အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အခြား အဆစ်နှင့် အရွတ်ရောဂါများ

Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ကဘာလဲ။ ဒူးကောက်ခွက်အကြောဒဏ်ရာဆိုတာ ဒူးကောက်ခွက်မှာရှိတဲ့ကြွက်သားများ တင်းလွန်းခြင်း သို့ အားစိုက်လွန်းခြင်းတို့ကြောင့် ဖြစ်ပေါ်လာတယ် ။ ဒူးကောက်ခွက်ကြွက်သားပျက်ဆီးမှုပေါ်မူတည်ပြီး ဒဏ်ရာကို အဆင့်၃ဆင့်ခွဲခြားနိုင်တယ်။   အဆင့်၁ ။ ကြွက်သားနာကျင်ခြင်း အဆင့်၂ ။ ကြွက်သားတချို့စုတ်ပြဲခြင်း အဆင့်၃။ ကြွက်သားအကုန်ပျက်ဆီးခြင်း Hamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) က ဘယ်လောက်အဖြစ်များသလဲ ဒူးကောက်ခွက်ကြောဒဏ်ရာက များသောအားဖြင့် ပြင်းထန်တဲ့အားကစားလှုပ်ရှားမှုတွေကိုလုပ်တဲ့ အားကစားသမားတွေမှာအဖြစ်များတယ်။ ဥပမာ..အပြေးသမား၊ း၊ တာတိုအပြေးသမား၊ ဘောလုံးသမား၊ ဘက်စကတ်ဘောသမား။ သင်ဟာ ဒီအခြေအနေတွေကို လေ့လာခြင်းဖြင့် ဒဏ်ရာရနိုင်ခြေကို လျှော့ချနိုင်တယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများHamstring Injury (ဒူးကောက်ခွက်အကြော ဒဏ်ရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဒူးကောက်ခွက်အကြောဒဏ်ရာရဲ့ လက္ခဏာတွေက ဒဏ်ရာပြင်းထန်မှုအပေါ်မူတည်ပြီး ပြောင်းလဲမှုရှိတတ်ပါတယ်။ အဆင့်၁၊ သင်၏ပေါင်အနောက်ဘက်၌ အနည်းငယ်နာကျင်ခြင်းနှင့် ခြေထောက်လှုပ်ရှားရာတွင် အနည်းငယ်ခက်ခဲခြင်းတို့ကိုတွေ့ရနိုင်တယ်။ ဒူးကောက်ခွက်ကြွက်သားအနည်းငယ်ဆုတ်ပြဲသွားပါကလည်း ပေါင်အနောက်ဘက်ပိုင်းနာကျင်ခြင်းနှင့် ခြေထောက်လှုပ်ရှားရခက်ခြင်းတို့ဖြစ်နိုင်တယ်။ အဆင့်၂ ၊ နာကျင်မှုကိုပိုမိုခံစားရနိုင်တယ်။ […]


အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

Dislocation (အဆစ်လွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dislocation (အဆစ်လွဲခြင်း) ကဘာလဲ။ အရိုးတစ်ခုဟာ ၎င်းရဲ့အဆစ်ကနေ ချော်ထွက်သွားလျှင် ( သို့)၎င်းရဲ့ ပုံမှန်အနေအထားကနေ အပြင်သို့ချော်ထွက်သွားလျှင် အရိုးအဆစ် လွဲခြင်းလို့ခေါ်ပါတယ်။ လွဲထားဖူးတဲ့ အဆစ်တွေဟာ နောက်ပိုင်းမှာလည်း ခဏ ခဏ ပြန်လွဲနိုင် ပါတယ်။ Dislocation (အဆစ်လွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဆစ်လွဲ ခြင်းဟာ ပခုံးနဲ့ လက်ချောင်းတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ အဆစ်လွဲချင်းဖြစ်နိုင်တဲ့ အခြား အစိတ်အပိုင်းတွေကတော့ တံတောင်ဆစ် ဒူးခေါင်းနဲ့ တင်ပါးဆုံရိုးတွေပဲဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDislocation (အဆစ်လွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆစ်လွဲခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ • အဆစ်နေရာလွဲခြင်းကို အပြင်မှ မြင်နိုင်ခြင်း • ဖောင်းလာခြင်း ( သို့) အရောင်ပြောင်းလာခြင်း • လှုပ်ရှားသောအခါနာကျင်ခြင်း • အဆစ်လွဲသွားသောနေရာများ တစ်ဝိုက်တွင် ထုံကျဉ်ခြင်း၊ • […]


အခြား အရိုးရောဂါများ

Achondroplasia (အရိုး မဖွံ့ဖြိုးသောရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Achondroplasia (အရိုး မဖွံ့ဖြိုးသောရောဂါ ) ကဘာလဲ။ Achondroplasia ဆိုတာ ရှားရှားပါးပါး မျိုးရိုးဗီဇ ချို့ယွင်းခြင်းကြောင့် ဖြစ်တဲ့ အရိုးဖွံ့ဖြိုးမှု မူမမှန်သောရောဂါတစ်ခု ပါပဲ။ ယင်းချို့ယွင်းမှုက အချိုးမညီတဲ့ အရပ်ပုခြင်း တွေကို ဖြစ်စေလာပါတယ်။ ထိုအခြေအနေကြောင့်ပဲ အရိုးနုတွေက နဂိုပုံစံ အတိုင်း မကြီးထွားနိုင်တော့ပါဘူး။ အရိုးမဖွံ့ဖြိုးသောရောဂါ (Achondroplasia) ရှိလား၊မရှိဘူးလားဆိုတာကို ဆုံးဖြတ်ရာတွင် ယောက်ျားတွေမှာ အရပ် ၁၃၁ စင်တီမီတာ နဲ့ မိန်းမတွေမှာ ၁၂၄ စင်တီမီတာ အောက် ရောက်လား၊မရောက်လားဆိုတာနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ အရိုးမဖွံ့ဖြိုးသောရောဂါ (Achondroplasia) ကို သားသမီးတွေက မိဘတွေဆီကနေ လက်ခံရရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း အများစု (၈၀ရာခိုင်နှုန်း)က မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်ကြတာပါ။ Achondroplasia (အရိုး မဖွံ့ဖြိုးသောရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ အရိုးမဖွံ့ဖြိုးသောရောဂါ က […]


အခြား အရိုးရောဂါများ

Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ကဘာလဲ။ ခါးဆစ်ရိုးကျဉ်းခြင်းသသည် ခါးဆစ်ရိုးများကြားရှိ နေရာများကျဉ်းခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ထိုသို့ကျဉ်းခြင်းကြောင့် ခါးရိုးအာရုံကြောမနှင့် အရံအာရုံကြောများကို ဖိမိနိုင်သည်။ ထိုသို့ဖြစ်ခြင်းကြောင့် ခါးအောက်ပိုင်းနှင့် လည်ပင်းတွင် အဓိကအားဖြင့် ထိခိုက်တတ်သည်။ သို့သော် ဤ အခြေအနေမျိုးသည် ခါးဆစ်ရိုး၏ ဘယ်နေရာတွင်မဆိုဖြစ်နိုင်သည်။ ရောဂါပြင်းထန်မှုသည် အာရုံကြောများပေါ်တွင် ဖိမိသည့်အနေအထားနှင့် ပျက်စီးမှုပေါ်တွင် မူတည်သည်။ Spinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဤ အခြေအနေမျိုးကို အမျိုးသားများနှင့် အမျိုးသမီးများတွင် အသက် ၅၀ ကျော် လာသောအခါတွင် ဖြစ်ပွားတတ်သည်။ ထို့အပြင် မွေးရာပါ ခါးဆစ်ရိုးနေရာကျဉ်းသူများနှင့် ခါးရိုးကို ထိခိုက်ဒဏ်ရာ ရသူများတွင်လည်း တွေ့ရသည်။ ထပ်မံသိရှိလိုလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေပေးပါ။ လက္ခဏာများSpinal Stenosis (ခါးဆစ်ရိုးကျဉ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါလက္ခဏာများသည် တဖြည်းဖြည်းနှင့် စတင်လာနိုင်သည်။ အစတွင် ရောဂါလက္ခဏာများမရှိနိုင်ပဲ နောက်ပိုင်းတွင် အလွန်ကျဉ်းမြောင်းလာသောသည့်အခါ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Torticollis (အုံးလွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Torticollis (အုံးလွဲခြင်း) ကဘာလဲ။ torticollis ဆိုသည်မှာ ကြွက်သားကျုံ့သော ရောဂါဖြစ်သည်။ ထိုသို့ကျုံ့ခြင်းကြောင့် လည်ပင်းလှုပ်ရှားမှုကို ပုံမမှန်ဖြစ်ပေါ်ပြီး ခေါင်းတဖက်စောင်းသွားခြင်းဖြစ်သည်။ အဖြစ်အများဆုံးပုံစံမှာ proof spasm torticollis ဖြစ်သည်။ ဖြစ်စေသောအကြောင်းရင်းကို မသိသော်လည်း ဦးခေါင်းကို ဒဏ်ရာရပြီးနောက်တွင် ဖြစ်ပွားလေ့ရှိသည်။ ထိုသို့ခေါင်းစောင်းနေသည့် အတွက် အသက်အန္တရာယ်မရှိသလို သက်တမ်းစေ့လည်း နေရနိုင်ပါသည်။ သို့သော် ရေတာရှည် နာကျင်မှုခံစားရခြင်း နှင့် လည်ပင်းအကြောဆစ်ကွေးခြင်း ကဲ့သို့သော အခြားနောက်ဆက်တွဲပြသနာများကို ခံစားရနိုင်ပါသည်။ Torticollis (အုံးလွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ torticollis သည် မည်သူမဆို ဖြစ်နိုင်ပြီး မွေးကင်းစ ကလေးငယ်များတွင်လည်း ဖြစ်နိုင်ပါသည်။ လူလတ်ပိုင်းများတွင် အဖြစ်များပြီး အမျိုးသမီးများတွင် အမျိုးသားများထက် ပိုအဖြစ်များသည်။ လက္ခဏာများTorticollis (အုံးလွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစပိုင်းတွင် တက်ခြင်းကဲ့သို့သော လက္ခဏာများတွေ့ရပြီး နောက်ပိုင်းတွင် ကြွက်သားလှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပဲ […]


အရိုးကျိုးခြင်း

Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ကဘာလဲ။ ခြေချင်းဝတ်အဆစ်ကျိုးခြင်း(သို့မဟုတ်) နဂိုမူလရှိရမည့်နေရာမှ အဆစ်လွဲသွားခြင်းကို ခြေချင်းဝတ်ကျိုးခြင်းလို့ ခေါ်ပါတယ်။ ရိုးရိုးသာမန်အဆင့် အရွတ်ရောင်ခြင်းမှ ပြင်းထန်အဆင့် အရိုးကျိုးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ခြေချင်းဝတ်ကျိုးခြင်းသည် နာကျင်မှုကိုဖြစ်စေပြီး တချို့ အခြေအနေတွင် မလှုပ်ရှားနိုင်တော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ Ankle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး၊ ကျား/မ မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAnkle Fracture ( ခြေချင်းဝတ် အရိုးကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးလက္ခဏာကတော့ ခြေချင်းဝတ် နာကျင်၊ ရောင်ရမ်း၊ သွေးခြည်ဥခြင်းနဲ့ အဆစ်လွဲခြင်း တို့ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့အထဲမှာ အပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]


အခြား အရိုးရောဂါများ

Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ကဘာလဲ။ ခြေချင်းဝတ်လည်ခြင်းဆိုသည်မှာ ခြေခေါက်ခြင်းကြောင့် ခြေချင်းဝတ်ကို ထိန်းထားသော အရွတ်များ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အရွတ်တစ်ပိုင်းတစ်စ သို့မဟုတ် တစ်ခုလုံး စုတ်ပြဲ သွားခြင်းကနေ ဖြစ်ပါတယ်။ အရွတ် (Ligament) ဆိုသည်မှာ အရိုးများကို တွယ်ဆက်ထားသော သန်မာ၍ ကွေးဆန့်နိုင်သော အမျှင်များ စုပေါင်းထားခြင်း ဖြစ်ပါတယ်။ အရွတ်ကြောလုံး (Tendon) များသည် အရိုး နဲ့ ကြွက်သားကို ချိတ်ဆက်ပေးပါတယ်။ Ankle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်များပါတယ်။ အထူးသဖြင့် ဘတ်စကက်ဘောကစားသမားများ၊ ဘောလုံးသမားများနဲ့ ဒေါက်ဖိနပ် စီးသူများတွင် အဖြစ်များပါတယ်။ လက္ခဏာများAnkle Sprain (ခြေချင်းဝတ်လည်ခြင်း/ ခေါက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ရောဂါလက္ခဏာများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ ● ထိခိုက်ဒဏ်ရာရချိန်တွင် စုတ်ပြဲ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Tarsal Tunnel Syndrome (ဖနောင့်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Tarsal Tunnel Syndrome (ဖနောင့်နာခြင်း) ကဘာလဲ။ ဖနောင့်ဟာ ခန္ဒါကိုယ်ရဲ့ အရေးကြီးဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။၎င်းဟာ ခန္ဒါကိုယ်လှုပ်ရှားတဲ့အခါ ခန္ဒါကိုယ်ရဲ့ အလေးချိန်ကိုထိန်းထားနိုင်အောင် တည်ဆောက်ထားတာဖြစ်ပါတယ်။ သင့်ရဲ့ဖနောင့်တစ်ခုခုဖြစ်တဲ့ အခါ သင်ခြေလှမ်းလှမ်းတာ ပြသနာဖြစ်တာကအစ ခန္ဒါကိုယ်ပုံမှန်ရပ်တည်မှုပြောင်းလဲခြင်းအဆုံး အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ Heel spurs(plantar fasiitis), heel bursitis (subcalcaneal bursitis) နှင့် heel bumps တွေကတော့ ဖနောင့်နာခြင်းရဲ့ အဖြစ်များဆုံးသုံးမျိုးပဲ ဖြစ်ပါတယ်။     လက္ခဏာများTarsal Tunnel Syndrome (ဖနောင့်နာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဖနောင့်နာခြင်းဖြစ်စေတဲ့ အရာ ၃ မျိုးမှာ Heel spurs ဖနောင့်အရိုးနှင့် ခြေချောင်း၏ အခြေကို ဆက်သွယ်ထားတဲ့ အလွှာ (ligamentလိုမျိုး) ရောင်တဲ့အခါ heel spurs ဖြစ်ပေါ်ပါတယ်။ လှုပ်ရှားမှုပိုများတဲ့ သူတွေ သို့ ခန္ဒါကိုယ်အနေအထားပုံမှန်ထက်ပိုတဲ့ အထူးသဖြင့် အားကစားသမားတွေမှာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) ကဘာလဲ။ Achilles tendon rupture ဆိုတာ ခြေသလုံးကြွက်သားနှင့် ဖနောက်ရိုးကို ဆက်ပေးထားတဲ့ အရွတ်မှာ အဖြစ်အများတဲ့ ထိခိုက်မှုတစ်ခုကို ခေါ်ပါတယ်။ Achilles tendon က သင့်ရဲ့ ဖနောက်ကိုတွန်းပြီး ခြေချောင်းတွေကို ကြမ်းပြင်ပေါ်သို့ ထောက်နိုင်အောင် ကူညီပေးတဲ့ အတွက် သင်ဟာ ခုန်နိုင်၊ ပြေးနိုင်ပြီး လမ်းလည်းလျှောက်နိုင်ပါတယ်။ ကြံခိုင်တဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုသော်လည်း ဆွဲဆန့်မှု လွန်ကဲလျှင် ပြဲနိုင်ပါတယ်။ သင့်ထိခိုက်မှု အနည်းအများပေါ်မူတည်ပြီး ခွဲစိပ်မှုလိုခြင်း မလိုခြင်း ရှိနိုင်ပါတယ်။ Achilles Tendon Rupture (ခြေဖနောင့် အရွတ်ပြဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ Achilles tendon က အားကစားသမားတွေမှာ အသက်မွေးဝမ်းကြောင်းသော်လည်းကောင်း အပျော်တမ်းသော်လည်းကောင်း နှစ်မျိုးလုံးမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုလျှင် အသက် ၄၀ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

Plantar Fasciitis (ခြေဖနောင့်နာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Plantar Fasciitis (ခြေဖနောင့်နာခြင်း) ကဘာလဲ။ plantar fasciitis (ခြေဖနောင့်နာခြင်း)ဆိုတာဟာ ခြေထောက်ရောင်ပြီး ဖနောင့်နာတဲ့ အခြေအနေကို ပြောခြင်းဖြစ်ပါတယ်။ plantar fascia ဆိုတာက ခြေထောက်အရိုးအောက်မှာရှိတဲ့ သားရေပင်လို တစ်ရှူးအပြားတွေကို ခေါ်ပါတယ်။ ၎င်းတို့ကို ခြေမနှင့် ဖနောက်အနားက အရိုး၏် အစွန်ဖျားကို တွဲနှောင်ထားပါ တယ်။ plantar fascia ရောင်တဲ့အခါ လူနာဟာ ဖနောက်အနားမှာ စူးသလို နာကျင်မှုကိုခံစားရပြီး အထူးသဖြင့် မနက်ပိုင်းစောစော လမ်းထလျှောက်ချိန် ပိုခံစားရပါတယ်။ Plantar Fasciitis (ခြေဖနောင့်နာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေဖနောင့်နာခြင်း ရောဂါဟာ အသက် ၄၀ နှင့် ၆၀ ကြား အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါဟာ အားကစားသမားတွေနှင့် အပြေးများတဲ့ လူတွေမှာ အဖြစ်များပါတယ်။ ထို့ပြင် ကိုယ်အလေးချိန်များပြီး ဖော့ခံအထောက်အကူမျိုး ပါတဲ့ ဖိနပ်မစီးလျှင်လည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်