အရိုးကျိုးခြင်း

အရိုးကျိုးခြင်း သည် အဖြစ်များသည့် အရိုးအကြောပြဿနာဖြစ်တဲ့အတွက် လက္ခဏာတွေ၊ ကုသနည်းတွေ၊ ကာကွယ်နည်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးကျိုးခြင်း

အရိုးကျိုးသွားတဲ့အခါ မြန်မြန်ပြန်ဆက်စေဖို့

ချော်လဲတာကြောင့်ဖြစ်ဖြစ်၊ မတော်တဆထိခိုက်မိတာတွေကြောင့်ဖြစ်ဖြစ် အရိုးကျိုးတာမျိုးတွေဖြစ်နိုင်ပါတယ်။ အရိုးကျိုးတာက သာမန်မျက်စိနဲ့ မြင်ဖို့ခက်သလို သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ အရိုးပြန်ဆက်တဲ့အချိန်မျာ အစားအသောက်၊ အနေအထိုင်ကို သေချာလေးဂရုစိုက်ပေးမှာ အရိုးက အကောင်းဆုံးပြန်ဆက်နိုင်မှာပါ။ ဒီတော့ အကြောင်းအရင်းတစ်ခုခုကြောင့် အရိုးကျိုးသွားတဲ့အခါ အရိုးမြန်မြန်ဆန်ဆန်ပြန်ဆက်စေဖို့ ဘာတွေလိုက်နာဖို့လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ မျှဝေပါရစေ။ ခန္ဓာကိုယ်ရဲ့ ငြမ်းဖြစ်တဲ့အရိုးတွေကို ဘယ်လိုဖွဲ့စည်းထားတာလဲ............ ခန္ဓာကိုယ်ရဲ့ အခြေခံကျတဲ့ ငြမ်းတွေဖြစ်တဲ့ အရိုးတွေကို ကော်လာဂျင်လို့ ခေါ်တဲ့ (ပရိုတင်း) နဲ့ဖွဲ့စည်းထားပြီး အပေါ်ကနေမှ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်တို့က ကြံ့ခိုင်မှုကို အားဖြည့်ပေးထားကြပါတယ်။ ဒါကြောင့် အရိုးတွေကျန်းမာနေစေဖို့ ထိခိုက်သွားတဲ့အခါ အမြန်ဆုံးပြန်ကျန်းမာလာစေဖို့အတွက် အာဟာရတွေကို ပြည့်ဝမျှတအောင်စားသုံးပေးဖို့ လိုပါမယ်။ ကျိုးသွားတဲ့အရိုး မြန်မြန်ပြန်ဆက်စေဖို့ အရိုးတွေကျိုးသွားတဲ့အခါ ပြန်ဆက်ပြီး အမြန်ဆုံးအကောင်းပကတိပြန်ဖြစ်စေဖို့ဆိုရင် ပုံမှန်ထက် အာဟာရဓာတ်တွေကို ပိုမိုစားသုံးပေးဖို့လိုအပ်ပါမယ်။ ဒီတော့ ဘာတွေစားမလဲ......... ကယ်လ်ဆီယမ် အရိုးတွေနဲ့သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်မယ့်ဓာတ်တစ်မျိုးပါ။ အရိုးရဲ့ သိပ်သည်းဆကို […]

အရိုးကျိုးခြင်း ကို ရှာဖွေမည်။

အရိုးကျိုးခြင်း

Broken Forearm (လက်ဖျံရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Forearm (လက်ဖျံရိုးကျိုးခြင်း) ကဘာလဲ။ လက်ဖျံရိုးဆိုတာက တံတောင်ဆစ်နဲ့လက်ကောက်ဝတ်ကြား မှာရှိတဲ့နေရာကိုဆိုလိုပါတယ်။၎င်းနေရာကိုအရိုးနှစ်ခုနဲ့ ပြ ုလုပ်ထားပါတယ်။ ulna နဲ့ radius အရိုးနှစ်ခုပါ။Ulna အရိုး က တံတောင်ဆစ်ထိပ်ကနေ လက်ကောက်ဝတ်ရိုးရဲ့ လက်သန်းဘေးဘက်ထိသွားပါတယ်။radius အရိုးကတော့ နည်းနည်းပိုကြီးတဲ့အရိုးဖြစ်ပြီးတံအောင်ဆစ်ကနေလက်မအောက်ခြေနားအထိသွားပါတယ်။ လက်ဖျံရိုးတွေဟာနည်းမျိုးစုံနဲ့ကျိုးနိုင်ပါတယ်။ သာသာလေး ကျိုးတာပဲဖြစ်ဖြစ် အစိတ်စိတ်အမွှာမွှာကျိုးတာပဲဖြစ်ဖြစ် ကျိုး နိုင်ပါတယ်။ ကျိုးနေတဲ့အရိုးအစတွေကတည့်တည့်လေးဖြစ် နေတာဖြစ်နိုင်သလိုနေရာတွေမမှန်ပဲ ဖြစ်နေတာလည်း ဖြစ် တတ်ပါတယ်။ တစ်ချို့အခြေအနေတွေမှာတော့ အရိုးကနေအရိုးစတွေကွဲ ထွက်ပြီးအရေပြားမှာလာပေါက်ထွက်တာဒါမှမဟုတ် ကျိုးနေတဲ့အရိုးကနေပေါက်ထွက်လာပြီးအနာဖြစ်တာတို့ ရှိ နိုင်ပါတယ်။၎င်းကို ပွင့်ထွက်သောကျိုးခြင်းလို့ခေါ်ပြီး ပိုးဝင် မှာကြောက်ရတာကြောင့် ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါ တယ်။ လက်ဖျံရိုးတစ်ဝက်ကနေ radius and ulna အရိုးတွေကျိုး ဖို့ဆိုတာဟာ ပြင်းထန်တဲ့အားသက်ရောက်မှုရှိမှဖြစ်နိုင်မှာမို့ လက်ဖျံရိုးဒဏ်ရာရတဲ့အခါမှာအရိုးနှစ်ခုလုံးကျိုးခြင်းဟာလူ ရွယ်တွေမှာပဲပိုအတွေ့ရများပါတယ်။ အရိုးကတစ်ခုတည်းကျိုးခဲ့တယ်ဆိုပါကအများအားဖြင့် ulnaအရိုးပဲ ဖြစ်တတ်ပြီး ၎င်းကတော့ သင်ကသင့်ကိုယ်ကိုခုခံကာကွယ်တဲ့အနေနဲ့ လက်နဲ့ ကာတဲ့အခါ ရတဲ့ ကျိုးခြင်းပဲဖြစ်ပါတယ်။ Broken Forearm (လက်ဖျံရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ဖျံရိုးကျိုးခြင်းဟာခြေလက်ကျိုးခြင်းတွေမှာတော့ အများဆုံးထဲမှာပါပါတယ်။ လက်ကောက်ဝတ်ကျိုးခြင်းကတော့ အဖြစ်အများဆုံးလက်ဖျံရိုးကျိုးခြင်းပါပဲ။ အခြားအချက်အလက်တွေ သေချာသိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများBroken Forearm (လက်ဖျံရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ဖျံရိုးကျိုးခြင်းရဲ့ အတွေ့ရများတဲ့လက္ခဏာတွေကတော့ -လက်ကောက်ဝတ် […]


အရိုးကျိုးခြင်း

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကဘာလဲ။ ပခုံးအရိုးပြား (သို့)လက်ပြင်ရိုးပြား ဆိုသည်မှာ ကျောအထက်ပိုင်းတွင် ရှိသည့် လက်မောင်းနှင့် ရင်ဘတ်ကို ဆက်သွယ်ပေးထားသော အရိုးဖြစ်သည်။ ပခုံးဆစ်၏ လက်မောင်းနှင့် ခွက်နေသောလက်မောင်းအိမ်အခေါင်းကိုဆက်သွယ်ပေးထားသည့်ခွက်နေသောလက်မောင်းအိမ်အခေါင်းအဖြစ်လည်း ရှိပေးသည်။Acromion နှင့် Coracoid processesများဆိုသည်မှာ လက်ပြင်ရိုးပြား အပေါ်ပိုင်းရှိ အရိုးဖုများဖြစ်ပြီး လက်ပြင်ရိုးပြားနှင့် ညှပ်ရိုးတို့ကိုဆက်သွယ်ပေးသည်။ လက်ပြင်ရိုးပြားကို ပခုံးဆစ်၏ ပျော့ပျောင်းသောလှုပ်ရှားမှုပြုလုပ်ပေးသည့် ကြွက်သားအထူလွှာများဖြင့် ကာရံထားသည်။ လက်ပြင်ရိုးအားကျိုးစေရန်အလွန်ပြင်းထန်သောအားတခုကို လိုအပ်တတ်သောကြောင့် ဆရာဝန်သည် လက်ပြင်ရိုးပြား ကျိုးလာသူတွင် အခြားသောထိခိုက်ဒဏ်ရာများရှိမရှိကို လေ့လာရတတ်သည်။ ပခုံးလက်ပြင်ရိုးပြားအပါအဝင်အရိုးနေရာများစွာ ကျိုးနေကြောင်းကို တွေ့ရှိရသည်။ Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ပခုံးလက်ပြင်ရိုးပြားသည် ကျိုးရန်ခဲယဉ်းပြီး ကျိုးသောအရိုးများအားလုံးတွင် လက်ပြင်ရိုးကျိုးခြင်းသည် 1ရာခိုင်နှုန်းအောက်တွင် သာရှိကြောင်းသိရသည်။ […]


အရိုးကျိုးခြင်း

Boxer's fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Boxer’s fracture (လက်ဝှေ့သမားအရိုးကျိုးခြင်း) ကဘာလဲ။ လက်ဝှေ့သမားအရိုးကျိုးခြင်း လက်သီးဆုပ်ဖြစ်အောင်လုပ်ပေးတဲ့ လက်က အရိုးလေးတွေကျိုးသွားခြင်းကို ဆိုလိုတာပါ။ ဆရာဝန်အချို့ကတော့ လက်ဝှေ့သမားဆိုတာထက် နပန်းသမားလို့ သုံးနှုန်းတာကို ပိုပြီး သဘောကျကျတယ်။ ဘာလို့လဲဆိုတာ လက်ဝှေ့သမားတွေက ဒီလိုမျိုး အရိုးကျိုးတာမျိုးနည်းပါတယ်။ တက်သစ်စနပန်းသမားတွေဟာ မိမိလက်ကို မထိခိုက်စေပဲ လက်သီးထိုးနည်းကို ကောင်းကောင်းကျင့်ထားသင့်ပါတယ်။ လက်ဖဝါးရိုးတွေဟာ လက်ချောင်းရိုးတွေနဲ့ လက်ကောက်ဝတ်အရိုးတွေကို ဆက်သွယ်ပေးထားပါတယ်။ လက်ဖဝါးရိုး ၅ ခု ရှိပြီးတော့ တစ်ခုချင်းစီက လက်ချောင်းတစ်ချောင်းချင်းစီကို လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ပေးထားပါတယ်။ လက်ဖဝါးရိုးတစ်ခုစီမှာ အခြေ၊ အတံ၊ လည်တိုင်နဲ့ ခေါင်းဆိုပြီး အစိတ်အပိုင်းတွေပါဝင်ပါတယ်။ လက်ဖဝါးရိုးရဲ့ အခြေဆိုတာဟ လက်ကောက်ဝတ်နဲ့ ချိတ်ဆက်ထားတဲ့ အပိုင်းကို ဆိုလိုပါတယ်။ အတံဆိုတာကတော့ လက်ဖဝါးရိုးရဲ့ ရှည်ပြီးတော့ သွယ်လျတဲ့ အပိုင်းကိုဆိုလိုတာပါ။ လည်တိုင်ဆိုတာကတော့ အရိုးရဲ့ခေါင်းပိုင်းနဲ့ အတံပိုင်းတို့ကို ဆက်သွယ်ထားတာပဲဖြစ်ပါတယ်။ ခေါင်းအပိုင်းကတော့ လက်ဖဝါးရိုးကို လက်ချောင်းရိုးနဲ့ ဆက်သွယ်ပေးထားပါတယ်။ လက်သီးသေချာဆုပ်ထားမယ်ဆိုရင် […]


အရိုးကျိုးခြင်း

Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) ကဘာလဲ။ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း ဆိုသည်မှာ လက်မ သို့မဟုတ် လက်ချောင်းထိပ်ပိုင်းတွင်ရှိသောလက်ဆစ်တွင် အရွတ်ထိခိုက်မိခြင်းကြောင့် လက်ချောင်းများ မဆန့်နိုင်တော့ခြင်းကိုခေါ်သည်။ “baseball finger” ဟုလည်းခေါ်သည်။ မမျော်လင့်ထားသော အရာ(ဥပမာ ဘောလုံး) သည် အရှိန်တခုဖြင့် လက်ချောင်းထိပ် သို့မဟုတ် လက်မ အားထိခိုက်မိခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပြီးပါက သင့်လက်မသို့မဟုတ် လက်ချောင်းဆန့်တန်း နိုင်ခြင်းရှိတော့မည်မဟုတ်ပါ၊ Mallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်းသည် အဖြစ်များပါသည်။ မိန်းကလေးများတွင်ပို၍ဖြစ်တတ်သည်။ မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်တတ်သည်။ ထိုသို့ဖြစ်စေသည့်အခြေအနေများကိုရှောင်ရှာ်းခြင်းကိုကာကွယ်နိုင်သည်၊ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်တိုင်ပင်ပါ၊ လက္ခဏာများMallet finger (လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်ချောင်းထိပ်ပိုင်း ကောက်၍ကျိုးခြင်း များမှာ လက်ချောင်းတွင် ယောင်လာခြင်း နာခြင်း အညိုအမဲစွဲလာခြင်းများဖြစ်တတ်သည်။ လက်ချောင်းထိပ် သည် သိသိသာသာ ကွေး၍ပြုတ်ကြနေတတ်သည်။ ကွေးကြနေသောလက်အား […]


အရိုးကျိုးခြင်း

Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) ကဘာလဲ။ မေးရိုးကျိုးတယ်ဆိုတာ လူတစ်ယောက်ရဲ့ဦးခေါင်းခွံနဲ့အောက်ဘက်ကမေးရိုးကို ဆက်ထားတဲ့ အဆစ်တစ်ခု (သို့) နှစ်ခုလုံးကိုထိခိုက်မိ တာကိုခေါ်တာပါ။ ထိုအဆစ်ကို နားထင်နှင့်မေးရိုးဆက်သောအဆစ်လို့ခေါ်ပါတယ်။ ထိုဆက်ထားသော အဆစ်များမှာ ဟသွား၊ အက်သွားခြင်း (သို့မဟုတ်) ဦးခေါင်းခွံမှ ပြုတ်ထွက်သွားခြင်းတို့ထိ ဖြစ်နိုင်ပါတယ်။ ထိုသို့ မေးရိုးဆစ်ပြုတ်ထွက်သွားခြင်းကို မေးရိုးဆစ် လွဲတယ်လို့လည်းခေါ်ပါတယ်။ မေးရိုးကျိုးခြင်း၊ အက်ခြင်း (သို့) မေးရိုးပြုတ်ခြင်းတို့ဖြစ်ရင် အစာစား ရခက်တာတွေ၊ အသက်ရှူရခက်တာတွေ ရှိလာနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေ ရှောင်ရှားနိုင်ဖို့ မြန်မြန်သက်သာစေရန် ဆေးကုသမှုချက်ချင်း ခံယူသင့်ပါတယ်။ Broken jaw (မေးရိုးကျိုးခြင်း၊ မေးရိုးပြုတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ မေးရိုးကျိုးခြင်းက အရမ်းကို အဖြစ်များပါတယ်။ အမျိုးသားတွေ ထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပီး အသက်အရွယ်မရွေး ဖြစ် နိုင်ပါတယ်။ မေးရိုးကျိုးနိုင်တဲ့ အန္တရာယ်ရှိတဲ့ အချက်တွေကို လျော့ချပီး မေးရိုးကျိုးတာကို ကာကွယ်နိုင်ပါတယ်။ […]


အရိုးကျိုးခြင်း

Tailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ကဘာလဲ။ မြီးညှောင့်ရိုး(coccyx)ဟာ ကျောရိုးရဲ့ အောက်ဖက်အဆုံးဖြစ်ပါတယ်။ ရေခဲပြင် ဒါမှမဟုတ် လှေကားထစ်လိုမျိုး မာကျောတဲ့ မျက်နှာပြင်တွေပေါ် ချော်လဲကျတဲ့အခါမှာ မြီးညှောင့်ရိုးထိခိုက်ခံရတတ်ပါတယ်။ နာကျင်မှုကများသောအားဖြင့် အရိုးထိခိုက်တာကြောင့်ဖြစ်နိုင်သလို အရွတ်တွေဆွဲ့ဆန့်မိသလို ဖြစ်သွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ မြီးညှောင့်ရိုးကျိုးတာရှားပါးပြီး မြန်မြန်လည်း ပြန်လည်ကောင်းမွန်ကြပါတယ်။ ဒါကြောင့်ဓါတ်မှန်ရိုက်ဖို့ မလိုအပ်ပါဘူး။ အဆစ်လွဲတာကတော့ တော်တော်လေးရှားသွားပါပြီ။ ဒါပေမယ့်လည်း လွဲသွားမယ်ဆိုရင်လည်း ဆရာဝန်က ပြန်လည်တည့်မတ်ပေးဖို့လိုလာပါပြီ။ တင်ပါးနှစ်ခုကြား အကွဲကြောင်း၏ အပေါ်ပိုင်းတွင် နာကျင်မှုရှိမရှိကို ကြည့်ခြင်းအားဖြင့် မြီးညှောင့်ရိုးထိခိုက်မှုရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။   လက္ခဏာများTailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ မြီးညှောင့်ရိုးရှိတဲ့နေရာတစ်ဝိုက်မှာ အလွန်နာကျင်နေခြင်း ထိခိုက်မှုကြောင့်ဖြစ်မယ်ဆိုရင် ထိုထိခိုက်မိတဲ့နေရာမှာ အညိုအမဲစွဲနေခြင်း အချိန်ကြာမြင့်စွာထိုင်မယ် ဒါမှမဟုတ် ဖိမိလိုက်မယ်ဆိုရင် နာကျင်ခြင်းပိုမိုဆိုးရွားလာခြင်း အူရွေ့လျားခြင်းနှင့် ညစ်ခြင်းတို့ကြောင့် နာကျင်လာခြင်း လိင်ဆက်ဆံနေစဉ်နာကျင်လာခြင်း   အကြောင်းရင်းများTailbone (Coccyx) Injury ( မြီးညှောင့်ရိုးထိခိုက်မိခြင်း) ကိုဘာတွေကဖြစ်စေသလဲ မြီးညှောင့်ရိုးထိခိုက်မှုတွေကို […]


အရိုးကျိုးခြင်း

Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) ကဘာလဲ။ တံတောင်ဆစ်ထိခိုက်ဒဏ်ရာသည် လူကြီးများနှင့် ကလေးများတွင်ပါ အဖြစ်များသည်။ စောစီးစွာသိရှိ၍ ကုသမှုခံယူနိုင်ခြင်းက နောက်ဆက်တွဲဖြစ်လာမည့် ဆိုးကျိုးများကို ကာကွယ်နိုင်သည်။ တံတောင်ဆစ်ကို ပြင်းထန်သောထိခိုက်မှု ဟူသမျှ ဆေးကုသရန်လိုသည်။ အရိုးကျိုးခြင်း၊ အရိုးနေရာလွဲခြင်း စသည့် ပြင်းထန်သော ထိခိုက်မှုများသည် လှုပ်ရှားမှုအပြင် သွေးကြောနှင့် အာရုံကြောတို့၏ လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်စေသည်။ ကလေးများတွင် အရိုးကျိုးခြင်းသည် အရိုး၏ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိနိုင်သည်။ အကြောင်းမှာ ကလေးများ၏ အရိုးတွင် အရိုးကြီးထွားမှုဖြစ်ပွားသော ဗဟိုချက်နေရာများရှိသည်။ ကလေးဘဝတလျှောက်လုံး အရိုးများသည် ဆက်လက်ကြီးထွားနေသဖြင့် အရိုးကျိုးခြင်းကြောင့် ထိုဗဟိုချက်နေရာတစ်ခု ထိခိုက်မိပါက အရိုး၏ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည်။ တံတောင်ရိုးကျိုးခြင်းသည် တံတောင်ဆစ်ဖြစ်လာစေသော လက်မောင်းရိုး၃ခုထဲမှ ၁ခု သို့မဟုတ် ၁ခုထက်ပို၍ ကျိုးခြင်းဖြစ်သည်။ Broken elbow (တံတောင်ဆစ်အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို […]


အရိုးကျိုးခြင်း

Broken nose (နှာရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken nose (နှာရိုးကျိုးခြင်း) ကဘာလဲ။ နှာရိုးကျိုးခြင်းသည် နှာခေါင်းအတွင်းရှိအရိုးများ ကျိုးခြင်းကြောင့်ဖြစ်သည်။ အဓိကကျိုးသောအကြောင်းအရင်းများမှာ အားကစားပြုလုပ်ခြင်း ရန်ဖြစ်ခြင်း မော်တော်ကား မတော်မဆမှု မော်တော်ကားပေါ်မှပြုတ်ကျခြင်းများကြောင့်မျက်နှာအားထိခိုက်တတ်သည်။ နှာရိုးကျိုးခြင်းသည် နှာခေါင်းတစ်လျောက် နှင့်မျက်စိတွင် နာခြင်း ယောင်ခြင်း အညိုအမဲစွဲခြင်းတို့ဖြစ်တတ်သည်။ နှာခေါင်းရိုးလိမ်နေတတ်ပြိး အသက်ရူရခက်တတ်သည်။ ကုသမှုတွင် ကျိုးနေသောအရိုးနှစ်ခုအားပြန်ညှိုရန်လိုတတ်သည်။ ခွဲစိတ်မှုများသောအားဖြင့်မလိုတတ်ပါ။ Broken nose (နှာရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBroken nose (နှာရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှာရိုးကျိုးခြင်းရဲ့် အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့- နာခြင်း။ အထူးသဖြင့်နှာခေါင်းအားထိမိချိန်တွင်နာတတ်သည်။ ဖောင်းလာခြင်း။ နှာခေါင်းနှင့် ပတ်ဝန်းကျင်နေရာများတွင်ဖောင်းလာတတ်သည်။ နှာခေါင်းမှသွေးထွက်ခြင်း နှာခေါင်းသို့မဟုတ် မျက်လုံးတွင် အညိုအမဲစွဲခြင်း နှာခေါင်းကွေးကောက်သွားခြင်း အသက်ရူရခက်ခြင်း နှာခေါင်းမှချွဲများကျခြင်း တစ်ဖက်သို့မဟုတ် နှစ်ဖက်လုံးတွင်နှာပိတ်နေခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအချက်များရှိပါကဆရာဝန်နှင့်တိုင်ပင်ပါ။ ခေါင်းသို့မဟုတ်လည်ပင်းဒဏ်ရာရရှိပြီး ခေါင်းကိုက်ခြင်း လည်ပင်းနာခြင်း အန်ခြင်း နှင့် သတိမေ့ခြင်းများရှိပါက အသက်ရူရခက်ခြင်း သွေးမရပ်တော့ခြင်း နှာခေါင်းပုံသဏ္ဏာန်ပြောင်းလဲသွားသောလည်း ကွေးကောက်ခြင်း ဖောင်းလာခြင်းများမရှိခြင်းေ ရေကဲ့သို့ကြည်သောအရာများနှာခေါင်းမှထွက်လာခြင်း အကြောင်းရင်းများBroken nose (နှာရိုးကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ ရုတ်တရက်ထိခိုက်မိခြင်းကြောင့်အဓိကဖြစ်သည်။ […]


အရိုးကျိုးခြင်း

Broken Hip (တင်ပဆုံရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Broken Hip (တင်ပဆုံရိုးကျိုးခြင်း) ကဘာလဲ။ တင်ပဆုံရိုးကျိုးခြင်းဆိုသည်မှာ ပေါင်ရိုး၏ အပေါ်ပိုင်း ကျိုးပြတ်သွားခြင်းကို ဆိုလိုသည်။ ကျိုးသည့် ပမာဏသည် သက်ရောက်သော အားပေးမူတည်သည်။ တင်ပဆုံရိုးကျိုးခြင်းကို ကုသသည့် ခွဲစိတ်ကုသမှုမျိုးသည် ကျိုးပြတ်မှုတွင် ပါဝင်သော အရိုးနှင့် ကြွက်သားများအပေါ် နှင့်/သို့မဟုတ် ကျိုးပြတ်မှုဖြစ်သည့် အတိုင်းအတာပေါ်မူတည်သည်။ Broken Hip (တင်ပဆုံရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ တင်ပဆုံရိုးကျိုးခြင်းသည် အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် ပျမ်းမျှ ၃၄၁,၀၀၀ ယောက် ဖြစ်ပွားသည်။ တင်ပဆုံရိုးကျိုးခြင်း ဖြစ်ပွားနှုန်းသည် အသက်နှင့် လိုက်၍ မြင့်သည်။ အသက် ၆၀ ကျော်တွင် ၅နှစ် မှ ၆ နှစ်လျှင် ၂ဆ တိုးသည်။ လက္ခဏာများBroken Hip (တင်ပဆုံရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တင်ပဆုံရိုးကျိုးခြင်း၏ ရောဂါလက္ခဏာတွေမှာ- -လဲကျပြီးပြီးချင်း လှုပ်ရှား၍ မရခြင်း။ -တင်ပါး (သို့) ပေါင်ခြံနေရာတွင် ပြင်းထန်စွာ […]


အရိုးကျိုးခြင်း

broken toe (ခြေချောင်းလေးတွေကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်broken toe (ခြေချောင်းလေးတွေကျိုးခြင်း) ကဘာလဲ။ လေးပင်တဲ့အရာတစ်ခုခုခြေထောက်ပေါ်ပြုတ်ကျသွားတဲ့အခါ ခြေချောင်းလေးတွေကျိုးသွားတတ်တယ်။ များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းကို ဘေးဘက်ကခြေချောင်းနဲ့ ပူးတွဲချည်ပြီး မလှုပ်ရှားနိုင်အောင် လုပ်လိုက်ပါတယ်။ ဒါပေမယ့် ကျိုးတာက ပြင်းထန်နေမယ်ဆိုရင် ဒါမှမဟုတ် ခြေမဖြစ်နေမယ်ဆိုရင်တော့ ကျောက်ပတ်တီးကိုင်ဖို့ လိုနိုင်ပြီး ကောင်းကောင်းအနာကျက်ဖို့အတွက် ခွဲစိတ်ဖို့တောင် လိုကောင်းလိုနိုင်ပါတယ်။ များသောအားဖြင့် ကျိုးသွားတဲ့ခြေချောင်းလေးတွေက လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ကောင်းကောင်းပြန်ကျက်ကြပါတယ်။ ဒါပေမယ့် ကျိုးသွားတဲ့နေရာနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ရောဂါပိုးဝင်ခြင်း သို့ နောင်တစ်ချိန်မှာ အရိုးအဆစ်ရောင်နိုင်ချေများခြင်း တို့ဖြစ်နိုင်ပါတယ်။ broken toe (ခြေချောင်းလေးတွေကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဖစ်တတ်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်တယ်။ လက္ခဏာများbroken toe (ခြေချောင်းလေးတွေကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နာကျင်ခြင်း ရောင်ရမ်းခြင်း အရောင်ပြောင်းခြင်း ဖော်ပြထားသောအချက်တွေအပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်