သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေသီတွေ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ

သွေးတိုး တာက နာတာရှည် ကျန်းမာရေး ပြဿနာဖြစ်သလို အရမ်းပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ သွေးတိုးသမားတွေ သိထားဖို့ လိုမယ့် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ က ဘာတွေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဘယ်လောက်ဆိုရင် သွေးတိုးနေပြီလို့ ဆိုနိုင်လဲ ပုံမှန်ကတော့ သွေးပေါင်ချိန်က အပေါ်သွေး 120 mmHg အောက်သွေး 80 mmHg ဆိုရင် ပုံမှန် အခြေအနေလို့ ဆိုနိုင်ပါတယ်။ တကယ်လို့ အပေါ်သွေးက 120 mmHg ထက်ပိုများနေမယ်။ 120 mmHg - 139 mmHg ‌အောက်သွေးက 80 mmHg – 89 mmHg ဆိုရင် သွေးတိုး အစပျိုးနေတာ ဖြစ်ပြီး အပေါ်သွေးက 140 mmHg နဲ့ အောက်သွေးက 90 […]

သွေးတိုးရောဂါ ကို ရှာဖွေမည်။

သွေးတိုးရောဂါ

သွေးတိုးရောဂါအတွက် ဘယ်လိုပုံစံစားသောက်ရမလဲဆိုတာ သင်သိပါသလား

စားသောက်မှုအလေ့အကျင့်ပုံစံသစ်ပြောင်းလဲခြင်းဥပမာ - ကယ်လိုရီရေတွက်ထားခြင်းနဲ့အစားအစာပမာဏကို စောင့်ကြည့်ထားခြင်းတို့ကသင့်ရဲ့ သွေးတိုးကိုလျော့စေပြီး သွေးတိုးအတွက် သောက်နေရတဲ့ ဆေးတွေကိုလည်း လျှော့ချပေးပါတယ်။ သင်စားသမျှကိုမှတ်ထားပါ။ တချို့လူတွေကသူတို့တစ်နေ့ကိုကယ်လိုရီဘယ်လောက်စားသောက်မိလဲဆိုတာကိုသတိမထားမိကြပါဘူး။ သူတို့ကသူတို့စားတာတွေကိုသဘောမပေါက်ဘဲကိုယ်အလေးချိန်ဘာလို့မကျလဲဆိုတာကိုပဲသိချင်နေကြပါတယ်။ သင်စားသမျှကိုပမာဏနဲ့တကွချရေးထားပါ။ အဲဒါကသင့်ကိုသင့်ဘယ်လောက်စားဖြစ်သလဲဆိုတာကို တိတိကျကျသိစေပါတယ်။ သင့်အနေနဲ့ နောက်ပိုင်းမှာကယ်လိုရီလျှော့တာပမာဏလျှော့စားတာတွေနဲ့ကိုယ်အလေးချိန်ကျအောင်လုပ်ပြီး သွေးတိုးကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဆား (ဆိုဒီယမ်) ကိုရှောင်ပါ။ ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကလူတော်တော်များများမှာ သွေးတိုးတက်စေပါတယ်။ တကယ်တော့သင်ဆိုဒီယမ်စားတာနည်းလေသင့်သွေးတိုးကိုထိန်းချုပ်ရလွယ်လေပါပဲ။ သင့်ရဲ့အစားအသောက်တွေထဲမှာဆိုဒီယမ်ကို လျှော့ချနိုင်ဖို့အခုပြောပြသွားမယ့်အကြံပေးချက်တွေကိုစမ်းကြည့်ပါ။ သင်နေ့စဉ်စားတာတွေမှတ်ထားဖို့အစားအသောက် ဒိုင်ယာရီတစ်ခုလုပ်ထားပါ။ တစ်နေ့ကိုဆိုဒီယမ်၂၃၀၀ မီလီဂရမ် အောက်(လက်ဖက်ရည်ဇွန်းတစ်ဇွန်းလောက်)ပဲစားဖို့ရည်ရွယ်ထားပါ။ သင်စားမည့် အစားအသောက်တိုင်းရဲ့အာဟာရ အညွှန်းအချက်အလက်ကိုဖတ်ပါ။ ဆိုဒီယမ် ပမာဏ ၅ ရာခိုင်နှုန်းအောက် နည်းတဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။ ဆိုဒီယမ်ပမာဏ ၂၀ ရာခိုင်နှုန်းထက်ပိုပါတဲ့အစားအစာတွေကို ရှောင်ပါ။ စည်သွပ်ဘူး၊အသင့်လုပ်ပြီးသားအစာ၊အအေးခံအသားပြားတွေနဲ့အသင့်စားအစားအစာတွေကို ရှောင်ပါ။ ဆားမပါတဲ့ဟင်းခတ်မှုန့်တွေကိုသုံးပါ။ ဘာစားရမလဲဆိုတာသိထားပါ။ ပိုတက်ဆီယမ၊်မဂ္ဂနီဆီယမ်နဲ့အမျှင်ဓါတ်တို့ကသွေးတိုးကိုထိန်းချုပ်ပေးနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်ကြွယ်ဝပြီးဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ အသီးနဲ့ဟင်းသီးဟင်းရွက်တွေကိုမှီဝဲပါ။ အသီးဖျော်ရည်တွေကအမျှင်ဓါတ်ဖယ်ထားတဲ့အတွက်သိပ်အကူအညီမပေးပါဘူး။ ဒါ့အပြင်အစေ့အဆံ၊ပဲမျိုးစုံ၊ အဆီပါဝင်မှုနည်းသောအသားများစတာတွေကလည်းမဂ္ဂနီဆီယမ် ဓါတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။ သဘာဝအလျောက်ပိုတက်ဆီယမ်မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်တွေရဲ့ပမာဏကိုတိုးချင်ရင်တော့ အောက်မှာဖော်ပြထားတာတွေကိုစားသုံးပါ။ ပန်းသီး တရုတ်ဇီးသီး ငှက်ပျောသီး သကြားမုန်လာ […]


သွေးတိုးရောဂါ

သင်ဆီးချိုနဲ့သွေးတိုးရောဂါအတွက် ဒီစားသောက်မှုစနစ် ၉ချက်ကိုသိပါသလား

ဆီးချိုရှိတဲ့လူသုံးယောက်မှာနှစ်ယောက်က သွေးတိုးရှိပါတယ်။ သင့်စားသောက်မှုပုံစံမှာကာဘွန်ဟိုက်ဒရိတ်(Carbohydrate)ပါဝင်မှု တွက်ချက်ခြင်း၊သကြားကိုကန့်သတ်စားခြင်း၊ဆားလျှော့စားခြင်းစတဲ့ဂရုတစိုက်ပြုလုပ်မှုတွေကအဓိကဖြစ်ပါတယ်။ သင့်အနေနဲ့ဆီးချို ၊သွေးတိုးရှိနေပေမယ့် အောက်ကအချက်တွေကိုဂရုစိုက်မယ်ဆိုရင်သင့်အနေနဲ့ ကောင်းကောင်းစားနိုင်မယ့်အပြင်သင့်ရောဂါကိုလည်းထိန်းညှိပြီးသားဖြစ်သွားမှာပါ။ ၁.ဆားအစားထိုး ကျန်းမာရေးနဲ့ညီညွတ်သောအရသာမှုန့်များသုံးပါ။ သင့်မှာ သွေးတိုးရှိနေပြီဆိုတည်းကသင်တစ်နေ့ကို ဆား(sodium)၁၅၀၀ မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။ လျှာကိုအလိုမလိုက်ပါနဲ့။ ဆားဘူးကိုလက်လှမ်းယူနေမယ့်အစားအစားအစာတွေကိုရှောက်သီးခွံမှုန့်၊ကြက်သွန်ဖြူ၊ Rosemaryရွက်၊ဂျင်း၊ငရုတ်ကောင်းဒါမှမဟုတ်ဇီယာမှုန့်စတာတွေနဲ့အမွှေးခတ်အရသာသွင်းပါ။ အိမ်မှာမိမိဘာသာချက်ခြင်းကပိုအဆင်ပြေပါတယ်။ သွေးတိုးကျနည်းဆိုတဲ့စာအုပ်ကိုရေးသောစာရေးဆရာ Janet Bond Brill က “သင်ဟာဆိုင်ကနေစားစရာတစ်ခုခုမှာစားပြီဆိုရင်သင့်ကိုယ်မှာ sodium ပါဝင်မှုများလာပြီ” လို့ဆိုထားပါတယ်။   ၂.အစားအစာများကိုနာရီပုံစံမှတ်ယူပါ။ မျှတတဲ့အစားအစာအသောက်အကျင့်ရဖို့က “သင့်ပန်းကန်ပြားကိုနာရီလိုပုံဖော်ပါ” လို့Baltimore မှာရှိတဲ့ Mercy Medical Center ကဆီးချိုဌာနကိုညွှန်ကြားတဲ့Amber L. Taylorကဆိုထားပါတယ်။ သင့်ပန်းကန်ပြားရဲ့တစ်စိတ်ကိုအသီးအရွက်တွေထည့်ပါ။ ကျန်တဲ့တစ်ဝက်ရဲ့တစ်ဝက်ကိုအသားဓါတ်ကြွယ်ဝတဲ့ငါး၊ပဲဒါမှမဟုတ်ကြက်သားကိုထည့်ပါ။ နောက်ဆုံးတစ်စိတ်ကိုတော့ဆန်ကဲ့သို့ သီးနှံအစေ့( whole grain) တွေကိုထည့်ပါ။ သင့်အနေနဲ့ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းကို ရေတွက်ဖို့လိုဦးမှာဖြစ်ပြီးsodium တွေအလွန်အကျွံမစားဖို့လည်းသတိပြုပါ။   ၃.Coffee ကိုလည်းချင့်ချိန်သောက်ပါ။ Coffee မှာပါတဲ့ကဖိန်းဓါတ်သင့်သွေးထဲကသကြားဓါတ်ကိုမြင့်တက်စေရုံသာမက သွေးတိုးလည်းတက်စေပါတယ်။ အာဟာရနဲ့ဆီးချိုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Torey Jones Armul ကကဖိန်းဓါတ်ကိုတစ်ရက်၂၀၀ မီလီဂရမ် အထိပဲကန့်သတ်ထားဖို့ပြောပါတယ်။ ဒီပမာဏက ကော်ဖီ နှစ်ခွက်စာပမာဏပါ။   ၄.အစေ့အဆံနဲ့ဆန်ညိုကဲ့သို့ […]


သွေးတိုးရောဂါ

စိုးရိမ်ကြောင့်ကြပူပန်မှုတွေက သွေးတိုးစေသလား

စိတ်ဖိစီးမှုတွေဖိအားတွေစိုးရိမ်ကြောင့်ကြမှုတွေက ယေဘူယျအားဖြင့်အတူတူပါပဲ။ ဒါကြောင့်ဒီလိုစိတ်အခြေအနေတွေနဲ့ သွေးတိုးခြင်းကိုတွဲမြင်ကြတာအံ့သြစရာမရှိပါဘူး။ တကယ်လို့စိတ်အခြေအနေနဲ့ သွေးတိုးကဆက်စပ်နေမယ်ဆိုရင်ဘယ်ဟာကအရင်လာမလဲ။ ဒီစိတ်အအြေနေတွေက သွေးတိုးဖြစ်စေတဲ့ ယေဘူယျအကြောင်းခံတွေလား ။ လွန်ခဲ့တဲ့နှစ်၁၀၀ လောက်ကသွေးတိုးရှိနေတဲ့သူတွေကိုလေ့လာမှုတွေထဲကအစောဆုံးလေ့လာမှုတွေမှာလုပ်ငန်းအကြီးစားရဲ့ဒါရိုက်တာလိုလူမျိုးတွေအလုပ်ဝန်ပိမှုကြောင့်သူတို့ရဲ့စိတ်အခြေအနေမှာမူမမှန်တာမျိုးတွေရှိလာပြီးစိတ်လှုပ်ရှားလာတတ်ကြပါတယ်လို့တွေ့ရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး “hypertensive personality” (သွေးတိုးဖြစ်စေတဲ့ပင်ကိုစရိုက်)ရှိလားမရှိလားဆိုတဲ့ငြင်းခုံမှုတွေစတင်ခဲ့တယ်။ တချို့က သွေးတိုးရှိနေတဲ့လူနာတွေဟာသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေစိတ်လှုပ်ရှားမှုတွေစတဲ့စိတ်အခြေအနေတွေကြောင့်ဖြစ်တယ်လို့ထင်ကြပေမယ့်တချို့ကတော့ ဒေါသကိုထိန်းချုပ်ထားရကြောင့်ဖြစ်တာပိုများတယ်လို့ထင်ကြပါတယ်။ မတူညီကွဲပြားတဲ့ထင်မြင်ချက်များစွာရှိပါတယ်။ စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုတွေကခဏတာသွေးတိုးတက်စေပေမယ့်နာတာရှည် သွေးတိုးရောဂါကိုဖြစ်မလာစေပါဘူး။ ဒီအချက်ကနာတာရှည်စိုးရိမ်ကြောင့်ကြမှု ဝေဒနာခံစားနေရသူတွေမှာပါမှန်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုဖြစ်နေတဲ့အချိန်မှာထွက်တဲ့ဟော်မုန်းတစ်မျိုးကနှလုံးခုန်နှုန်းကိုမြန်စေပြီးသွေးကြောလေးတွေကိုကျဉ်းသွားစေပါတယ်။ ဒီအချက်နှစ်ချက်ကသွေးတိုးစေပါတယ်။ စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့သွေးတိုးကသွေးလွှတ်ကြောရဲ့ သွေးဖိအားကို၃၀ရာခိုင်နှုန်းကနေ၄၀ရာခိုင်နှုန်းထိတိုးလာစေပါတယ်။ ဒီပြောင်းလဲမှုတွေကခဏတာပါ။ စိတ်ဖိစီးမှုကြောင့်ထွက်တဲ့ ဟော်မုန်းတွေပျက်စီးသွားတာနဲ့ နှလုံးခုန်နှုန်းတွေသွေးကြောတွေနဲ့ သွေးဖိအားတွေကပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။ နာတာရှည်စိုးရိမ်ကြောင့်ကြမှုရောဂါဖြစ်နေတဲ့ ဝေဒနာရှင်တွေမှာသူတို့ရဲ့စိုးရိမ်ကြောင့်ကြမှုကြောင့်သွေးတိုးတက်တာမျိုးမရှိပါဘူး။ သူတို့တွေရဲ့အာရုံကြောနဲ့နှလုံးသွေးကြောစနစ်ကစိတ်ဖိစီးမှုကြောင့်အချိန်မလပ်ထွက်နေတဲ့နာတာရှည် ဟော်မုန်းတွေကြောင့်ပုံမှန်ပြန်ဖြစ်သွားပါတယ်။ စိုးရိမ်ကြောင့်ကြမှုရောဂါမရှိတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြတတ်သလိုနာတာရှည်စိုးရိမ်ကြောင့်ကြမှု ရောဂါရှိနေတဲ့သူတွေလည်းစိုးရိမ်ကြောင့်ကြမှုပိုများလာတဲ့အခြေအနေမျိုးရှိပါတယ်။ အဲလိုအခြေအနေတွေမှာသွေးတိုးနှုန်းတက်လာတာကအတူတူပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုဟာ သွေးတိုးတက်ခြင်းကိုအကျိုးသက်ရောက်စေတဲ့အတွက်စိတ်ဖိစီးမှုနဲ့စိုးရိမ်ကြောင့်ကြမှုတွေကို သွေးတိုးဖြစ်စေတဲ့အကြောင်းအရင်းတွေလို့သတ်မှတ်ထားပါတယ်။ ခဏတာ သွေးတိုးတက်ခြင်းကလည်းနာတာရှည်သွေးတိုးလိုပဲဆိုးကျိုးများပါတယ်။ ဒီမတူညီတဲ့အခြေအနေနှစ်ခုမှာ သွေးကြော၊နှလုံးနဲ့ ကျောက်ကပ်ထိခိုက်မှုတွေကတော့တူညီနေပါတယ်။ ခဏတာ သွေးတိုးတက်တဲ့အကြိမ်ရေများလာတာနဲ့အမျှထိခိုက်မှုတွေကလည်းများလာပါတယ်။ သွေးတိုးတက်တဲ့အခြေအနေနှစ်ခုလုံးဟာကိုယ်တွင်းအင်္ဂါများထိခိုက်ခြင်း၊နှလုံးရောဂါဖြစ်ခြင်း၊လေဖြတ်ခြင်းအပြင် နောက်ဆုံး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။   နာတာရှည်စိုးရိမ်ကြောင့်ကြမှုရောဂါကကိုယ်တွင်းအင်္ဂါတွေကိုဘယ်လိုထိခိုက်စေသလဲ ? စိုးရိမ်ကြောင့်ကြမှုကနာတာရှည် သွေးတိုးကိုမဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့်ခဏခဏစိုးရိမ်ကြောင့်ကြမှုဖြစ်နေမယ်ဆိုရင်တော့သင့်ကိုခဏခဏသွေးတိုးစေနိုင်ပါတယ်။ တကယ်လို့စိုးရိမ်မှုကြောင့်သွေးတိုးခဏခဏတက်နေမယ်ဆိုရင်နာတာရှည်သွေးတိုးရောဂါလိုမျိုးပဲသင့်ရဲ့ သွေးကြောတွေနှလုံးနဲ့ကျောက်ကပ်တို့ကိုထိခိုက်စေနိုင်ပါတယ်။ သင့်မှာစိုးရိမ်ကြောင့်ကြမှုခဏခဏဖြစ်နေတယ်ဆိုရင်လည်းဆေးလိပ်သောက်ခြင်းအရက်သောက်ခြင်းအစားအလွန်စားခြင်းစတဲ့ သွေးတိုးဖြစ်စေတဲ့လုပ်ရပ်တွေကိုလုပ်လာနိုင်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုနဲ့တခြားစိတ်ရောဂါတွေကိုကုသတဲ့ Serotonin နဲ့ Norepinephrine […]


သွေးတိုးရောဂါ

သွေးတိုးခြင်းက ခေါင်းကိုက်ခြင်းကို ဖြစ်စေသလား ?

သွေးတိုးကြောင့် ခေါင်းကိုက်စေတယ်လို့ တွေးရတာလွယ်ကူပါတယ်။ တစ်ခါတစ်လေသင်တွေးမယ်။“နှလုံးကအရမ်းခုန်တာကြောင့် သွေးက သွေးကြောနံရံတွေကိုအားနဲ့တွန်းပြီးစီးဆင်းသွားတယ်။ ဒါကြောင့် ငါ့ဦးခေါင်းခွံကပါလိုက်ခုန်လာတာများလား” ဆိုပြီးတော့ပေါ့။ ဆက်စပ်မှုရှိမရှိဆိုတဲ့ အဖြေကမသေချာပါဘူး။ လေ့လာမှုတွေမှာတော့ ခေါင်းကိုက်နဲ့ သွေးတိုးဆက်စပ်မှုကိုအနည်းငယ် တွေ့ရပါတယ်။ အောက်မှာ သွေးတိုးနဲ့ခေါင်းကိုက်ဘယ်လိုဆက်စပ်နေလဲဆိုတဲ့အကြောင်းအရင်းအမှန်ကိုပြောပြသွားပါ့မယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကလူတွေဟာ ခေါင်းကိုက်တာက သွေးတိုးရဲ့လက္ခဏာဖြစ်တယ်လို့ယုံခဲ့ကြပါတယ်။ တကယ်တော့ လေ့လာမှုတွေအရ ခေါင်းကိုက်တာနဲ့ သွေးတိုးတာကသိသာတဲ့ဆက်စပ်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့်ယနေ့ခေတ်ရဲ့လူတော်တော်များများနဲ့ဆရာဝန်တွေကပါခေါင်းကိုက်တာက သွေးတိုးရှိလို့ဆိုပြီးထင်နေကြတုန်းပါဘဲ။ အာရုံကြောဆရာဝန် Deborah Friedman ကခုနကပြောသွားတဲ့အချက်နဲ့ပတ်သက်ပြီးအကြောင်းပြချက်တွေပေးထားပါတယ်။ • သွေးတိုးကကြီးကြီးမားမားနာကျင်မှုတွေနဲ့ဆက်စပ်ချင်ဆက်စပ်နေလိမ့်မယ်။ • ခေါင်းကိုက်ခြင်းက တချို့သွေးတိုးကျဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်းဖြစ် နိုင်တယ်။ • ပြောင်းပြန်အားဖြင့် သွေးတိုးကျဆေးများသည် ခေါင်းကိုက်ဝေဒနာကို ကာကွယ်ပေးကောင်းပေးနိုင်တယ်။ ထို့ကြောင့်လည်းဆေးကုသမှု ခံယူနေသောသွေးတိုးလူနာများတွင် ခေါင်းကိုက် ဖြစ်နိုင်ချေ နည်းပါတယ်။   ခေါင်းနည်းနည်းပဲကိုက်တဲ့ သွေးတိုးဝေဒနာရှင်တွေဘာလို့ရှိနေတာလဲ ? နော်ဝေမှာရှိတဲ့ လေ့လာမှုတွေကသွေးတိုးရှိတဲ့ ဒေသခံတွေက ခေါင်းသိပ်မကိုက်ကြဘူးလိုပြောပါတယ်။ လေ့လာမှုအဖွဲ့သားတွေကအရွယ်ရောက်ပြီးသူ၂၂၀၀၀ခန့်ကို၁၁နှစ်ခြားပြီးစမ်းသပ်ခဲ့ပါတယ်။ အပေါ်သွေး(Systolic blood pressure) ၁၅၀အထက်မှာရှိတဲ့သူတွေကခေါင်းကိုက်နိုင်ချေ၃၀ရာခိုင်နှုန်းပိုနည်းပါတယ်။ အပေါ်သွေး(Systolic figure)ဆိုတာက သွေးတိုးတိုင်းရာမှာအမြင့်ဆုံးဂဏန်းကိုဆိုလိုတာပါ။ လေ့လာသူတွေကလည်းhypalgesia (နာကျင်မှုကိုအာရုံခံစားနိုင်စွမ်းလျော့ခြင်း) […]


သွေးတိုးရောဂါ

သွေးတိုးကျစေတဲ့ဆား

သွေးတိုးကျစေတဲ့ဆား ဆရာဝန်တွေအနေနဲ့ဆားကိုသင့်တင့်မျှတစွာထိန်းစားခြင်းကသွေးတိုးကို လျော့ကျစေတယ်လို့သိထားကြပါတယ်။ ကျွန်တော်တို့စားနေကျးစရာတွေမှာပါတဲ့တခြားဆိုဒီယမ်မဟုတ်တဲ့ဓါတ်တွေက သွေးတိုးကျစေတယ်ဆိုတာကိုတော့သိသူနည်းပါတယ်။ ပိုတက်ဆီယမ်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓါတ်ကြွယ်ဝတဲ့စားစရာတွေကသွေးတိုးလျှော့ချပေးပါတယ်။ လူတိုင်းကဆားလျှော့စားခြင်းက သွေးတိုးကျစေတယ်လို့သိထားကြပါတယ်။ သိပ်မကြာခင်ကဘဲဒီအချက်မှာအငြင်းပွားစရာလေးတွေနည်းနည်းရှိလာပါတယ်။ တချို့လူတွေကဆား/ဆိုဒီယမ်ဒဏ်ကို သူများထက်ပိုပြီးမခံနိုင်ဖြစ်တတ်ကြပါတယ်။ နောက်ပြီးသွေးတိုးကိုသက်ရောက်မှုရှိတဲ့တခြားဓါတ်တွေလည်းရှိပါသေးတယ်။ဥပမာ - ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊မက်ဂနီဆီယမ်တို့ပဲဖြစ်ပါတယ်။ လေ့လာမှုတွေအရဆိုဒီယမ်စားသုံးမှုများတဲ့လူတွေမှာ သွေးတိုးရှိကြောင်းပြပါတယ်။ ဒါကအသက်ကြီးလေပိုဖြစ်လေဖြစ်ပါတယ်။ တချို့ဆား/ဆိုဒီယမ်လုံးဝမစားသုံးတဲ့လူမျိုးတွေက သွေးတိုးရှိသူတော်တော်နည်းတာတွေ့ရပါတယ်။ အဲဒီလူတွေကအဝလွန်ခြင်းမရှိအရက်လည်းမသောက်သလိုကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ကြပါတယ်။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှဆားရဲ့ဆိုးကျိုးသက်ရောက်မှုကလည်းတိုးလာပါတယ်။ ထို့ကြောင့် ဆားလျော့စားရမည်ဟူသောထုံးကိုသမ္မာကျမ်းစာအမှန်တရားကဲ့သို့လက်ခံကျင့်သုံးလာခဲ့သည်။ ထူးဆန်းစွာပင် မကြာသေးမီကအမေရိကားနိုင်ငံမှလေ့လာစမ်းသပ်မှုများအရဆားကိုလျော့စားခြင်းသည် အသက်တိုစေသည်ဟုဆိုသည်။ ထို့ပြင်ဆားကိုအလွန်အကျွံလျော့စားသူများသည် သွေးတိုးပင် ဖြစ်လာနိုင်သည်ဟုဆိုသည်။ ကယ်လ်ဆီယမ် ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ် ဆိုဒီယမ်တစ်ခုဘဲ သွေးတိုးရောဂါအပေါ်သက်ရောက်မှုရှိတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်မက်ဂနီဆီယမ်နဲ့ပိုတက်ဆီယမ် တွေက သွေးတိုးနှုန်းကိုပုံမှန်လည်ပတ်နိုင်ဖို့ကူညီပါတယ်။ သူတို့ရဲ့သက်ရောက်မှုကတော့အကောင်းဘက်ကပါ။ ဒီဓါတ်တွေကသင့်အစားအသောက်ထဲမှာပါမယ်ဆိုရင်သူတို့က သွေးတိုးကိုလျှော့ချပေးနိုင်ပါတယ်။ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်တဲ့စားစရာတွေကလည်း သွေးတိုးကို လျှော့ချပေးနိုင်တယ်လို့လေ့လယမှုတွေကဆိုထားပါတယ်။ ဒါပေမယ့်လေ့လာမှုတွေအရအပေါ်ကပြောသွားတဲ့ဓါတ်တွေအာဟာရတွေကို ဆေးအနေနဲ့ထုတ်လုပ်တဲ့အခါအစားအသောက်မှာပါတဲ့ဓါတ်တွေလောက်သွေးတိုးကိုမထိန်းချုပ်နိုင်ဘူးလို့ဆိုပါတယ်။ ကယ်လ်ဆီယံ ကယ်လ်ဆီယမ်မှာအရိုးသန်မာစေတဲ့အချက်အပြင်တခြားကျန်းမာရေးကိုအထောက်အကူပြုတာတွေအများကြီးရှိပါသေးတယ်။ ကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာတွေကိုစားတဲ့သူတွေမှာ သွေးတိုးကျကြောင်းအဝလွန်မှုမရှိ၊အဆီပိုမရှိ၊ဆီးချိုမရှိကြောင်း တွေ့ရပါတယ်။DASH စားသောက်မှုပုံစံ (ဆီးချိုသမားများအတွက်ဆီးချိုထိန်းစားသောက်မှုပုံစံတစ်မျိုး)ကတစ်ရက်ကိုအဆီပါဝင်မှုနည်းတဲ့စားစရာတွေကိုပဲစားသောက်စေပါတယ်။ လူတစ်ယောက်ကတစ်ရက်ကိုကယ်လ်ဆီယမ်1200 mg ရအောင်အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကိုနှစ်ခါမှသုံးခါစားသင့်ပါတယ်။ နို့ထွက်ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကအရမ်းအံ့သြဖို့ကောင်းပါတယ်။ သင့်ရဲ့စားသောက်မှုပုံစံထဲကိုနို့ထွက်ထုတ်ကုန်တွေထည့်စားတာသင့်အတွက်အရမ်းကိုအကျိုးရှိစေမှာပါ။ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်ကအမေရိကန်မှာနို့သောက်သုံးမှုသိသိသာသာလျော့နည်းလာပါတယ်။ လေ့လာသူတွေကဒီအချက်ဟာအဝလွန်ခြင်းနဲ့သွေးတိုးရောဂါများလာခြင်းတို့နဲ့ဆက်စပ်နေတယ်လို့ဆိုပါတယ်။ တစ်ခုအရေးကြီးတာကအဆီပါဝင်မှုနည်းတဲ့နို့ထွက်ထုတ်ကုန်တွေကို ရွေးပါ။ နို့ထွက်ထုတ်ကုန်တွေထဲမှာပါတဲ့အဆီက high saturated […]


သွေးတိုးရောဂါ

သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ

သွေးတိုးရောဂါ ဆိုတာဘာလဲ။ သွေးတိုးရောဂါဟာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန် ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပေါင်ဟာ ရက်သတ္တပတ် အတော်များများ အမြဲတမ်း ၁၄၀၊ ၉၀ ကျော်နေမယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ သွေးလွှတ်ကြောနံရံကို ဆန့်ကျင်တဲ့ သွေးတွေရဲ့ အားဟာ ပုံမှန်ထက်ကျော်နေတယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင် သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးဟာ အတော်အဖြစ်များပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ မရှိပဲတောင်မှ သူဟာ သွေးလွှတ်ကြောတွေ သွေးကြောတွေကို ထိခိုက်နိုင်ပါတယ်။   သွေးပေါင်တက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။ သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ […]


သွေးတိုးရောဂါ

အရက် နဲ့ ဆေးလိပ်က သွေးတိုးစေသလား

သွေးတိုးခြင်းကို အမြဲတမ်းတော့ မကာကွယ်နိုင်ပေမယ့် ဆေးလိပ်ဖြတ်ခြင်းနဲ့ အရက်ကို အသင့်အတင့်သာ သောက်သုံးခြင်းဟာ သွေးပေါင် ကျဆင်းစေပါတယ်။ ခြုံငုံသုံးသပ်ချက် ဆေးလိပ်နဲ့ အရက်သောက်တဲ့သူတွေဟာ သူတို့ရဲ့ နှလုံးသွေးကြော ကျန်းမာရေးကို စိတ်ပူသင့်ပါတယ်။ ဒီအကျင့်နှစ်ခုလုံးဟာ သွေးတိုးခြင်း စေပြီးတော့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဆေးလိပ်နဲ့ အရက်က သွေးတိုးစေခြင်းကို လူသိများပါတယ်။ နှစ်ခုလုံးဟာ သွေးဖိအားနဲ့ နှလုံးသွေးကြောတွေပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် သင့်မှာ သွေးတိုးရှိနေရင် (သို့) သွေးတိုးရှိစေတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် သင်ထိန်းချုပ်နိုင်တဲ့ အချက်တွေကို ထိန်းချုပ်သင့်ပါတယ်။   ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ဘာဖြစ်စေပါသလဲ။ ဆေးလိပ်သောက်ခြင်းဟာ သွေးဖိအားကို ရုတ်တရက် တက်လာစေပြီးတော့ အပေါ်သွေးပေါင်ကို ၄ mmHG တက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ အာရုံကြောစနစ်ကို ဓါတုပစ္စည်းတွေ ထုတ်လွှတ်စေပါတယ်။ ဒီဓါတုပစ္စည်းတွေဟာ သွေးကြောကျဉ်းခြင်းကို ဖြစ်ပေါ်စေပြီး […]


သွေးတိုးရောဂါ

သွေးတိုးရှိလျှင် ဆားလျှော့စားပါ။

သင့်သွေးပေါင်ချိန်ကို လျှော့ချဖို့ အမြန်ဆုံးနည်းလမ်းကတော့ (အထူးသဖြင့် သင့်မှာ သွေးပေါင်တက်နေတယ်ဆိုရင်) ဆားလျှော့စားခြင်းပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာတည်းက သင်ဟာ ဒီအကြံဉာဏ်ကို ကြားဖူးပြီးသားဖြစ်နိုင်ပါတယ်။ ဆားကိုလျှော့စားပါ။ ဘာလို့လဲဆိုတော့ ဒါဟာ သင့်နှလုံးအတွက် မကောင်းပါဘူး (ကျောက်ကပ်နဲ့ အခြားအင်္ဂါတွေကိုတော့ ပြောမနေပါနဲ့တော့) ဆားဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။ ဆားများများ စားလေလေ သွေးပေါင်ချိန်တက်လေလေပါပဲ။ ဆားဟာ သင့်ခန္ဓါကိုယ်က ရေဓါတ်ကို သိုလှောင်ထားမှု များစေပါတယ်။ ဆားစားတာ များပြားရင် သင့်ခန္ဓါကိုယ်မှာ ပိုလျှံတဲ့ ရေတွေ သိုလှောင်ထားပြီး သွေးပေါင်တက်စေပါတယ်။ ဒါဟာ သင့်မှာသာသွေးတိုးရှိနေမယ်ဆိုရင်တော့ ပြဿနာ ဖြစ်စေမှာပါ။ ပြီးတော့ ဆားအများကြီးစားခြင်းဟာ သွေးပေါင်ကျဆေးတွေဖြစ်တဲ့ ဆီးဆေး တွေကို ကောင်းကောင်း အလုပ်မလုပ်စေပါဘူး။ ဆားဘယ်လောက်စားရင ်များတယ်လို့ပြောသလဲ။ ဆား (သို့) ဆိုဒီယမ်ဟာ အသက်ရှင်ဖို့အတွက် အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို ကျောက်ကပ်က […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်