ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

ငယ်ငယ်က သင်္ကြန်လည်လို့ ရှေ့မှာ မီးသတ်ပိုက် ပါတယ်လို့ ပြောလိုက်ရင် တဘက်​တွေ အထပ်အထပ် ခြုံလို့ လူကြီးတွေ ရင်ဘတ်ထဲ ပြေးဝင်ရင်း နာတော့မှာပဲ။ ကြောက်လိုက်တာဆိုပြီး ဖြစ်ရတဲ့ ခံစားချက်ကို သင်္ကြန်လည်ဖူးသူတိုင်း သိမှာပါ။ မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။ ဒီလို ပိုက်မျိုးနဲ့ ရေထိုးပက်တာက ထိခိုက်မှုတွေ ရှိစေမလား။ ဘယ်လို ထိခိုက်မှုတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။ မီးသတ်ပိုက် ဆိုတာ မီးသတ်ပိုက်ဆိုတာ ရေအရှိန်ကို တင်ချင်ရင် တင်လို့ရသလို လျှော့ချင်တဲ့အခါ လျှော့လို့ရတဲ့ ရေပိုက် အကြီးစား တစ်မျိုးပေါ့။ မီးသတ်ပိုက်တွေကို မီးငြှိမ်းသတ်ဖို့အပြင် ဆန္ဒပြပွဲတွေမှာ လူစုခွဲဖို့ အသုံးပြုကြပါတယ်။ မီးသတ်တယ်ဆိုလို့ ရေနဲ့ငြှိမ်းတာလို့ […]


ရှေးဦးသူနာပြုစုခြင်း

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

နိုင်ငံတကာ သတင်းတွေထဲကနေ မြင်ဖူးတဲ့ ဆန္ဒပြပွဲတွေထဲက မီးခိုးတွေ လှိုင်နေအောင်ထွက်တဲ့ မျက်ရည်ယို ဓာတ်ငွေ့ တွေအကြောင်း သေချာသိချင်လား။ ဒီလို ဒီအခိုးအငွေ့တွေကြားကနေပဲ ဓာတ်ပုံတွေကို ရအောင်ရိုက်ယူခဲ့တဲ့ သူတွေ၊ တကယ်တွေ့ကြုံခဲ့ရသူတွေက မျက်ရည်ယိုဗုံးတွေ ဒဏ်ကနေ ဘယ်လို ကာကွယ်လဲဆိုတာရော?  ဒါဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။ မျက်ရည်ယို ဓာတ်ငွေ့ကို ကာကွယ်တဲ့ နည်းလမ်းတွေက မျက်ရည်ယို ဓာတ်ငွေ့ဒဏ်ကိုရော ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်၊ လို့ CDC က ဆိုပါတယ်။ မျက်ရည်ယို ဓာတ်ငွေ့တွေကို ဒီလို ကာကွယ်လို့ ရပါတယ်။ ခပ်ခွာခွာနေပါ။ မျက်ရည်ယိုဓာတ်ငွေ့တွေ ဖြစ်ပေါ်လာပြီဆိုတာနဲ့ လူတစ်ဦးနဲ့ တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ ဒါမှ ဓာတ်ငွေ့တွေက အလွယ်တကူ ပြန့်ပြီး ထိခိုက်မှု နည်းမှာပါ။ ဒီဓာတ်ငွေ့ကြောင့် ထိခိုက်မှု မဖြစ်စေဖို့ဆိုရင် […]


ရှေးဦးသူနာပြုစုခြင်း

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မီးခိုးငွေ့တွေ၊ မီးသွေးမွှေးလို့ မီးခိုးရင်တောင် မျက်ရည်က အလိုလို ကျလာတယ်။ ဒီ မီးခိုးတွေကလည်း အဆုတ် အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို များစွာ ထိခိုက်စေနိုင်ပါတယ်။ ဒါဆို နိုင်ငံတကာ သတင်းတွေထဲမှာ တွေ့နေရတဲ့ ဆန္ဒပြတဲ့အခါ လူစုခွဲဖို့ သုံးလေ့ရှိတဲ့ အရာတွေထဲက တစ်ခုဖြစ်တဲ့ မျက်ရည်ယိုဗုံး က ထိမိခဲ့ရင် အမြန်ဆုံး ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို  ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ ဘာလဲ။ မျက်ရည်ယိုဓာတ်ငွေ့ဆိုတာ အငွေ့လို့သာ ဆိုပေမယ့် အငွေ့မဟုတ်တဲ့ aerosolized အစိုင်အခဲ (သို့မဟုတ်) အရည် အမျိုးအစား ပါ။ နာကျင်တဲ့ ခံစားမှုကို ခံစားရစေနိုင်တဲ့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်နေပါတယ်။ ဒီဓာတုပစ္စည်းတွေက လုပ်ဆောင်မှုတွေကို ကောင်းကောင်း မလုပ်ဆောင်စေဖို့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ မျက်ရည်ယိုဗုံးတွေကို chloroacetophenone (CN) […]


ရှေးဦးသူနာပြုစုခြင်း

ရှေးဦးသူနာပြုစုခြင်း

လုံလောက်မှုမရှိတဲ့ တုံ့ပြန်မှုတွေ၊ အချိန်နဲ့တပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုတွေ ကင်းမဲ့မှုကြောင့် နှစ်စဉ် သန်းပေါင်းများစွာသောလူတွေဟာ ထိခိုက်မှုတွေကြောင့် နာကျင်မှုတွေ၊ သေဆုံးမှုတွေကို ခံစားနေကြရပါတယ်။ တကယ်လို့ ထိခိုက်မှုတစ်ခုခု၊ မတော်တဆမှု တစ်ခုခု ဖြစ်တဲ့အခါ ချက်ချင်းဆိုသလို ထိထိရောက်ရောက် ပြုစုစောင့်ရှောက်မှု ပေးနိုင်မယ်ဆိုရင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရေးပေါ်အခြေအနေတွေမှာ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုပေးတာက လူနာကို ရှင်သန်နိုင်မယ့် အခွင့်အလမ်းများစေပါတယ်။ ရှေးဦးသူနာပြုစုခြင်းက အရေးပေါ်ကုသမှုနေရာမှာအစားထိုးတာမျိုး မဟုတ်ပါဘူး။  ထိခိုက်မိတဲ့အခါ ပြင်းထန်တဲ့အဆင့် မရောက်စေဖို့နဲ့ ရှင်သန်နိုင်မယ့် အခွင့်အရေးများစေဖို့ အရေးပေါ်ကုသမှုမခံယူနိုင်ခင်စပ်ကြား  လုပ်ဆောင်ပေးသင့်တဲ့ အရေးပါတဲ့အဆင့်တစ်ရပ်ပါ။ ရှေးဦးသူနာပြုစုခြင်းက ဘာတွေလုပ်ပေးနိုင်လဲ။ ရှေးဦးသူနာပြုစုခြင်းက တစ်ဦးတစ်ယောက် ရုတ်တရက်ထိခိုက် ဒဏ်ရာရသွားတာ၊ အစာနင်တာလိုမျိုး အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခုခု ကြုံတဲ့အခါ ဆေးကုသမှု မခံယူနိုင်ခင် ကာလအပိုင်းအခြားလေးမှာသက်သာစေဖို့ အန္တရာယ်ရှိတဲ့ အခြေအနေက ကျော်လွှားနိုင်စေဖို့ ထောက်ကူပေးတဲ့အရာပါ။ ဒီလို လုပ်ဆောင်ပေးတာက […]


ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

ဆေးလိပ်ကို ကာလကြာရှည်စွာ သောက်နေသူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အင်မတန်မှ စွဲလမ်းစေပြီး ဖြတ်ရခက်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ စဉ်းစားလိုက်တာနဲ့ တိခနဲ ချက်ချင်းပြတ်သွားမှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ အဆင့်တွေကို ကျော်ဖြတ်ရပါဦးမယ်။ ဆေးလိပ်ကို ကြိုးစားပြီးဖြတ်နေချိန်မှာ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လှပါတယ်။ သင့်မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ  ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေရှိနေရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ကူညီအားပေးလိုက်ပါ။ (၁) နှုတ်ဖြင့်အားပေးပါ။ ဒီနည်းလမ်းဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ နှုတ်၏စောင်မခြင်း ဆိုပါတော့။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်က ဆေးလိပ်ဖြတ်ဖို့ စကားစလာတဲ့အခါ အောက်ပါစကားလုံးလေးတွေနဲ့ တုံ့ပြန် နိုင်ပါတယ်။ “ ငါမင်းအတွက် ဂုဏ်ယူလိုက်တာ၊ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိတာ မင်းအရမ်းတော်တာပဲ” “ဆေးလိပ်ဖြတ်ချိန်မှာ အခက်အခဲတွေတော့ရှိမှာပဲ။ ဒါပေမယ့် မင်းသေချာပေါက် လုပ်နိုင်မှာပါ။    မင်းအောင်မြင်မယ်ဆိုတာ ငါယုံကြည်တယ်။” “ အကူအညီလိုတာရှိရင် ပြောနော်၊ […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

မိုးရာသီနှင့် အောက်ခံဘောင်းဘီ များ

မိုးရာသီ ရောက်လာပြီဆိုရင် ခေါင်းကိုက်ရတဲ့ အရာတစ်ခုကတော့ အဝတ်တွေ တော်တော်နဲ့ မခြောက်တာပါ။ အထူးသဖြင့် အောက်ခံဘောင်းဘီ တွေ မခြောက်တာ၊ မခြောက်တခြောက်ဖြစ်တာက အထူးဂရုပြုရမယ့် အခက်အခဲ တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ခံဘောင်းဘီဆိုတာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ အနီးကပ်ဆုံးထိတွေ့နေရတဲ့ အဝတ်အစားတွေဖြစ်ပြီး ပြင်ပလေထု၊ အပူချိန်တို့နဲ့ မထိတွေ့နိုင်တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် အတွင်းခံဘောင်းဘီလေးတွေ တာဝန်ယူထုပ်ပိုးထားရတဲ့ နေရာဟာ တခြားနေရာတွေထက် နူးညံ့တဲ့ အစိတ်အပိုင်းလေးတွေဖြစ်နေလို့ ပါ။ အောက်ခံဘောင်းဘီ တွေ သေချာလျှော်ဖွတ်အခြောက်မခံဘဲ ဝတ်မိပြီဆိုရင်တော့ ယားယံတာ၊  အရေပြား မှိုရောဂါတွေဖြစ်ပွားတာနဲ့ နောက်ဆုံး လိင်မှုကိစ္စကိုပါ ထိခိုက်စေနိုင်တာမို့ ဒါဟာပေါ့သေးသေး ကိစ္စတော့မဟုတ်ပါဘူး။ ဒါကြောင့် မိုးရာသီလို စိုစွတ်ပြီး အဝတ်တွေ အခြောက်ခံဖို့ခက်ခဲတဲ့ အချိန်မျိုးမှာအသုံးတည့်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုးရာသီမှာ စိုထိုင်းထိုင်း အောက်ခံဘောင်းဘီ တွေကြောင့် ရောဂါမဖြစ်စေဖို့ (၁)  ပါးလွှာပြီး […]


ဆေးလိပ်ဖြတ်ခြင်း

Vape ရောင်းချမှုပိုမိုတွယ်ကျယ်လာတဲ့ မြန်မာပြည်စျေးကွက်

Vape ဆိုတာဘာလဲ။ ယနေ့ခေတ်မှာ ဆေးလိပ်အစားထိုးအဖြစ် လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလို အဆုတ်နဲ့ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓာတ် (Nicotine) တွေ မပါဝင်ဘူးလို့ ဈေးကွက်ထဲမှာ ဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။ ဒါဆိုရင်တော့ အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေက သင်ထင်ထားတာတွေ မှားနေတယ်ဆိုတာ သက်သေပြနေပါပြီ။ Vape သောက်တဲ့အခါ အပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့ အရည်တွေထဲမှာ နီကိုတင်းတွေသာမက တခြားလူကိုစွဲလမ်းစေတဲ့ ဓာတုဗေဒပစ္စည်းပေါင်းများစွာ ပါဝင်နေပါတယ်။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရ ဗီတာမင် အီး အက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓာတ်လည်း ပါဝင်နေတယ်ဆိုတာ သိရပါတယ်။ ဗီတာမင် အီး အက်စီတိတ် က လူတွေကို ဒုက္ခဖြစ်စေသလား။ အမှန်တကယ်က ဗီတာမင် အီးသည် […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

Gymဆော့ အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးများနှင့် ရေချိုးဖို့အချိန်မရတဲ့အခါ လုပ်ဆောင်သင့်တဲ့ အချက်များ။

ကိုယ်ရောစိတ်ပါ ကျန်းမာ၊ ပျော်ရွှင်ဖို့ လူတိုင်းလူတိုင်း ကိုယ်လက်လေ့ကျင့်ခန်းကို လုပ်ဆောင်သင့်ပါတယ်။ တချို့က Gymဆော့ ပြီး ခန္ဓာကိုယ်ကို fit ဖြစ်အောင် exercises အမျိုးမျိုးလုပ်ကြတယ်။ တချို့က အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်တယ်။ တချို့က ပြေးတယ်၊ လမ်းလျှောက်တယ်၊ ကခုန်တယ်၊ ဘောလုံးကန်တယ် စသဖြင့် ကိုယ်ကြိုက်နှစ်သက်တဲ့ အားကစားတွေ လုပ်ကြပါတယ်။ ဘယ်လိုနည်းနဲ့ပဲ workout လုပ်လုပ်၊ လုပ်ပြီးတဲ့အခါမှာ နာနေတဲ့ ကြွက်သားလေးတွေ ပြေလျော့ဖို့၊ ချွေးတွေထွက်ပြီး ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်ကို သန့်ရှင်းစေဖို့ ရေချိုးကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ workout လုပ်အပြီးမှာ ရေချိုးခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုတယ်ဆိုတာနဲ့ လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးဖို့ အချိန်မရတဲ့အခါ ဆိုးကျိုးတွေမဖြစ်အောင် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို ပြောပြပေးသွားပါမယ်။ လေ့ကျင့်ခန်းလုပ်အပြီး ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေကို မပြောပြခင်မှာ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းမှာ […]


ရှေးဦးသူနာပြုစုခြင်း

ရေကူးနေရင်း ကြွက်တက် လာရင်

ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။ အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့ ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။ ကြွက်သားတွေ တောင့်တင်းတာ အလွန်အကျွံ ရေကူးတာ ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ ရေက အေးလွန်းတာ မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ရေကူးရင်း […]


ရှေးဦးသူနာပြုစုခြင်း

ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့

ဟာ....... ယားလိုက်တာ။ အဖုလေးလည်း ဖြစ်နေတယ်။ ဘာပိုးကောင်ကိုက်သွားတာလည်းမသိ။ ယားလိုက်တာ ဒီလောက် ကုတ်နေတာတောင် အယားမပြေဘူးဆိုပြီး တအားဖိကုတ်နေတာ၊ လက်သည်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်ခံရတဲ့ နေရာမှာ အနာထပ်ဖြစ်အောင် လုပ်နေမိပြီလား။ ဒါဆိုရင်တော့ ဒီလိုလုပ်နေတာကို အခုချက်ချင်း ရပ်လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ခြင်ကိုက်ဖု ဒါမှမဟုတ် ပိုးကောင်ကိုက်လို့ ယားယံတာကို သက်သာစေဖို့ နည်းလမ်းတွေကို ပြောပြပါရစေ။ ပိုးမွှားတွေ ခြင်တွေ ကိုက်ခံရရင် ဘာလို့ ယားယံရတာလဲ။ ခြင်တွေ ပိုးကောင်တွေ ကိုက်ခံရရင် ယားယံတာက လူ့ခန္ဓာကိုယ်ထဲက သွေးကို စုပ်ယူဖို့အတွက် anticoagulant နဲ့ ပရိုတင်းတို့ ပါဝင်တဲ့ တံထွေးတစ်မျိုးကို ထိုးသွင်းလိုက်တာကြောင့်ပါ။ ဒီလို ထိုးသွင်းလိုက်တဲ့အခါ ပရိုတင်းက ပြင်ပက ဝင်ရောက်လာတဲ့ အရာတစ်မျိုး ဖြစ်နေတာကြောင့် ကိုယ်ခံအားက တုံ့ပြန်တိုက်ခိုက်ပါတယ်။ ဒီတုံ့ပြန်တိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ ယားယံတာ၊ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)