ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

အသံ များ ရဲ့ အဓိပ္ပာယ်

ဟပ်ချိုး ဆိုတဲ့ နှာချေသံ ကြားရင် နေမကောင်းဖြစ်တော့မယ် လို့ အလိုအလျောက် ထင်တတ်ကြပါတယ်။ ဒီလိုပဲ ရင်ဘတ်ထဲက တရွှီရွှီနဲ့ ခရူးခရူးသံ ထွက်နေတယ်ဆို ရင်ကျပ်နေပြီ၊ ချွဲကျပ်နေပြီ လို့ သိကြတယ် မဟုတ်လား။ ခန္ဓာကိုယ်မှာ ထွက်တဲ့ အသံ တွေမှာ သူ့အကြောင်းနဲ့သူ ရှိနေကြပါတယ်၊ ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် သိထားသင့်တဲ့ အရာတွေ ဆိုလည်း မမှားပါဘူးနော်။ ဘယ် အသံ တွေက ဘာအဓိပ္ပာယ် ရှိနေသလဲ ဘာ့ကြောင့် ဒီလို အသံ ဖြစ်လာရတယ်၊ ဘာတွေ သတိထားရမယ်၊ အမှုမဲ့အမှတ်မဲ့နေရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာလေးတွေ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦး - (၁) နှာချေသံ နှာချေတာ ကိုတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ အအေးမိတာလား၊ ဖျားချင်နေတာလား တစ်ခုခု ပဲပေါ့။ ဗိုင်းရပ်စ် […]


အခြေခံကျန်းမာရေး

ကိုလင်း (Choline) ချို့တဲ့ခြင်းအကြောင်း

ကိုလင်းဆိုတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။ အသည်းရဲ့လုပ်ငန်းတာဝန်၊ ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ ကိုလင်းဟာ ကိုယ်ခန္ဓာရဲ့ အောက်ပါတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ - ဆဲလ်တည်ဆောက်ခြင်း။ ကိုယ်ခန္ဓာဆဲလ်များရဲ့ တောင့်တင်းခိုင်မာမှုကို အားဖြည့်ပေးမယ့် အဆီဓာတ်ဖြစ်ပေါ်စေဖို့ လိုအပ်ပါတယ်။ - ဆဲလ်များအချင်းချင်းသတင်းပို့ခြင်း။ ကိုယ်ခန္ဓာဆဲလ်များအချင်းအချင်း အချက်အလက်သတင်းတွေ ပေးပို့ရာမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေကို ထုတ်လုပ်ဖို့ ကိုလင်းကို လိုအပ်ပါတယ်။ - အဆီဓာတ် သယ်ယူပို့ဆောင်ခြင်းနှင့် ဇီဝဖြစ်ပျက်ခြင်း။ အသည်းကနေ ကိုလက်စထရောကို ဖယ်ထုတ်ရာမှာ ကိုလင်းဟာ အရေးပါပါတယ်။ […]


ရောဂါလက္ခဏာများ

ကြို့ထိုး ခြင်း ပြဿနာ

လူတိုင်းနီးပါး ကြို့ထိုး တဲ့ပြဿနာကို ကြုံဖူးကြမယ်လို့ထင်ပါတယ်။ တစ်ခါနှစ်ခါ ကြို့ထိုးတဲ့အခါ ပြသနာမရှိပေမယ့် အချိန်အကြာကြီး ခဏခဏ ဖြစ်လာတဲ့အခါ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါတယ်။ အစားအစာတွေ အများကြီးတစ်ခါတည်း စားမိတဲ့အခါ၊ အမြန်စားမိတဲ့အခါ၊ gas ပါတဲ့ အချိုရည်တွေကို သောက်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ စတဲ့ အချိန်တွေမှာလည်း ကြို့ထိုးနိုင်တာကြောင့် လူတိုင်းမကြာခဏ တွေ့ကြုံကြရနိုင်ပါတယ်။ ဒါပေမယ့် တချို့တွေမှာတော့ ကြို့ထိုးတာက အကြာကြီးဖြစ်လာတဲ့အခါ စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကြို့ထိုးခြင်းနဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အကြောင်းလေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ဘာကြောင့် ကြို့ထိုး ရသလဲ။ အသက်ရှူသွင်းရှူထုတ်တဲ့ လုပ်ငန်းမှာ အရေးပါတဲ့ diaphragm လို့ခေါ်တဲ့ ကြွက်သားလေးတွေကို လှုံ့ဆော်မှုဖြစ်သွားတာကြောင့် ကြို့ထိုးရတာပါ။ diaphragm ဆိုတာကတော့ ရင်ဘတ်ကြီးနဲ့ ဝမ်းဗိုက်ကြီးတစ်ခုလုံးကို ခြားထားပေးတဲ့ ကြွက်သားလေးတစ်မျိုးဖြစ်ပါတယ်။ […]


ရောဂါလက္ခဏာများ

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား

တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား ..... ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့ မကောင်းဘူး။ သိသိသာသာ ဖျားနေတာလည်း မဟုတ်၊ အိပ်ရာထဲ လဲနေတာလည်း မဟုတ်၊ ဒါပေမယ့် အဖျားလည်း ပျောက်လည်း မပျောက်ဘူး။ ဒီအတိုင်းပဲ ရှိနေတာ ကြာလာတာမျိုး။ တငွေ့ငွေ့ အဖျား နဲ့ နေမကောင်း ဖြစ်နေတာလား ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာ လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ဘာတွေကြောင့် ဖြစ်နိုင်လဲ တငွေ့ငွေ့နဲ့ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး […]


ရောဂါလက္ခဏာများ

ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ

လူ့ခန္ဓာကိုယ်က ကိုယ်တွင်းက ပြောင်းလဲမှုကိုရော ပြင်ပက ပြောင်းလဲမှုကိုပါ တုံ့ပြန်ပါတယ်။ ခန္ဓာကိုယ် အပူချိန်ဟာလည်း ပြင်ပက ပတ်ဝန်းကျင်အပူချိန်မြင့်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တွင်းက အပူချိန်မြင့် လာရင်ပဲဖြစ်ဖြစ် အပူချိန် တက်လာတတ်ပါတယ်။ ဖျားနေတာမဟုတ်ဘဲလည်း ကိုယ်အပူချိန် တက်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ ကဲ ...... ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ ဖျားနေတာမဟုတ်ဘဲ ကိုယ်အပူချိန်မြင့်တက်ရခြင်း အကြောင်းအရင်းများ က ဘာတွေများ ဖြစ်မလဲ။ လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ၉၈.၆ ဒီဂရီဖာရင်ဟိုက် ဖြစ်ပြီး နေ့တစ်နေ့တာရဲ့ အပူချိန်​ကြောင့် ၀.၉ ဒီဂရီဖာရင်ဟိုက်လောက် ကွာခြားသွားတာမျိုး ရှိနိုင်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ပျမ်းမျှ ကိုယ်အပူချိန်ကလည်း အနည်းငယ်လောက် ကွာခြားနိုင်ပါတယ်။ ကိုယ်အပူချိန်အပေါ် သက်ရောက်နေတဲ့အရာတွေ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ […]


အခြေခံကျန်းမာရေး

ဗီတာမင်ချို့တဲ့သော လက္ခဏာများ

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအစာများဟာ သင့်နေ့စဉ်ဘဝကို အများကြီး အထောက်အကူ ပြုပါတယ်။ တစ်ဖက်မှာလည်း အာဟာရဓာတ်နည်းပါးတဲ့ အစားအသောက်များကို စားသုံးဖန်များရင် ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းလာလို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ၁။ ဆံပင်နှင့်လက်သည်းများ ကျွတ်ဆတ်ကျိုးပဲ့လွယ်လာခြင်း ဆံသားများခြောက်သွေ့ပြီး လက်သည်းခြေသည်းများ ကျိုးပဲ့လွယ်လာခြင်းဟာ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပါတယ်။ အဲဒီထဲက အကြောင်းအရင်းတခုကတော့ biotin ချို့တဲ့လို့ ဖြစ်ပါတယ်။ Biotin ကို ဗီတာမင် B7 လို့လည်း သိကြပါတယ်။ Biotin ချို့တဲ့ခြင်းကြောင့် ဆံသားများပျက်စီးခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်းအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်များ ကျင်ခြင်း စတာတွေလည်း ကြုံတွေ့နိုင်ပါတယ်။ ၂။ ပါးစပ်အတွင်းအနာများဖြစ်ခြင်း၊ နှုတ်ခမ်းထောင့်တွင် အက်ကွဲခြင်း ပါးစပ်အတွင်းနှင့် […]


ရောဂါလက္ခဏာများ

ဘာကြောင့် မော မော နေတာလဲ။

ခုတလော မော မောနေတယ်။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ မော နေတော့တာပါပဲလို့ ငြီးတွားတဲ့ အသံကို ကြားဖူးပါသလား။ လူတစ်လောက်ကို တစ်မိနစ်ကို ၁၂ခါကနေ အခါ ၂၀အထိ အသက်ရှူကြပါတယ်။ အသက်ရှူရတာ မဝတဲ့အခါ၊ အသက်ရှူရတာ မြန်လာတာတဲ့အခါ မောတယ်လို့ ခေါင်းစဉ်တပ်ကြပါတယ်။ မောရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ သာမန် အပရိက အမောကနေ သေလောက်တဲ့ အမောအထိ ရှိပါတယ်။ မော ရသည့် အကြောင်းရင်းများ မောတာကို အမျိုးမျိုး ခွဲထားကြပါတယ်။ အန္တရာယ်ရှိတဲ့ အမော၊ အန္တရာယ် မရှိတဲ့အမော၊ ရုတ်တရက်မောတာ၊ နာတာရှည်မောတာ၊ နှလုံးကြောင့်မောတာ၊ အဆုတ်ကြောင့်မောတာ၊ တခြား အကြောင်းရင်းကြောင့် မောတာ၊ လှုပ်မှ မောတာ၊ ထိုင်နေရင်းမောတာ စသဖြင့် အများကြီးပါပဲ။ သာမန် အမော ပြေးရင်မောတယ်၊ လေ့ကျင့်ခန်း လုပ်ပြီးရင် မောတယ်၊ […]


ရောဂါလက္ခဏာများ

အမြဲတမ်းမောပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းများ

ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ လူသားတို့ နေ့စဉ်ဘဝမှာ ကြုံရမယ့်အရာပဲ ဖြစ်ပါတယ်။ ရောဂါဝေဒနာ ဒါမှမဟုတ် ရုန်းကန်လှုပ်ရှားမှုများလို့ ပင်ပန်းနွမ်းနယ်ရတာ ရှိသလို တခါတရံမှာ အကြောင်းအရင်းမယ်မယ်ရရ မရှိဘဲလည်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ များသောအားဖြင့် နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။ အခုဆောင်းပါးမှာ ဖော်ပြမယ့်အချက်တွေကတော့ သင့်အနေနဲ့ ဘယ်လိုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေရသလဲဆိုတာနဲ့ အဆိုပါအချက်တွေကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတာပါပဲ။ ၁။ စားကောင်းအောင် လွန်ကဲစွာ ပြင်ဆင်ထားသော ကာဘိုဟိုက်ဒရိတ်များ အများအပြား စားသုံးခြင်း ကာဘိုဟိုက်ဒရိတ်ဟာ စွမ်းအင်ကို လျင်မြန်စွာ ရရှိနိုင်တဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ကိုယ်ခန္ဓာကနေ သကြားအဖြစ်ကို ဖြိုခွဲပေးလိုက်ပြီး လောင်စာအနေနဲ့ သုံးပါတယ်။ ဒါပေမယ့် အဆင့်ဆင့်ပြပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားကို များများစားမိရင် သွေးတွင်းသကြားဓာတ် တက်လာပါတယ်။ အဲဒီအခါ မုန့်ချိုအိတ်ကနေ အင်ဆူလင်ကို ထွက်လာစေပြီး သကြားဓာတ်နည်းအောင် ပြုလုပ်ပါတယ်။ သကြားဓာတ်ကို မြင့်တက်စေပြီး ရုတ်တရက်ပြန်လည်ကျစေခြင်းဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေပါတယ်။ […]


ရောဂါလက္ခဏာများ

ရေဓာတ်ခမ်းခြောက်ခြင်း

သင်သောက်သုံးတဲ့ အရည်ပမာဏထက် ကိုယ်ခန္ဓာကနေ ဆုံးရှုံးတဲ့ ပမာဏက ပိုများနေရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပေါ်ပါတယ်။ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ချွေးအလွန်အမင်းထွက်ခြင်း အန်ခြင်း ဝမ်းပျက်ဝမ်းလျှောခြင်း စတာတွေ ဖြစ်ပါတယ်။ သုတေသနများအရ လူသားတို့အတွက် တနေ့တာ ရေလိုအပ်ချက်ဟာ အမျိုးသမီးများအတွက် ၉၂ အောင်စ (၁၁.၅ ခွက်) ဖြစ်ပြီး အမျိုးသားများအတွက် ၁၂၄ အောင်စ (၁၅.၅ ခွက်) ဖြစ်ပါတယ်။ ဒါက တဦးချင်းပေါ်လည်း မူတည်ပါတယ်။ ဥပမာ အားကစားသမားများနဲ့ သာမန်လူနဲ့ လိုအပ်ချက်မတူပါဘူး။ အပူပိုင်းဒေသကလူတွေအနေနဲ့လည်း အအေးပိုင်းထက် ရေကို ပိုမိုလိုအပ်ပါတယ်။ ကိုယ်ခန္ဓာထဲကနေ ရေအများအပြား ဆုံးရှုံးသွားပြီးတဲ့အခါ ဆဲလ်များ၊ တစ်သျှူးများဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကို အချိန်မီ မဖြည့်တင်းနိုင်ရင် သွေးလန့်ခြင်းထိ ဖြစ်နိုင်ပါတယ်။ သိပ်ပြီးမပြင်းထန်တဲ့ […]


ရောဂါလက္ခဏာများ

ကိုယ်အလေးချိန် လျင်မြန်စွာ မြင့်တက်လာရင် ဘာတွေသတိထားသင့်သလဲ

လူအများစုဟာ ကိုယ်အလေးချိန်အတက်အကျမျိုးစုံကို ကြုံဖူးကြပေမယ့် အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ကိုယ်အလေးချိန် ရုတ်တရက် မြင့်တက်လာတာမျိုးတွေ ပိုမိုမြင်တွေ့ရပါတယ်။ တစ်ခါတစ်ရံမှာ နောက်ခံကျန်းမာရေး အခြေအနေများကြောင့် ဖြစ်နေတတ်ပါတယ်။ ကိုယ်အလေးချိန်မြင့်တက်ခြင်းဟာ ကျန်းမာရေးပြသနာကြောင့်မဟုတ်ရင် အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ အစားပိုစားခြင်း ဓမ္မတာစက်ဝန်း သွေးဆုံးခါနီး (သို့) သွေးဆုံးခြင်း အသက်ကြီးလာသည်နှင့်အမျှ ဇီဝဖြစ်ပျက်မှုနှေးကွေးလာခြင်း လှုပ်ရှားမှုနည်းလာခြင်း စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း အိပ်ရေးပျက်ခြင်း အထက်ပါအကြောင်းအရာတွေကြောင့် မဟုတ်ဘဲ ကိုယ်အလေးချိန်ရုတ်တရက်မြင့်တက်လာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ရုတ်တရက် ကိုယ်အလေးချိန်မြင့်တက်ရခြင်းရဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် တက်လာရတဲ့ အကြောင်းရင်းများ ၁။ ဆေးဝါးများသုံးစွဲနေခြင်း ဆေးဝါးအချို့ဟာ ကိုယ်အလေးချိန်ကို လျင်မြန်စွာ မြင့်တက်လာစေတတ်ပါတယ်။ အထူးသဖြင့် အတက်ကျဆေး၊ ဆီးချိုဆေး၊ သွေးကျဆေး၊ စိတ်ကျကုသဆေးနဲ့ စိတ်ကျန်းမာရေးဆေးဝါးများဟာ ကိုယ်အလေးချိန် တိုးစေတတ်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်