အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို သိရှိထားမယ်ဆိုရင် မိမိကျန်းမာရေးစောင့်ရှောက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်တယ် ဆိုတာက ကလေးရော လူကြီးပါ ကြုံဖူးကြမှာပါ။ ခံတွင်းပျက်ပြီ ဆိုရင် ဘာစားစား အရသာ မတွေ့သလို အရမ်း ကြိုက်တဲ့ အစားအစာတွေကို စားရင်တောင်မှ ဘာမှကို စားမကောင်း သလို ခံစားရတာပါ။ ဒီလိုမျိုး ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးမယ် ဆိုရင် စိတ်ဝင်စား မလား! စိတ်ဝင်စားတယ် ဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။  https://hellosayarwon.com/healthy-aging/nutrition-for-aging/loss-of-appetite-in-elderly/ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ကတော့ -  သံပုရာရည် သောက်ပါ  သံပုရာသီးကို အရည် ညှစ်ပြီး ရေနွေးနွေးလေးနဲ့ သောက်ပေးတာက ခံတွင်းပျက် နေတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် မနက်စာ မစားခင်မှာ သံပုရာရည် […]

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ

အိမ်မှာ ခွေးလေး၊ ကြောင်လေးတွေ ဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် တာဝန်တော့ကြီးပါတယ်။ ကျွေးရမွေးရ၊ စောင့်ရှောက်ရတာ အလုပ်တော့များပေမယ့် ချစ်စရာအမောပြေလေးတွေဖြစ်လို့ စိတ်ဖိစီးမှုတွေ ပြေစေပြီး စိတ်ပျော်လန်းဆန်းစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ဂရုစိုက်ပေး၊ သန့်ရှင်းပေး၊ အစာကျွေးပေးပြီး ပျော်ရွှင်တဲ့ဘဝလေး ဖန်တီးပေးရင်း ကိုယ်လည်းစိတ်ချမ်းသာရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲ တိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲ ရောဂါပိုးတွေ မွေးမြူနေသလို ဖြစ်နေပါလိမ့်မယ်။ စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊ မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်း အိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ ဥပမာ - "နင်ခဏခဏဖျားနေတာ ခွေးတွေ၊ ကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ။ ပိုးတွေဘာတွေနဲ့။ သူတို့ကြောင့်ပဲနေမှာ" ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်မလဲ ခွေးလေး၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

ကဗျာတွေစာတွေထဲမှာပါလေ့ရှိတဲ့နွေဦးအငွေ့အသက်က သာယာလှပကြပါတယ်။ တကယ်လည်းလှပေမယ့် လက်တွေ့မှာ အပူဒဏ်နဲ့ပြေးမလွတ်နိုင်တာတော့ အမှန်ပဲလေ။ ရှုခင်းအလှအပထက် လူ့ကျန်းမာရေးအတွက်က ပိုအရေးကြီးတဲ့အတွက်နွေရာသီအတွင်းရောဂါကင်းဖို့ အရင်စဉ်းစားရမှာပါ။ ဒါ့ကြောင့်နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သတိထားပြီး ကြိုတင်ကာကွယ်သင့်၊ ဆင်ခြင်နေထိုင်သင့်ပါတယ်။ နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး (၁) အပူလျှပ်ခြင်း -ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။ အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။   (၂) အစာအဆိပ်သင့်ခြင်း -အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။   (၃) မျက်စိနာခြင်း- မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ […]


အခြေခံကျန်းမာရေး

အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ

လောကမှာ အောင်မြင်ချင်လားလို့မေးလိုက်ရင် ဟင့်အင်း လို့ဖြေမယ့်သူကခပ်ရှားရှားပါ။ လူတိုင်းကတော့ အောင်မြင်ချင်ကြသူချည်းပါပဲ။ အကြောင်းကတော့ အောင်မြင်မှုက ချိုမြိန်တာကိုး။ စာဖတ်ပရိသတ်ကြီးရော အောင်မြင်ချင်သူလား......... ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ လူတော်တော်များများ လက်ခံထားတဲ့အယူအဆ အောင်မြင်မှုက ကံကောင်းလို့ရတာလို့ လက်ခံထားသူများပါတယ်။ လက်တွေ့ကျကျစဉ်းစားကြည့်ရင် ကံကောင်းခြင်းဆိုတာက ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ လူတစ်ယောက်ရဲ့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုကပဲ သူ့ကို အောင်မြင်မှုနဲ့ ကံကောင်းခြင်းတွေရစေနိုင်တာပါ။ ဒါကြောင့် တစ်ခုပြောပြချင်တာက အောင်မြင်ခြင်းဆိုတာ ကြိုးစားမှုရဲ့ အသီးအပွင့်ပါ။ နည်းစနစ်တကျ ကြိုးပမ်းမှုကနေပဲ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ အောင်မြင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထတွေက ဘာတွေများလဲ........... အောင်မြင်ချင်တယ်ဆိုရင် အခုပြောမယ့်အလေ့အထလေးတွေကို နေ့စဉ် အလေ့အကျင့်လေးဖြစ်အောင် မွေးမြူကြည့်ဖို့ တိုက်တွန်းပါရစေ။ စိတ်အားထက်သန်ပါ စိတ်အားထက်သန်မှုက အောင်မြင်မှုဆီကို အရောက်လှမ်းဖို့ ခွန်အားတွေပေးပါလိမ့်မယ်။ ဒါကြောင့် တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် စိတ်အားထက်သန်စွာနဲ့လုပ်တတ်အောင်လေ့ကျင့်ပါ။ စိတ်အားထက်သန်လေလေ အောင်မြင်နိုင်ခြေများလေလေပါ။ ဒီတော့ တစ်ခုခုကို လုပ်တော့မယ်ဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့် တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့ လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ အစားစားပြီးရင် ဒီအလေ့အထတွေကို လုပ်မိနေလား............... ဒါဆိုရင်တော့ ပြင်ဆင်ဖို့ လိုနေပါပြီ။ အိပ်တာ အားလပ်ရက် နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလို အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီး ရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။ ဆေးလိပ်သောက်တာ အစားတစ်ခုခု စားပြီးရင် ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်လေး တစ်လိပ်လောက် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ။ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းဆိုတာ lymph nodes လို့ခေါ်တဲ့ ပြန်ရည်အိတ် သို့ ပြန်ရည်ကျိတ်လေးတွေထဲကို ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ပြန်ရည်ကျိတ်ရောင်တာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်နေရာတည်းက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒါကတော့ အဖြစ်များဆုံးပုံစံဖြစ်ပါတယ်။ ဒီလိုမျိုးတစ်နေရာတည်းရောင်ရမ်းခြင်းမျိုးမှာ ရောဂါပိုးဝင်တဲ့နေရာတစ်ဝိုက်က ပြန်ရည်ကြောအကျိတ်တစ်ခု သို့ နှစ်ခုလောက်ရောင်တာဖြစ်ပါတယ်။ ဥပမာ အာသီးရောင်တာမျိုးဆိုရင် လည်ပင်းနားက အကျိတ်တစ်ချို့ ရောင်တာမျိုးဖြစ်ပါတယ်။ နေရာစုံက ပြန်ရည်ကျိတ်များရောင်ခြင်း ။ ။ ဒီလိုပုံစံကတော့ ပြန်ရည်ကျိတ်အုပ်စုတစ်ခု သို့ တစ်ခုထက်ပိုတဲ့ ပြန်ရည်ကျိတ်အုပ်စုတွေ ရောင်ရမ်းတာမျိုးဖြစ်ပြီး သွေးလည်ပတ်မှုကနေ ရောဂါပြန့်နှံ့တာမျိုး သို့မဟုတ် ခန္ဓါကိုယ်တစ်ခုလုံးကို သက်ရောက်စေတဲ့အခြားရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ပြန်ရည်ကျိတ်ရောင်ခြင်းက ဘယ်လောက်ထိအဖြစ်များလဲ။ ဒါဟာ ဖြစ်လေ့ြ့ဖစ်ထရှိတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရောဂါလက္ခဏာများပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပြန်ရည်ကျိတ်အပေါ်ကအရေပြား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်သည့် monoclonal gammopathy ရောဂါ (MGUS)

အဓိပ္ပါယ်ဖွင့်ဆိုချက်နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဆိုတာ ဘာလဲ။ သွေးထဲမှာ M ပရိုတင်း သို့မဟုတ် monoclonal ပရိုတင်းလို့ခေါ်တဲ့ မူမမှန်အသားဓါတ်တစ်မျိုး ရှိနေခြင်းကို နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ရောဂါလို့ ခေါ်ပါတယ်။ ၎င်း M ပရိုတင်းကို ရိုးတွင်းခြင်ဆီထဲက သွေးဖြူဥဆဲလ် (သွေးရည်ကြည်ဆဲလ်) တွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ များသောအားဖြင့် MGUS က ဘာပြဿနာမှ ပေးလေ့မရှိပေမယ့် တခါတရံမှာတော့ နှစ်နဲ့ချီကြာလာရင် သွေးကင်ဆာအပါအဝင် အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် MGUS ရှိသူတွေအနေနဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာရင် စောစောကုသမှု ခံယူနိုင်အောင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ရောဂါအခြေအနေ ပိုဆိုးမလာရင်တော့ ကုသမှုခံယူစရာ မလိုပါဘူး။ နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကို ဘယ်လိုစစ်ဆေးမလဲ

မိဘ‌တွေ တော်တော်များများ လုပ်မိနိုင်တဲ့ အမှားတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကလေးကို စကားတစ်ခုခုနားထောင်တိုင်း ကလေးကြိုက်တဲ့ သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်လိုမျိုး အချိုစာတွေကို ဆုချတတ်ကြတာပါ။ တကယ်ကတော့ ကလေးကို ဒီလို အချိုစာတွေ ဆုချမှုက ကလေးကိုဘေးဖြစ်စေအောင်ကိုယ်တိုင်လုပ်မိနေတာပါ။ ဒီလိုပြောရတဲ့အကြောင်းက သကြားက အရမ်းများလေလေ ကလေးကို ထိခိုက်နိုင်ခြေက များလာလေလေဖြစ်တာကြောင့်ပါ။ ဒါဆို အစားအသောက်တွေထဲမှာပါတဲ့ သကြားဓာတ်ကို ဘယ်လိုစစ်ဆေးမလဲ ဆိုပြီး စဉ်းစားနေတာလား။ သကြားစားတိုင်းကောင်းရဲ့လား............ သကြားက စားတိုင်းမကောင်းတာက အရွယ်သုံးပါးစလုံးမှာပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာတော့ ထိခိုက်နိုင်ခြေက ပိုများတာပေါ့။ သကြားကိုအများကြီးစားမိတဲ့အခါ ကလေးမှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ထိခိုက်မှုတွေအနေနဲ့ကတော့ ကလေးက သကြားကိုစွဲလမ်းမှုခံစားရမယ် အဝလွန်မယ် အာဟာရချို့တဲ့မယ် သွားပိုးစားမယ် ဆီးချိုရောဂါခံစားရမယ် ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်မယ် ပုံမှန်ထက် တက်ကြွလွန်နေမယ် သွေးတိုးရောဂါခံစားရမယ် နှလုံးရောဂါခံစားရမယ် စတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို […]


အခြေခံကျန်းမာရေး

ခန္ဓါကိုယ်အတွက် အိုင်အိုဒင်းကဘာတွေလုပ်ပေးသလဲ

စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ဖို့အတွက် ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုပါမယ်။ ဒီလိုအပ်မှုတွေက အရွယ် သုံးပါးစလုံးအတွက် အကျုံးဝင်သလို ကိုယ်ဝန်ဆောင်မေမေတွေနဲ့ပါ သက်ဆိုင်တဲ့အချက်တစ်ခုပါ။ ဒီတော့ခန္ဓါကိုယ်မှာ အရေးပါတဲ့ ဓါတ်လေးတစ်ခုအကြောင်း နည်းနည်းလောက်ပြောပါရစေ။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုး ဒါကတော့ အိုင်အိုဒင်းပါ။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေရရှိနိုင်ပေမယ့် လုံလောက်မှုရှိဖို့တော့သေချာလေးဂရုစိုက်ဖို့လိုမှာပါ။ အိုင်အိုဒင်းမလုံလောက်တဲ့အခါ ခန္ဓါကိုယ်မှာ ထိခိုက်လာနိုင်တာတွေအများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်မယ့်ခန္ဓါကိုယ်အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို ထုတ်ပေးမှ ဇီဝကမ္မဖြစ်စဉ်တွေအကောင်းဆုံးလည်ပတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်းတွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့ နဲ့ အာရုံကြောစနစ်တွေကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ.......... အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး အိုင်အိုဒင်းကို လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေမှာ အများဆုံးတွေ့ရပါတယ်။ အိုင်အိုဒင်းလုံလောက်စွာရရှိမှုက ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ (၁) […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)