါသေးတယ်နော်။ ဒီတစ်ခေါက်တော့ ချစ်ရတဲ့ Helloဆရာဝန်ပရိသတ်ကြီးအတွက် အိမ်တွင်းလေထုသန့်စင်နည်းလေးတွေပြောပြပေးမယ်နော်။ ဒီအချက်တွေကြောင့် အခန်းတွင်းလေထုကိုညစ်ညမ်းစေနိုင်ပါတယ် အိမ်တွင်းကလေထုသန့်စင်ဖို့အတွက် မဖြစ်မနေလုပ်ရမယ့်အချက်လေးတွေရှိပါတယ်။ ဒါကတော့ အိမ်သန့်ရှင်းရေးဂရုစိုက်တာပါ။ အခန်းတွင်းကဖုန်မှုန့်တွေ၊ ကြပ်ခိုးတွေကိုသေချာသန့်စင်မယ်။ ကြမ်းပြင်ကိုလည်းသေချာလေးသုတ်သင်မယ်။ အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တွေကိုလည်းခြောက်သွေ့သန့်ရှင်းအောင်ထားမယ်ဆိုရင် မှိုနဲ့ဘက်တီးရီးယားတွေတော်တော်လေးကင်းသွားမှာပါ။ ဒီနေရာမှာသိထားဖို့လိုမှာက အပြင်းစား ဓါတုပစ္စည်းတွေကို မသုံးမိဖို့ပါ။ အပြင်းစားဓါတုပစ္စည်းတွေကလည်း အခန်းတွင်းလေထုသန့်စင်မှုကို ထိခိုက်စေနိုင်ပါတယ်နော်။ လေထုမသန့်စင်ရင် ဘာဖြစ်လာမလဲ လေထုညစ်ညမ်းမှုကြောင့် အခုလိုမျိုးကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့ အသက်ရှုကြပ်တာ အသက်ရှုလမ်းကြောင်းမှာ မအီမသာဖြစ်တာ မျက်လုံးတွေကျိန်းစပ်တာ အသားအရေတွခြောက်သွေ့တာ မျိုးခံစားရနိုင်ပါတယ်။ လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီးအဆုတ်၊နှလုံး နဲ့ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ လေထုညစ်ညမ်းမှုကြောင့် – နှလုံးသွေးကြောဆိုင်ရာရောဂါ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချွဲကြပ် ခြင်း

ခုရက်ပိုင်း ရာသီဥတုလေးအေးလာတော့ လည်ချောင်းထဲက နာသလိုလို၊ ချောင်းဆိုးချင်သလိုလို၊ ချွဲကြပ် ချင်သလိုလိုဖြစ်နေတယ်ဟုတ်။ အေးမြတဲ့ရာသီဥတုက စိတ်ကြည်နူးစရာကောင်းပေမယ့် ရောဂါအခံရှိနေသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေအတွက်တော့ စိတ်ပျက်စရာပါ။ အေးမြတဲ့ အနေအထားမှာ ရောဂါပိုးတွေက ပိုမိုရှင်သန်ပေါက်ဖွားလွယ်တာက ချောင်းဆိုးချွဲကြပ်တာနဲ့ လည်ချောင်းနာတာမျိုးတွေကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးအောင် အားဖြည့်ပေးလိုက်ပါတယ်။ ဆောင်းရာသီမှာ အဖြစ်အများဆုံးနဲ့ ခံစားရတော်တော်လေးခက်တာက ချွဲကြပ်တာပါ။ ချွဲကြပ်တာက အရမ်းပြင်းထန်တဲ့အခါ ရင်ဘတ်ထဲမှာနေရတာခက်ပြီး အသက်ရှူရကြပ်တာမျိုး ခံစားရနိုင်ပါတယ်။ ချွဲကြပ်တာက တစ်ခါတလေမှာ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းမှုဝေဒနာနဲ့ နှလုံးရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေတတ်ပါသေးတယ်။ သင့်အနေနဲ့ ချောင်းဆိုးတာက အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပေးတာ အကောင်းဆုံးဖြစ်မှာပါ။ ချွဲကြပ် ခြင်း ချောင်းဆိုးတာက ပုံမှန်အားဖြင့်ကတော့ အဆုတ်နဲ့ လေပြွန်ထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ် အပြင်ဘက်ကို ထုတ်ပေးတာပါ။ ချွဲကြပ်တဲ့အခါမှာတော့ ချွဲတွေက ပိုထူပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းတဟွတ်ဟွတ်အသံ မသက်သာရတဲ့ အကြောင်းရင်း (၈) ခု

ချောင်းသံတဟွတ်ဟွတ်နဲ့ တိုင်ပတ်နေပြီလား။ အအေးမိထားတာလည်း သက်သာတာကြာလှပြီ။ချောင်းဆိုးတာက ကပ်ကျန်နေတာနဲ့ လည်ချောင်းတွေကွဲရပါတော့မယ် ဆိုသူများ ဒါလေးဖတ်လိုက်ကြပါဦး။ အအေးမိ၊တုပ်ကွေးက သူ့အချိန်အတိုင်းအတာရောက်ရင် သက်သာပျောက်ကင်းသွားမှာဖြစ်ပေမယ့်ချောင်းဆိုကျန်နေတတ်ပါတယ်။ဆေးခန်းလည်းပြပါလျက်နဲ့ ဘာလို့ မပျောက်သေးတာလဲဆိုတာဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေပြောပြပေးမယ်နော်။ (၁) အအေးမိ၊တုပ်ကွေးဖြစ်ပြီး လည်ချောင်းပြဿနာဖြစ်ကျန်တာ အအေးမိ၊တုပ်ကွေးဗိုင်းရပ်စ်ရဲ့နောက်ဆက်တွဲအဖြစ်နဲ့ကျန်လေ့ရှိတဲ့ အဖြစ်များဆုံးလက္ခဏာပါ။ ဗိုင်းရပ်စ်ကြောင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းမှာရောင်ရမ်းစေပြီး တုံ့ပြန်နိုင်စွမ်းလွန်ကဲစေတဲ့အတွက်ချောင်းဆိုးတာက ရက်သီတင်းပတ်နဲ့ချီပြီး တာရှည်နိုင်ပါတယ်။ (၂) နောက်ကွယ်က ကျန်းမာရေးပြဿနာကြောင့်ဖြစ်နိုင်တယ် ဓါတ်မတည့်ခြင်း နဲ့ ပန်းနာရင်ကျပ်ေကြာင့်လည်းချောင်းတွေဆိုးနေနိုင်ပါတယ်။ အအေးမိခြင်းကနေ ပန်းနာရင်ကျပ်ရောဂါထစေနိုင်တာမျိုးလည်းရှိပါတယ်။ အစာအိမ်အက်စစ်ပြန်ဆန်တက်ခြင်းနဲ့Obstructive Sleep Apnea (အိပ်ပျော်စဉ်အသက်ရှူခေတ္တရပ်ခြင်း) တို့ကနေလည်း နာတာရှည်ချောင်းဆိုးခြင်းကိုဖြစ်စေနိုင်ပါတယ်။ ကိုယ်ပူခြင်းနဲ့ချောင်းဆိုးခြင်း တာရှည်လာရင် တီဘီရောဂါအန္တရာယ်လည်း စိုးရိမ်ရပါတယ်။ (၃) စိတ်ဖိစီးမှု စိတ်ဖိစီးမှုက တာရှည်လာတဲ့အခါမှာလည်းချောင်းဆိုးခြင်းကို တာရှည်စေပါတယ်။ချောင်းဆိုးနေတာကို သက်သာစေချင်ရင်နေမကောင်းဖြစ်တဲ့အချိန်မှာ စိတ်ဖိစီးမှုကိုလျော့အောင်ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုယ်ကိုအတင်းတွန်းအားပေးတာက ပိုနေမကောင်းဖြစ်စေပါလိမ့်မယ်။ အနားယူခြင်းကပဲနေပြန်ကောင်းစေဖို့ အကောင်းဆုံးအားဆေးဖြစ်ပါတယ်။ (၄) ရေအလုံအလောက်မသောက်တာ အအေးမိ၊တုပ်ကွေးဖြစ်ပြီဆို အရည်များများသောက်ဖို့လိုပါတယ်။ရေ၊ဖျော်ရည်နဲ့ စွပ်ပြုတ်တွေသောက်ပေးရင် လည်ချောင်းထဲမှာ ချွဲချောင်စေပြီးချောင်းဆိုးထုတ်ဖို့လွယ်စေပါတယ်။ အရည်ဆိုပေမယ့် အရက်ဘီယာနဲ့ လက်ဖက်ရည်၊ကော်ဖီတွေကရေဓါတ်ပိုခန်းခြောက်စေတဲ့အတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ ခရီးတွေစီစဉ်ပြီး၊ ဘိုကင်တွေလုပ်ပြီးကာမှ နေမကောင်းထဖြစ်တယ်ဆိုတာတော်ရုံစိတ်ဆင်းရဲစရာတော့မဟုတ်ဘူး။ ပြင်ဆင်ထားတာတွေ၊ ချိန်းထားတာတွေ အကုန်လုံး ဘယ်လိုဆက်လုပ်ရမလဲ ဒီအချိန်မှာ လူကပျာပြီလေ။ ဒါပေမယ့် အဖြစ်များတဲ့ အအေးမိ၊တုပ်ကွေးဖြစ်တာဆိုရင်တော့ သိပ်မစိုးရိမ်ပါနဲ့။ ဒါလေးသာ ဖတ်ပြီးသွား၊ ဘာမှမဖြစ်စေရဘူး။နေကောင်းနေတဲ့လူတွေလောက်တော့ မကဲနဲ့ပေါ့။ ဒီအချက်လေးတွေကို ဉာဏ်လေးနဲ့ဆင်ခြင်နေထိုင်မယ်ဆိုခွေခေါက်နေစရာမလိုဘူး၊ အများနည်းတူ ခရီးသွားနိုင်ပါတယ်နော်။ ခရီးသွားရင်းနဲ့မှ ရုတ်တရက်နေမကောင်းဖြစ်လည်း အသုံးဝင်မယ့် နည်းလမ်းတချို့ကို အကြံပြုပေးလိုက်ပါတယ်။ ရတဲ့အချိန်မှာ နားပါ ခရီးသွားေနပါတယ်ဆိုမှ နားနေစရာလား လို့ပြန်ပြောမှာလား။ မဟုတ်ဘူးနော်။ ဆက်တိုက်ပြေးလွှားမနေဖို့ကိုဆိုလိုတာပါ။ နားလို့ရတဲ့သူများတွေနားချိန်မှာ ဟိုဟိုဒီဒီလျှောက်သွားနေတာ၊ ညဆိုလည်းစောစောမအိပ်ဘဲ သူများတွေလိုကဲနေတာ၊ ဖုန်းပွတ်နေတာတွေနဲ့တော့ လူကအနားရမှာမဟုတ်ပါဘူး။ ဒါဆိုဝေဒနာကပိုဆိုးလာမယ်၊ အဖျားပါတက်လာနိုင်တယ်၊ ခရီးလည်းမပျော်ရတော့ဘူး။ အချိန်ရရင် တရေးတမောအိပ်လိုက်ပါ။ အိပ်ရေးဝမှ၊ အနားယူမှ ကိုယ်ခံအားြပည့်ပြီး ခရီးဒဏ်နဲ့ လူကဒေါင်းမသွားမှာဖြစ်ပါတယ်။ ရေများများသောက်ပါ ဒါများ ဘာဆန်းလို့လဲသောက်တယ်လေ ဆိုပြီး အချိုရည်တွေ၊အားဖြည့်အချိုရည်တွေ လှိမ့်မသောက်နဲ့နော်။ ရေများများသောက်တဲ့အခါ ခန္ဓါကိုယ်ကိုရေဓါတ်ြဖည့်တင်းပေးပြီး လည်ချောင်းနဲ့အဆုတ်အတွင်းမှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု

နေမကောင်းဘူးဆိုရင် အဖြစ်ချင်ဆုံးက နေမြန်မြန် ပြန်ကောင်းချင်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖို့ လိုနေပါပြီ။ အကြောင်းကတော့ ဒီဆောင်းပါးလေးထဲမှာ နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ပြောပြပေးထားတာမို့ပါ။ နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု လည်ချောင်းတွေနာတယ်၊ပြီးရင်ချောင်းဆိုးမယ်၊ နှာချေ၊ နှာစေးနေတယ်၊ ဒါတွေက နေမကောင်းဖြစ်ရင် ခံစားရနေကျအရာတွေ။ ဖျားနေပြီ ဆိုမှတော့ ကြိုတင်ကာကွယ်ရေးတွေဘာတွေနဲ့မဆိုင်တော့ဘူး။မြန်မြန်နေကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ အရင်တွေးရတော့မှာပဲ။ အအေးမိ တုပ်ကွေးဆိုတာက သူ့ရက်အတိုင်းအတာနဲ့သူရှိတာကြောင့် သိပ်အမြန်ကြီးတော့ အရှင်းမပျောက်နိုင်ပါဘူး။ ဒါပေမယ့်နောက်ဆက်တွဲရောဂါလက္ခဏာတွေဖြစ်မလာအောင်၊ မလိုအပ်ဘဲ ရောဂါတာမရှည်အောင်၊ဝေဒနာခံစားရသက်သာအောင် ကြိုးစားလို့တော့ရပါတယ်။ နေပြန်ကောင်းတယ်ဆိုတာ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကိုကျော်လွှားနိုင်မှာမဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓါကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။ ကဲ .... နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/respiratory-health/common-cold/best-foods-when-ill/ ကိုယ်ခံအားစနစ်ကို ဘယ်လိုကူညီပေးကြမလဲ - (၁) အနားပေးပါ နေမကောင်းြဖစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓါကိုယ်ကပင်ပန်းနေမှာဖြစ်လို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်ဘဝမှာ ရှောင်လွှဲရခက်တဲ့ အဆုတ်ထိခိုက်စေနိုင်သောအကြောင်းရင်း (၆) ခု

ဆေးလိပ်ေသာက်မှ ၊ဆေးလိပ်ငွေ့ရှူမှ အဆုတ်ထိခိုက်တယ်လို့ထင်ကြတာများပါတယ်။ အသက်ရှင်ဖို့လေရှူရပါတယ်ဆိုမှလေရှူဖို့၊အောက်ဆီဂျင်ရဖို့အဓိကလုပ်ဆောင်ပေးနေတဲ့ အဆုတ်ရဲ့ကျန်းမာရေးမကောင်းရင် ဘယ်လိုအသက်ရှင်ကြမလဲ။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေထဲမှာ ကိုယ်တွေရဲ့နေ့စဉ်ဘဝထဲ ကြုံရများတဲ့ အရာတွေပါဝင်နေတယ်ဆိုတာ သိတဲ့သူနည်းပါတယ်။ အဆုတ်ရောဂါဖြစ်စေတဲ့ တရားခံဆို မီးခိုးငွေ့နဲ့လေထုညစ်ညမ်းမှုကိုပဲပြေးမြင်ကြတာမဟုတ်လား။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တရားခံ (၆)ယောက် မှို စားတဲ့မှိုပွင့်တွေကို မပြောဘူးနော်။လေထဲကို အမှုန်လေးတွေလွင့်လာနိုင်တဲ့ မှို။ အစားအသောက်တွေရက်လွန်ပြီဆိုရင် မှိုတက်တာမှ အစိမ်းအဝါအမည်း အရောင်ကိုစုံလို့။ အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်။ ပိုးသတ်ဆေး စိုက်ခင်းတွေ၊ အပင်တွေမှာ ဖျန်းတဲ့ပိုးသတ်ဆေး၊ ဓါတုပစ္စည်းတွေကို ရှူရှိုက်မိ၊ ထိတွေ့မိ၊စားမိရင် အာရုံကြော၊ဟော်မုန်း၊ မျက်စိ၊အရေပြားနဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဲယားကွန်းခန်းထိတွေ့နေသူတိုင်း သိထားသင့်တဲ့ အချက်တွေ။

အဲယားကွန်းဆိုတာ ယနေ့ခေတ်လူနေမှုဘဝမှာ မရှိမဖြစ် အသုံးပြုနေရတဲ့ အရာတစ်ခုဖြစ်တယ်။ အဲယားကွန်းကို ဇိမ်ခံပစ္စည်း အဖြစ် သတ်မှတ်ထားကြပြီး အိမ်၊ကုန်တိုက်၊ ဆေးရုံဆေးခန်း ၊ အလုပ်၊ ကား အားလုံးအားလုံး နီးပါးတွင် အဲယားကွန်း သည် မရှိမဖြစ်ပေ။ အဲယားကွန်းနဲ့ ထိတွေရတာ နေ့တိုင်းအချိန်တိုင်း နီးပါးဖြစ်လာတော့ ကြာလာရင် ကျန်းမာရေး အတွက် ဘာတွေဖြစ်လာနိုင်သလဲ။ အတွင်းပိုင်းကျန်းမာရေးကို မထိခိုက်စေပေမယ့် အပြင်ပိုင်း အသားရေ က အဲယားကွန်းနဲ့ တိုက်ရိုက်ထိတွေ့ရတာဆိုတော့ အပြင်ပိုင်း အသားရေ ထိခိုက်နိုင်ဖို့က ပိုများတာပေါ့နော့်။ လူ့ပတ်ဝန်းကျင် အတွက် အဲကွန်းက ကောင်းတာရော ဆိုးတာကိုရော ဖြစ်စေတယ်ဆိုတော့ ဘာတွေဖြစ်နိုင်လဲ ဆိုတာ ကြည့်ရအောင်။ အဲယားကွန်းရဲ့ ကောင်းကျိုးတွေ။ အကောင်းဆုံး အားသာချက်တစ်ခုကတော့ နွေရာသီဆို အဲ့ယားကွန်းက မရှိမဖြစ်ပဲလေ။ ရာသီဥတု ပူတဲ့ အချိန်ဆို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ရာသီအကူးအပြောင်းဆိုးတဲ့ချောင်းကို ဒီလိုသက်သာအောင်လုပ်ပါ

လူတွေကြားထဲရောက်လို့ အားလုံးကတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေပြီဆိုကာမှချောင်းကဆိုးချင်လာတယ်။အောင့်ထားလို့လည်းမရတော်တော်ဆိုးတဲ့ကိစ္စနော်။ ခုလိုမျိုး ရာသီဥတု မမှန်တဲ့အခါမျိုးဆိုရင် ဖျားချင်သလိုလို လည်ချောင်းထဲကနာသလိုလိုချောင်းဆိုး နှာစေးတာတွေက မဖိတ်ခေါ်ဘဲကိုရောက်လာတတ်တာပါ။ချောင်းဆိုးချင်တာကလည်းအောင့်ထားလို့မရတဲ့ပြဿနာတစ်ခုပါ။ချောင်းဆိုးတာကြောင့်နေ့စဉ်လုပ်ဆောင်မှုတွေ မှာ အနှောင့်အယှက်မဖြစ်စေဖို့ဆိုရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကိုသုံးပြီးချောင်းဆိုးသက်သာအောင်လုပ်ဆောင်လိုက်ပါနော်။ ချောင်းဆိုးတာကို သက်သာအောင် အခုလိုလုပ်ဆောင်ပါ အခုပြောပြမယ့်နည်းလမ်းလေးတွေက အပန်းမကြီးဘဲချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့ မီးဖိုချောင်ထဲကနေ အလွယ်တကူရရှိနေတဲ့ အရာတွေနဲ့ချောင်းဆိုးတာကို သက်သာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ရေသောက်ပေးပါ - တစ်နေ့တာမှာရေလုံလောက်သောက်သုံးတာက ကိုယ်ခံအားကိုကောင်းစေပါတယ်။ ချောင်းဆိုးတဲ့အခါရေများများသောက်ပေးပါ၊ ချွဲတွေကိုပျော်စေပြီးချောင်းဆိုးတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ကြက်သွန်ဖြူ စားပေးပါ - ကြက်သွန်ဖြူမှာပါတဲ့Allicin ဆိုတဲ့ဒြပ်ပေါင်းတစ်ခုကချောင်းဆိုးတာကိုဖြစ်စေနိုင်တဲ့ အသက်ရှုလမ်းကြောင်းရောဂါပိုးကူးစက်ဝင်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူတို့စားတာဖြစ်ဖြစ်၊ ဟင်းခါးချက်တဲ့ထဲကို ကြက်သွန်ဖြူထည့်ချက်တာဖြစ်ဖြစ်လုပ်ပြီး သုံးဆောင်ပေးပါ။ ချင်းလက်ဖက်ရည် -ရေနွေးဆူဆူထဲကို ချင်း လက်တစ်ဆစ်စာလောက်လှီးထည့်လိုက်ပါ။ပြီးရင် ခပ်နွေးနွေးလေးဖြစ်နေတုန်းသောက်သုံးပေးလိုက်ပါ။ချောင်းဆိုးတာကို သိသိသာသာသက်သာစေမှာပါ။ ပျားရည် - ပျားရည်က သဘာဝဆေးဖက်ဝင် စားသုံးစရာတစ်ခုပါ။ သင့်အနေနဲ့ ဆီးချိုရောဂါလိုမျိုး အချိုနဲ့မတည့်တဲ့ရောဂါမျိုးမရှိဘူးဆိုရင်ရေနွေးကြမ်းထဲကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီး ခပ်နွေးနွေးလေးဖြစ်နေတုန်းမှာသောက်လိုက်ပါ။ ချွဲသလိပ်တွေကိုပျော်စေပြီးချောင်းဆိုးတာကို သက်သာစေမှာပါ။ ကြက်သွန်နီ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ

အအေးမိတုပ်ကွေးကြောင့် ဖျားပြီဆိုရင် လည်ချောင်းမနာရင်တောင် နှာစေးချောင်းဆိုးဝေဒနာက ပြေးမလွတ်ပါဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်အတွင်း ခံစားရတဲ့ လက္ခဏာတွေက ကုသမှုကြောင့် ပျောက်ကင်းသွားမှာဖြစ်ပေမယ့် ချောင်းလေး တဟွတ်ဟွတ်တော့ ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ ဆိုတော့ ပူရှိန်းငုံဆေး နဲ့ သကြားလုံးတွေစားပါ။ Menthol နဲ့ တချို့ငုံဆေးတွေက လည်ချောင်းနာဝေဒနာကို သက်သာစေပြီး လည်ချောင်းရှင်းစေပါတယ်။ ပျားရည်စားပါ။ ပျားရည်က ချောင်းဆိုးရော လည်ချောင်းနာပါ သက်သာစေနိုင်တဲ့ ဆေးနည်းတစ်ခု ဖြစ်ပါတယ်။ ရေနွေးကြမ်းထဲ တစ်ဇွန်းလောက်ထည့်သောက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မကျွေးပါနဲ့။ အရည်များများ သောက်ပါ။ လည်ချောင်းယား၊ အာခေါင်ခြောက်လာရင်၊ ချောင်းခြောက်ဆိုးလာရင် တစ်ခုခုသောက်နေရမှ၊ အာဆွတ်လိုက်ရမှ နေသာတယ် ထင်ကြပါတယ်။ လည်ချောင်းကို ပိုခြောက်သွေ့စေနိုင်တဲ့ အရက်နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်