အခြား အဆစ်နှင့် အရွတ်ရောဂါများ

အခြား အဆစ်နှင့် အရွတ်ရောဂါများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အဆစ်နှင့် အရွတ်ရောဂါများ

အဆစ်အတွင်း သွေးယိုခြင်း

ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။ ဘာလက္ခဏာတွေရှိသလဲ အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ -              အဆစ်များ ရောင်ရမ်းခြင်း -              နာကျင်ကိုက်ခဲခြင်း -              နီရဲခြင်း -              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း -              အဆစ်များတောင့်တင်းခြင်း -              သွေးခြည်ဥခြင်း -              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တတ်သလဲ အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့ -              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း -              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်) -              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား) -              သွေးကျဲဆေးများ သောက်သုံးနေခြင်း -              ရောဂါပိုးဝင်ခြင်း -              […]

အခြား အဆစ်နှင့် အရွတ်ရောဂါများ ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းဆစ်ချော်ခြင်း အခြေအနေများနှင့် ကုသမှုနည်းလမ်းများ

လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ လည်ပင်း၊ ပခုံးများနာခြင်း၊ ကျဉ်ခြင်း၊ လက်မောင်းများနှင့် လက်ချောင်းများအားနည်းခြင်း တို့ဖြစ်လာမည်ဖြစ်လာပြီး နေ့စဉ် အလုပ်များကို ထိခိုက်လာနိုင်ပါသည်။ ထို့ကြောင့် လည်ပင်းဆစ်ချော်ခြင်း အကြောင်းနှင့် ကုသမှုနည်းလမ်းများကို ဖော်ပြလိုက်ရပါသည်။   လည်ပင်းဆစ်ချော်ခြင်း အကြောင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ ပင်မကျောရိုးရှိ လည်ပင်းဆစ်နေရာတွင် အဆစ်လေးများနေရာမမှန်ဘဲ ချော်ထွက်သွားခြင်း ဖြစ်ပါသည်။ ထိုအခါ ခါးရိုးကောက်ကြောင်းသည် မူမမှန်ဖြစ်လာပြီး ခါးဆစ်များကြားတွင် နေရာကျဉ်းသွားပြီး လည်ပင်းနှင့် လည်ပင်းတလျှောက်နေရာများ နာကျင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်းများ · ဆေးသောက်ခြင်း Ibuprofen, naproxen, aspirin စသည့်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သော အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများကို သောက်နိုင်ပါသည်။ နာကျင်မှုဝေဒနာများ ပိုဆိုးလာသောအခါ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို သောက်ခြင်းက ဆေးလွန်ခြင်းနှင့် ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေနိုင်ပါသည်။ ထို့ပြင် ကြွက်သားများကို ပြေလျော့စေသော […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ

သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။ သို့သော ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။   ရောဂလေ့ကျင့်ခန်းများနှင့် လည်ပင်းဆစ်ချော်ခြင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။ ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။ ကြွက်သားများကို သန်မာစေခြင်း ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။ ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း

တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်းနှင့် အရွတ်ရောင်ခြင်း တို့အကြာင်း သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မည်။ နှစ်မျိုးလုံးသည် ခြေဖနောင့်နာခြင်းကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သင့်ခြေဖနောင့်များ နာနေလျှင် ဘာကို စဉ်းစားမလဲ။ ယခုဆောင်းပါးတွင် ထိုအခြေအနေ ၂ မျိုး၏ ကွာခြားချက်များကို ဖော်ပြထားပါသည်။   တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း ဖြစ်နိုင်သော နေရာများ တွယ်ဆက်တစ်သျူးအလွှာသည် ခြေဖဝါးနှင့် ခြေချောင်းများအထိ ဖြန့်ကျက်လျက်ရှိသော တစ်သျူးပြင် ဖြစ်ပါသည်။ ထိုတစ်သျူးလွှာသည် ခြေအခုံးကိုလည်း ထောက်ပံ့ပေးပါသည်။ လက္ခဏာများ တွယ်ဆက်တစ်သျူးအလွှာရောင်ခြင်း၏ အဓိက လက္ခဏာမှာခြေဖဝါးများ နာခြင်းဖြစ်ပါသည်။ ခြေဖနောင့် အနားတွင် ပိုနာတတ်ပါသည်။ နာကျင်မှုသည် မနက်အိပ်ရာထချိန် လမ်းစလျှောက်ချိန်တွင် အဆိုးဆုံးဖြစ်ပါသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်းတို့ ပြုလုပ်ပြီးလျှင် ပိုနာပါသည်။ လေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင်မူ မနာကျင်ပါ။ အကြောင်းများ တွယ်ဆက်တစ်သျူးအလွှာသည် ဒဏ်မဖြစ်အောင် လေးကိုင်းသဖွယ် ကာပေးသော အလွှာဖြစ်ပါသည်။ သို့သော် ထိုပေါ်သို့ ဖိအားသက်ရောက်မှုများလာသောအခါ ရောင်ရမ်းပြီး နာကျင်မှုအပြင် အောက်ပါတို့လည်း ခံစားရနိုင်ပါသည်။ · လမ်းလျှောက်ပုံ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ

အများစုသော ခါးဆစ်ချော်ခြင်း ဝေဒနာခံစားနေရသူများသည် ခွဲစိတ်ကုသမှုခံယူရန် မလိုအပ်ကြပါ။ သောက်ဆေးစားခြင်း၊ လေ့ကျင့်ခန်း ကုထုံးများဖြင့်ကုသခြင်းအားဖြင့် အကျိုးရှိစေသလို စိတ်ချရပါသည်။ အောက်ပါဆောင်းပါးတွင် ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ပတ်သက်ပြီး ဖော်ပြသွားပါမည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ အကြောင်း လေ့လာကြည့်ရအောင်နော်။ မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက် ခွဲစိတ်ကုသခြင်းဖြင့် နာကျင်နေသော ပင်မနေရာကို ဖယ်ထုတ်လိုက်နိုင်ပါသည်။ မခွဲစိတ်ဘဲ ကုသခြင်းဖြင့် ခါးဆစ်ချော်ခြင်း ရဲ့ ဝေဒနာများဖြစ်သော နာကျင်ခြင်း၊ ထုံကျင်ခြင်းဝေဒနာများကို သက်သာစေမည်ဖြစ်ပါသည်။ မခွဲစိတ်ဘဲကုသခြင်း၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို သက်သာစေခြင်း၊ ပုံမှန်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခြင်း၊ အကွေးအဆန့်ပြုလုပ်နိုင်ခြင်းတို့ဖြစ်စေသောကြောင့် မခွဲစိတ်ဘဲကုသနိုင်သော နည်းလမ်များသ်ည စနစ်တကျ လုပ်ဆောင်ပါက စိတ်ချရစေပါသည်။ ခါးဆစ်ချော်ခြင်းဖြစ်သူများတွင် မခွဲမစိတ်ဘဲ ကုသနိုင်သော နည်းလမ်းများ နှင့် ခါးစည်းအသုံးပြုခြင်း သင်သည် လှုပ်ရှားမှုများ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခါးဆစ်ချော်ခြင်းကြောင့် နာကျင်မှုဝေဒနာ ခံစားနေရသူများအတွက် ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ

ခါးဆစ်ချော်ခြင်း ဝေဒနာ ခံစားနေရသူများတွင် ထိုသို့နာကျင်ခြင်းများကို သက်သာစေရန်၊ ကာကွယ်နိုင်ရန်မှာ လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း၊ ကိုယ်လက်လေ့ကျင့်မှု ကုထုံးများ ခံယူခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အကွေးအဆန့်များ ပြုလုပ်နိုင်သလို နာကျင်မှုများလည်း သက်သာစေပါသည်။ အောက်ပါအချက်များသည် လေ့ကျင့်ခန်းများ မပြုလုပ်မီ သင်သိထားသင့်သော အချက်များဖြစ်ပါသည်။ ခါးဆစ်ချော်ခြင်းနှင့် ပတ်သက်ပြီး ဘယ်အချက်များကို သိထားရမလဲ။ ကျောရိုးတွင် ပြသနာဖြစ်ခြင်းကြောင့် ခါးဆစ်ချော်ခြင်း ဖြစ်ရပါသည်။ ခါးဆစ်ချော်ခြင်း ဆိုသည်မှာ ကျောရိုးဆစ်သည် ယင်းအောက်တွင် ရှိသော အဆစ်ပေါ်မှ ချော်ထွက်သွားခြင်းဖြစ်ပါသည်။ ထိုဖြစ်စဉ်ကြော်င့ အချို့က မည်သည့်ဝေဒနာမျှ မခံစားရသော်လည်း အချို့မှာ ဝေဒနာများကို ပြင်းထန်စွာ ခံစားရတတ်ပါသည်။ ယင်းတို့မှာ ခါးနာခြင်း၊ တင်ပါးနာခြင်း (ခါးနေရာတွင် အဆစ်ချော်ခြင်း)၊ လည်ပင်းနှင့် ပုခုံးများ နာကျင်ခြင်း (လည်ပင်းနေရာတွင် အဆစ်ချော်ခြင်း) နာကျင်မှုသည် ခြေသလုံးတောက်လျှောက် ပြန့်နှံ့သွားခြင်း ခြေထောက်များ ထုံကျဉ်ခြင်း၊ အားနည်းခြင်း လမ်းလျှောက်ရခက်ခြင်း၊လည်ပင်းကောင်းစွာ လှုပ်နိုင်ခြင်း ခါးကုန်းခြင်း၊ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား

Orthotics တွေကို insoles, footbeds (ရှူးဖိနပ်ထဲထည့်ရတဲ့ ခြေနင်းပြား) လို့လည်း ခေါ်ကြပြီး ရှူးဖိနပ်ထဲထည့်လို့ ခြေထောက်ရဲ့အရိုးတွေ ပြန်ညီသွားအောင်နဲ့ နာကျင်မှုတွေသက်သာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုပါ။ လူနာအများစုက ခြေထောက်ပြဿနာတွေအတွက် အမေးများကြတဲ့မေးခွန်းကတော့ သူတို့တွေဟာ orthotics တွေကို တစ်သက်လုံးဝတ်ထားရမှာလားဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်မယ့် အဖြေပါဝင်ပါတယ်။   Orthotics ခြေစွပ် ဆိုတာဘာလဲ။ Orthotics တွေ မလိုအပ်ဘူး။ သူတို့မှာ သိသာထင်ရှားတဲ့ အကျိုးသက်ကရောက်မှုလည်းမရှိဘူး ဆိုတဲ့ အမြင်တွေကြားကပဲ ခြေဖဝါးချိုင့်ခွက်မရှိတဲ့သူတွေဟာ Orthotics ကို သုံးရင် ပိုပြီးသက်တောင့်သက်သာရှိနေကြဆဲပါ။ ခြေထောက်ပြဿနာအမျိုးမျိုးအတွက် Orthotics တွေလည်း အမျိုးအစားအများကြီးရှိပါတယ်။ Orthotics တွေဟာ ခြေထောက်နဲ့ မြေကြီးကြားမှာ ကူရှင်တစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ခြေထောက်ကိုဖြတ်သွားတဲ့ ဖိအားတွေအတွက် လမ်းကြောင်းတွေ ပြောင်းလဲပေးပါတယ်။ Orthotics တွေမှာ Placebo သက်ရောက်မှုတွေလည်း […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Orthotics (ခြေစွပ်တွေ) ဟာ သင့်ရဲ့ ခြေမအောက်ခြေက အရိုးဘုလုံး( bunions) ကို ဘယ်လို ဖြေရှင်းပေးတာလဲ

Bunions ဆိုတာ ခြေမအောက်ခြေမှာရှိတဲ့ အဆစ်ပေါ်က ဘုလုံးကြီးပါ။ Bunion ဟာဆိုးရွားလာလွန်းမှနဲ့ သိသိသာသာနာကျင်လာတဲ့အခါ၊ သင့်ကို မသက်မသာဖြစ်စေလွန်းတဲ့အခါတွေမှသာ ကုသမှုခံယူဖို့လိုပါတယ်။ Orthotics ဆိုတာကတော့ Bunion ကြောင့်ဖြစ်တဲ့ မသက်မသာဖြစ်မှုတွေနဲ့ နာကျင်မှုတွေကို သက်သာစေတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုတစ်ခုပါပဲ။ Orthotic ဆိုတာဘာလဲ။ Orthotics ကို ဖိနပ်အတွင်းခံပြားလို့သိကြသလို ဒါတွေဟာ ရှူးဖိနပ်တွေရဲ့ အတွင်းဘက်မှာထားရတဲ့ Buions တွေအတွက် ပစ္စည်းတစ်မျိုးပါ။ Bunions ဖြစ်နေသူတွေ ရွေးချယ်နိုင်ဖို့ orthotics တွေအများကြီးရှိပါတယ်။ အပြင်မှာ အလွယ်တကူဝယ်လို့ရနိုင်သလို သင့်ခြေထောက်ပေါ်မူတည်ပြီး သီးသန့်ပြုလုပ်ခိုင်းလို့လည်းရပါတယ်။ ဒါကတော့ သင်တို့ တစ်ဦးချင်းစီရဲ့ အခြေအနေတွေနဲ့ Bunion ရဲ့ ပြင်းထန်မှုတွေပေါ် မူတည်နေပါတယ်။ Orthotics တွေက ဘယ်လို အထောက်အကူဖြစ်သလဲ။ Orthotics တွေကို အများအားဖြင့်တော့ ခြေဖဝါးပေါ်က ခြေမအဆစ်နောက်မှာ ထားလေ့ရှိပါတယ်။ သူတို့တွေဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ခြေစွပ် ကို စိတ်တိုင်းကျ ပြုလုပ်ခြင်း ။ ။ အရေးကြီးသော အဆင့် ၅ဆင့်

Foot Orthotics တွေကို စိတ်ကြိုက်လုပ်တယ်ဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခြေထောက်ပြဿနာတွေအတွက် မှန်ကန်စေဖို့ပါပဲ။ မှန်ကန်တဲ့ စိတ်ကြိုက်လုပ်Orthotics တွေကို ရရှိဖို့ဆိုရင်တော့ မဖြစ်မနေလိုက်နာရမယ့် အဆင့်တွေရှိပါတယ်။ အဆင့် ၁။ ။ ဒဏ်ရာအသေးစိတ်ကို လိုက်ပါ။ လူနာတွေဟာ သူတို့ရဲ့ပြဿနာကို သူတို့ကိုယ်တိုင်ပြောပြလာအောင် အမေးခံရတတ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဒဏ်ရာက ဒီအဆင့်မှာ ဘယ်လိုအခြေအနေရှိနေသလဲဆိုတာ သိဖို့ပါ။ အချို့သော အချက်အလက်တွေဟာ ကိုယ့်အတွက်မှန်ကန်တဲ့ Orthotics ပြုလုပ်ရာမှာ အရေးပါပါတယ်။ အဆင့် ၂။ ။ ဇီဝယန္တရား စစ်ဆေးမှု ခံယူရပါမယ်။ ခြေထောက်အတွက် ဇီဝယန္တရားစစ်ဆေးမှုနဲ့ ထပ်မံစစ်ဆေးမှုတွေကိုတော့ လူနာက စစ်ဆေးတဲ့စားပွဲပေါ် အိပ်နေရင်းဖြစ်စေ၊ မတ်တပ်ရပ်၍ဖြစ်စေ။ အစစ်ဆေးခံရပါတယ်။ ဆရာဝန်ဟာ အဆစ်တွေရဲ့လှုပ်ရှားမှုနဲ့ အရိုးအပိုင်းတွေရဲ့ အလိုင်းမန့်ကို စစ်ဆေးပါတယ်။ ဒီအဆင့်ကတော့ ခြေထောက်ကြားမှာ သို့မဟုတ် ခြေထောက်နဲ့ ခြေသလုံးကြားမှာ အရိုးတွေများ အလိုင်းမန့်လွဲချော်နေခဲ့ရင် […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Cervical Spondylosis လည်ပင်းကျီးပေါင်းတက်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်လည်ပင်းကျီးပေါင်းတက်ခြင်း (cervical spondylosis) ဆိုတာဘာလဲ လည်ပင်းကျီးပေါင်းတက်တယ်ဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အဆစ်တွေနဲ့ လည်ပင်းအဆစ်ကြား အချပ်ပြားတွေကိုထိခိုက်စေတဲ့ဝေဒနာတစ်ခုပါ။ လည်ပင်း (ဂုတ်) မှာအဖြစ်များပါတယ်။ လည်ပင်းအရိုးအဆစ်ရောင်ရမ်းတာလို့လည်းခေါ်ကြပါတယ်။ အရိုးနုနဲ့အရိုးတွေ ထိခိုက်ပျက်စီးမှုကြောင့် လည်ပင်ကျီးပေါင်းဖြစ်လာရတာပါ။ အသက် ၆၀ နှစ်နဲ့အထက်လူတွေရဲ့ ၈၅ ရာခိုင်နှုန်းကျော်မှာ အရိုးကျီးပေါင်းဝေဒနာခံစားကြရတယ်၊ လို့လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။ လည်ပင်းကျီးပေါင်းဖြစ်တဲ့အခါ နာတာရှည် နာကျင်ကိုက်ခဲမှုကိုပြင်းပြင်းထန်ထန်ခံစားရတာ၊ လည်ပင်းကတောင့်တောင့်ကြီးဖြစ်နေတာမျိုးခံစားရလေ့ရှိပေမယ့်တော်တော်များများကတော့ ပုံမှန်လုပ်နေကျအလုပ်တွေကို လုပ်ဆောင်နေနိုင်ကြပါတယ်။     လက္ခဏာများလည်ပင်းကျီးပေါင်း (cervical spondylosis) ရဲ့လက္ခဏာတွေက ဘာတွေလဲ လည်ပင်းကျီးပေါင်းခံစားနေရသူတော်တော်များများမှာရောဂါလက္ခဏာတွေမပြတတ်ကြပါဘူး။ရောဂါလက္ခဏာပြတဲ့အခါမျိုးမှာလည်း လည်ပင်း (ဂုတ်) ကနာကျင်တာ၊တောင့်တောင့်ကြီးဖြစ်နေတာမျိုးကိုခံစားရနိုင်ပါတယ်။ အရိုးကျီးပေါင်းကပြင်းထန်လာတဲ့အခါမျိုးမှာတော့ – လက်မောင်း၊လက်၊ခြေထောက် နဲ့ခြေဖျားတို့မှာ ထုံကျဉ်ကျဉ်ဖြစ်နေတာ ဟန်ချက်ထိန်းရခက်ပြီး လမ်းလျှောက်ရခက်ခဲတာ ဆီးတွေဝမ်းတွေမထိန်းနိုင်တာ မျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။       ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်လဲတကယ်လို့သင့်အနေနဲ့ ပခုံး၊လက်မောင်း နဲ့ခြေထောက်တွေ ထုံကျဉ်ပြီး ထိလို့ထိမှန်းမသိတော့တာမျိုး၊ ဆီးတွေ၊ဝမ်းတွေ မထိန်းနိုင်တာမျိုးဖြစ်မယ်ဆိုရင်မြန်နိုင်သမျှမြန်မြန်ဆေးကုသမှုခံယူသင့်ပါတယ်။ ဒါကအရေးပေါ်အခြေအနေတစ်ရပ်လို့ဆိုရပါမယ်။ နာကျင်မှုကနေ့စဉ်လုပ်ဆောင်မှုတွေကိုပါ မလုပ်ဆောင်နိုင်အောင်ဖြစ်လာပြီဆိုရင်တော့ မဖြစ်မနေဆရာဝန်နဲ့ သွားရောက်ပြသဖို့လိုပါမယ်။   အကြောင်းအရင်းများလည်ပင်းကျီးပေါင်း (cervical spondylosis) ကိုဖြစ်စေရတဲ့အကြောင်းအရင်းများ အသက်အရွယ်ရလာတာနဲ့အမျှကျောရိုး နဲ့ လည်ပင်းရိုးတို့မှာပါဝင်ဖွဲ့စည်းထားတဲ့ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ကဘာလဲ။ ပုခုံးကွာထွက်ဒဏ်ရာဆိုတာညှပ်ရိုးနှင့်ပုခုံးပြင်ရိုးတို့ကို တွယ်ဆက်ထားသောအရွတ်များ ထိခိုက်မိခြင်းဖြစ်သည်။ ဒဏ်ရာမပြင်းလျှင် အရွတ်များဆန့်ထွက်ရုံသာ ဖြစ်ပြီး ဒဏ်ရာပြင်းထန်လျှင် အရွတ်များစုတ်ပြဲသည်အထိ ဖြစ်နိုင်သည်။ လူအများစုတွင် ပုခုံးကွာထွက်ဒဏ်ရာကို ခွဲစိတ်ပြုပြင်ရန်မလိုပါ။ အနားပေးခြင်း၊ ရေခဲကပ်ခြင်း၊ အကိုက်အခဲပျောက်ဆေးစသော ကုထုံးများဖြင့် နာကျင်မှုသက်သာနိုင်သည်။ အများစုတွင် ရက်သတ္တပါတ်အနညှ်ုးယ်အတွင်း ပုခုံးကိုပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြသည်။ Separated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) က ဘယ်လောက်အဖြစ်များသလဲ ပုခုံးကွာထွက်ဒဏ်ရာသည် အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပိုဖြစ်နိုင်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများSeparated shoulder (ပုခုံးကွာထွက်ဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ ပုခုံးနာခြင်း ပုခုံး သို့မဟုတ် လက်မောင်းအားနည်းခြင်း ပုခုံးရောင်ခြင်း သွေးခြေဥခြင်း ပုခုံးကို ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ခြင်း ပုခုံးပေါ်တွင် အဖုထွက်လာခြင်း တို့ဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။ ဘယ်အချိန်မှာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်