အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

နေ့စဉ် လှုပ်ရှားမှုတွေအတွက် အရိုးအဆစ်တွေနဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ဒီ အရေးကြီးတဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ကျန်းမာစေဖို့ ဘယ်လိုမျိုး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုမလဲဆိုတာကို သေသေချာချာလေး လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ!

အဆစ်ရောင်နာရှိသူတို့အတွက် အကောင်းဆုံး သောက်စရာတွေက ဘာတွေဖြစ်မလဲ! အဆစ်ရောင်နာ ဆိုတာက တော်တော်လေး ခံရခက်ပါတယ်။ အဆစ်နေရာတွေမှာ ရောင်ရမ်းပြီး လှုပ်ရှားလိုက် တိုင်းမှာ နာကျင်တာမျိုးပါ။ ဒီလို နာကျင်တာက တစ်နေ့တာရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး နာကျင်မှုကို လည်း အတော်လေး ခံစားကြရပါတယ်။ ဒီလို အဆစ်ရောင်နာ ရှိသူတွေကို ဆရာဝန်တွေက မှာလေ့ ရှိတဲ့ စကားလေး တစ်ခွန်းရှိပါတယ်။ ဒါကတော့ အဆစ်ရောင်နာ ရှိတယ်ဆိုရင် အဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ရေများများ သောက်ပါလို့ပေါ့။ ဒီလို မှာတာက ရေများများ သောက်တာက အဆစ်တွေကို လှုပ်ရှားရ လွယ်ကူစေပြီး နာကျင်တာတွေကို သက်သာစေနိုင်လို့ပါ။ ဒီလိုမျိုး အဆစ်နာတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် နေတဲ့အခါ ရေများများ သောက်ရတာကို ငြီးငွေ့တယ်ဆိုရင်တော့ အခြားသောက်လို့ […]

အရိုးအဆစ်နဲ့ကြွက်သားကျန်းမာရေး ကို ရှာဖွေမည်။

အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ကျွန်တော့အမေရဲ့ ခါးနာရောဂါကို ကျွန်တော်ဘယ်လိုကူညီရမလဲ

သင့်ရဲ့အမေဟာ ခါးနာရောဂါခံစားနေရပါသလား ? သင်ဟာ သူမဒီရောဂါကြောင့်နာကျင်ရခြင်းကိုမြင်ပြီး ဝမ်းနည်းပါသလား ? သင်အကူအညီမဲ့သလိုခံစားနေစရာမလိုပါဘူး။ အခုပြောပြသွားမှာက သင့်အမေရဲ့ ခါးနာရောဂါကို ထိန်းချုပ်နိုင်အောင် စီမံခန့်ခွဲမှုလုပ်နိုင်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေပါ။ သင့်အမေရဲ့ ခါးနာအခြေအနေကို သေချာသိအောင်အရင်လေ့လာပါ။ ခါးနာခြင်းဆိုတာ နာကျင်ရုံသက်သက်မဟုတ်ဘဲ နာတာရှည်ဖြစ်သွားနိုင်တဲ့ ရောဂါတစ်ခုပါ။ သင့်အမေကိုကူညီနိုင်ဖို့အတွက်က သင်ကိုယ်တိုင်သူမရဲ့ အခြေအနေကိုနားလည်နိုင်ဖို့လိုပါတယ်။ ခါးနာခြင်းနဲ့ပတ်သက်သမျှ သင်လေ့လာနိုင်သမျှ လေ့လာခြင်းက သင့်အမေကို သက်တောင့်သက်သာဖြစ်အောင်ကူညီနိုင်ဖို့အတွက် အရေးပါပါတယ်။ ခါးနာခြင်းအကြောင်းလေ့လာခြင်းက သင့်ကိုကူညီရုံသာမက သင့်အမေကိုလည်း သူမရဲ့အခြေအနေကိုနားလည်စေနိုင်ဖို့ကူညီပေးပါတယ်။ သင့်အမေကလည်း သူမအတွက်သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုမှာပါ။ သင်ခါးနာခြင်းအကြောင်း နားလည်လာသမျှ သူမကိုသင်ပိုပိုပြီး ကိုယ်ချင်းစာလာနိုင်မှာပါ။ ဒီလိုလေ့လာခြင်းကြောင့် သင့်ဟာ သူမအတွက် ခါးနာခြင်းအတွက် မှန်ကန်တဲ့အထူးကုဆရာဝန်ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် သူမအတွက်သင့်တော်တဲ့ကုသမှုတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ အိမ်ရဲ့အသုံးအဆောင်တွေကို ပြန်လည်နေရာချပါ။ သင့်အမေလှုပ်ရှားမှုနည်းလေ သူမသက်တောင့်သက်သာရှိလေ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသုံးအဆောင်တွေကို ရင်ဘတ်လောက်အမြင့်ရှိတဲ့ နေရာရွှေ့ပါ။ ဒါက […]


အခြား အရိုးရောဂါများ

အရိုးကျန်းမာရေးအတွက် အစားအစာများ

အရိုးများဟာကိုယ်ခန္ဓါရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ကျန်းမာတဲ့ အရိုးများဖြစ်စေဖို့ သင့်အနေနဲ့ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်၊ ဗီတာမင်ဒီစတဲ့ အဟာဟာရဓါတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ ကယ်လ်စီယမ်ကို စုပ်ယူရာမှာလည်း အထောက်အကူပြုပါတယ်။ ဖော့စ်ဖရပ်ဟာ အရိုးနဲ့ သွေးထဲမှာရှိတဲ့ ကယ်လ်စီယမ်ဓါတ်ပမာဏကို မျှတစေပါတယ်။ အသက် ၁၉နှစ်ကနေ ၅၀အထိ အမျိုးသားရော အမျိုးသမီးများပါ နေ့စဉ် ကယ်လ်စီယမ်ဓါတ်ကို ၁၀၀၀ မီလီဂရမ် ရရှိဖို့လိုအပ်ပါတယ်။ အသက်ပိုကြီးတဲ့ အမျိုးသမီးတွေဟာနေ့စဉ် ၁၂၀၀ မီလီဂရမ်ကို လိုအပ်ပါတယ်။ ကယ်လ်စီယမ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ နို့၊ ဒိန်ချဉ်၊ လိမ္မော်ရည်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေပဲ ဖြစ်ပါတယ်။ သင့်အရေပြားဟာ နေရောင်နဲ့ထိတွေ့တဲ့အခါ သင့်ခန္ဓါကိုယ်ကနေ ဗီတာမင်ဒီကိုထုတ်ပေးပါတယ်။ အစားအစာအနေနဲ့တော့ ဆယ်လ်မွန်ငါး၊ တူနာ၊ နို့ထွက်ပစ္စည်းတွေကနေလည်း […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ

သင်ဟာ ကိုယ်လက်လှုပ်ရှားမှု လုပ်နေကျဖြစ်စေ၊ လုပ်နေကျ မဟုတ်တာဖြစ်စေ ကိုယ်ခန္ဓာ နာကျင်မှုတွေဟာ နေရာတိုင်းအချိန်တိုင်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ထိုင်ရာက မထပဲ နာကျင်မှု ဖြေဖျောက်စရာ နည်းလမ်းတွေ ရှိနေပါတယ်။ ကဲ .... ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေသည့် နည်းလမ်းများ ကတော့ ခါးနာခြင်း ၁။ ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ပါ။ ၂။ ခြေထောက်တစ်ဖက်ကို ရင်ဘတ်အထိ မြှောက်ပြီးတော့ လက်တစ်ဖက်နဲ့ ကိုင်ထားပါ။ ၃။ ကိုယ်ခန္ဓါကို ရှေ့ကိုကုန်းပါ။ ၄။ ဒီပုံစံကို စက္ကန့် ၃၀ လောက်ပြုလုပ်ပါ။ ၅။ ခြေထောက်ကို ဖြည်းညင်းစွာ လွှတ်ပါ။ ၆။ နောက်အခြားတစ်ဖက်ကို ပါ ပြုလုပ်ပါ။ ပုခုံးနာခြင်း ၁။ အသက်ပြင်းပြင်းရှူပြီး ပုခုံးတွေကို […]


အခြား အရိုးရောဂါများ

ခန္ဓာကိုယ်ရဲ့ အဓိကကြွက်သားအုပ်စုကြီး ၁၁ခု

ကြွက်သား တွေကို အမျိုးအစားအချို့ ခွဲခြားနိုင်ပါတယ်။ ဘယ် ကြွက်သားကို ပစ်မှတ်ထားရမလဲဆိုတာ သိခြင်းဟာ နေ့စဉ် လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသုံးဝင်ပါတယ်။ Quadriceps Quadriceps ဟာ ကြီးမားတဲ့ ကြွက်သားလေးခု ပါဝင်ပြီးတော့ ပေါင်ရဲ့ အရှေ့မှာ ရှိပါတယ်။ သူတို့ကို ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ရှေ့ကို ဆတ်ခနဲ လှမ်းတဲ့ လေ့ကျင့်ခန်းတို့အတွက် ပစ်မှတ်ထားသင့်ပါတယ်။ Hamstrings လူတွေဟာ လေ့ကျင့်ခန်းလုပ်ရင် မမြင်နိုင်တဲ့ Hamstring ကြွက်သားကို မေ့လျော့နေတတ်ကြပါတယ်။ Hamstring ကြွက်သားဟာ ပေါင်အနောက်မှာ ရှိပါတယ်။ ဒီ ကြွက်သားဟာ ဆောင့်ကြောင့်ထိုင်စဉ်မှာ အသုံးဝင်ပါတယ်။ ခြေသလုံး ကြွက်သား ကိုယ်ခန္ဓါ တည်ဆောက်ဖို့နဲ့ ပတ်သက်ရင် ခြေသလုံး ကြွက်သားတွေကို လျစ်လျူရှုတတ်ကြပါတယ်။ ပညာရှင်တွေတောင် ကြီးမားတဲ့ ကိုယ်ခန္ဓါရှိပေမယ့် သေးငယ်တဲ့ ခြေသလုံး ကြွက်သားလေးတွေ ပိုင်ဆိုင်ကြပါတယ်။ ဒိ ကြွက်သားကို ကြီးအောင်လုပ်ဖို့ ခက်ခဲပါတယ်။ […]


အရိုးပွခြင်း

အရိုးပွခြင်း

အရိုးပွခြင်းNational Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။   အရိုးပွတယ်ဆိုတာဘာလဲ။ အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်း

နာတာရှည်ခါးနာခြင်းအကြောင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းခါးနာမှု ဖြစ်စေတဲ့ အရာတွေအကြောင်းကို နားလည်ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ခါးနာခြင်းဟာ အခြားနာကျင်ခြင်းတွေဆီကို ဦးတည်သွားပြီး ကိုယ်ခန္ဓါအနှံ့အပြားမှာ အခြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာတစ်ယောက်ဟာ ဆရာဝန်ကို ခါးနာလို့လာပြရင် တစ်ခုတည်းသောနည်းက သူ့ကို ကုသလိုက်တာပါပဲ။ လူနာကို ပိုမို အသေးစိတ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ထက် နာကျင်မှုကုသတဲ့ဆရာဝန်ဟာ ခါးနာတာပျောက်အောင်သာ ကုသလိုက်ပါတယ်။ ဒီလိုကုသမှုဟာ ပြဿနာများစွာကိုဖြစ်စေတတ်ပါတယ်။ ခါးနာရတဲ့အကြောင်းရင်းဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ခါးနာနေတာလဲဆိုတာ ရှာကြည့်သင့်ပါတယ်။ စဖြစ်စေတဲ့ အကြောင်းအရာတွေ အမြောက်အမြားရှိပေမယ့် ခါးနာခြင်းဟာ အောက်ဖေါ်ပြပါ အချက်ငါးခုထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ • ကြွက်သား ပိုမို အားစိုက်ရခြင်း • အဆစ်မျက်နှာပြင် နာကျင်ခြင်း • Disc ဖေါင်းခြင်း • Discogenic Pain နဲ့ • Sacroiliac Joint pain တို့ပဲဖြစ်ပါတယ်။ ကြွက်သားပိုမို အားစိုက်ရခြင်းကြောင့် ဖြစ်တဲ့ခါးနာခြင်းဟာ […]


အခြား အဆစ်နှင့် အရွတ်ရောဂါများ

ကြမ်းတမ်း တွယ်ဆက်တစ်ရှူး Fascia တွေ အကြောင်း

နိဒါန်းFascia စနစ်ဟာ ကိုယ်ခန္ဓါတစ်ခုလုံးက စနစ်တိုင်း လုပ်ဆောင်မှုတိုင်းကို အကျိုးသက်ရောက်မှုရှိပါတယ် (ကြွက်သားနဲ့ အရိုးဆိုင်ရာ၊ အာရုံကြောဆိုင်ရာ၊ ဇီဝဓါတုဖြစ်စဉ် ဆိုင်ရာ)။ အသားတစ်မျိုးမျိုး (ဥပမာ ကြက်သား)ကို အရေပြားကို ဆွဲခွာလိုက်တဲ့ အခါတွေ့ရတဲ့ အဖြူရောင် ရွှန်းစိုနေတဲ့ အမျှင်တွေဟာ Fascia ပဲဖြစ်ပါတယ်။ စာကိုယ်Fascia ဆိုတာဘာလဲ။ Fascia ဆိုတာဟာ ကြမ်းတမ်းတဲ့ တွယ်ဆက်တစ်ရှူး (connective tissue ) တစ်မျိုးဖြစ်ပြီး ပုံရိပ်ကြွ ကွန်ရက် ပုံစံမျိုးရှိကာ ခေါင်းကနေ ခြေဖျားအထိ ရှိနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Fascia ဟာ ကြွက်သား၊ အရိုး၊ အာရုံကြော၊ သွေးကြောနဲ့ ကိုယ်တွင်းအင်္ဂါ အားလုံးကို ဆဲလ် အဆင့် အထိ ကာရံပေးထားတဲ့ အရာတစ်ခုဖြစ်ပါတယ်။   Fascia ကို ဘာနဲ့ လုပ်ထားသလဲ။ Fascia မှာ သုံးပိုင်းပါဝင်ပါတယ်။ ၁။ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်သော ပြဿနာများ

အခုခေတ်မှာ လူသားတွေဟာ ခန္ဓါကိုယ်လုပ်အားကို အသုံးပြုရတဲ့ အလုပ်တွေ ပျောက်ဆုံးပြီး ခေတ်ပေါ်စက်ကိရိယာတွေက လူတွေအစား လုပ်ပေးတဲ့ ကမ္ဘာကြီးမှာ နေနေကြရပါတယ်။ အမေရိကန် ၃၄ သန်းကျော်ဟာ ရုံးခန်း (သို့) အရောင်းအလုပ်တွေ လုပ်နေရတာမို့ သူတို့ကို တစ်နေ့ ရှစ်နာရီ (သို့) ဒီထက်ကြာအောင်ထိုင်နေဖို့ တွန်းအားပေးနေသလိုပါပဲ။ Annuals of Internal Medicine မှာ ပါတဲ့ အစီရင်ခံချက် တစ်ခုအရ ပုံမှန်လူတစ်ယောက်ဟာ သူ့ရဲ့နိုးနေတဲ့ အချိန်တွေရဲ့ တစ်ဝက်ကျော်ကျော်ကို မလှုပ်ရှားတဲ့ ပုံစံ (ကွန်ပျူတာ ရှေ့မှာ ထိုင်တာ၊ တီဗွီ ကြည့်တာ၊ အလုပ်ကနေ သွား၊ ပြန်တာ) မျိုးနဲ့ ဖြတ်သန်းတတ်ကြပါတယ်။ နည်းပညာက သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးတဲ့အတွက် အချိန်အနည်းငယ်အတွင်းမှာ အလုပ်များများပြီးတာမျိုး၊ အားအင် သက်သာတာမျိုး၊ အမြန် […]


အရိုးပွခြင်း

အရိုးပွရောဂါအကြောင်းသိထားသင့်သည်များ

National Health Service က UK မှာ လူအယောက် သုံးသန်းလောက်က အရိုးပွရောဂါကို ခံစားနေရပြီး အရိုးကျိုးမှုပေါင်း ၂၃၀၀၀ လောက်ရှိနေတယ်လို့ဆိုပါတယ်။ အရိုးပွခြင်းဟာ National Osteoporosis foundation အရ USA မှာ ၄၄ သန်းသော လူတွေမှာ အရိုးပွရောဂါ ခံစားနေရပြီးဒါဟာ ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ NOF က အခုအခါမှာ လူဆယ်သန်းလောက်မှာ အရိုးပွရောဂါဖြစ်ပွားနေပြီး ၃၄ သန်းလောက်မှာတော့ အရိုးအလေးချိန်နည်းခြင်းရှိတာကြောင့် သူတို့ဟာလည်း အရိုးပွရောဂါ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။   အရိုးပွတယ်ဆိုတာဘာလဲ။ အရိုးပွသူတွေရဲ့ အရိုးဟာ ပါးပြီးတော့ အားနည်းတတ်ပါတယ်။ Osteo ဆိုတဲ့ စကားဟာ ဂရိဘာသာစကား Osteon ကနေ ဆင်းသက်လာပြီးတော့ အရိုးလို့အဓိပ္ပါယ်ရပြီး porosis ကတော့ အပေါက်၊ ဖြတ်သွားတဲ့ […]


အရိုးအကြောအဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းများ

အဖြစ်များလာသော ခါးနာခြင်းဝေဒနာ

အဖြစ်များလာသော ခါးနာခြင်းဝေဒနာ ခါးနာခြင်းဟာ လူတိုင်းခံစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အရိုးအိမ်ရဲ့နောက်ကျော အောက်ပိုင်းကို ခါးနေရာလို့ ခေါ်ပါတယ်။ ဒီနေရာမှာ နာကျင်ခြင်းဟာ ပြင်းထန်ပြီးတော့ အလုပ်မလုပ်နိုင်တဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ကံကောင်းတာကတော့ ခါးနာခြင်းဟာ ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်လဲ အစွမ်းထက်တဲ့ ဆေးတွေ ရှိပါတယ်။   ''ခါးနာခြင်း လက္ခဏာများ'' လက္ခဏာတွေကတော့ စူးရှတဲ့ နာကျင်မှုကနေ ဓါးနဲ့ထိုးသလိုမျိုး နာကျင်မှုမျိုး ဖြစ်နိုင်ပါတယ်။ နာကျင်မှုဟာ လှုပ်ရှားဖို့ (သို့) မတ်တပ်ရပ်ဖို့တောင် ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ခါးနာခြင်းဟာ အားကစားလုပ်ပြီး (သို့) လေးလံတဲ့ အရာတစ်ခု လုပ်အပြီးမှာ ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ သုံးလထက်ပိုကြာတတ်တဲ့ နာကျင်မှုတွေကို နာတာရှည်လို့ သတ်မှတ်ပါတယ်။ သုံးရက်အတွင်းမှာ မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။   ''အရေးပေါ် ပြုစုမှုလိုအပ်တဲ့ လက္ခဏာများ'' ပြုတ်ကျအပြီး (သို့) ဒဏ်ရာရအပြီးမှာ ပြင်းထန်စွာ ခါးနာခြင်းဟာ ဆရာဝန်နဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်