( ၃ ) အိပ်ရာဝင်ချိန် အတွင်းခံ ဝတ်မအိပ်တာ အကောင်းဆုံးပါ။ ။
မိန်းမကိုယ်နဲ့ ပက်သက်ပြီး ဘာပြဿနာမှမရှိတဲ့သူဆိုရင်တော့ အတွင်းခံဝတ်အိပ်တာ ပြဿာနာမရှိပေမယ့် မိန်းမကိုယ် မှိုစွဲပြီးး ယားတတ်တဲ့သူတွေအတွက်တော့ အတွင်းခံချွတ်ပြီး ဝတ်အိပ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါမှ မိန်းမကိုယ်လည်း အောက်ဆီဂျင်ရပြီး ဖြစ်နေတဲ့ ယားယံခြင်းနဲ့ မှိုပြဿနာတွေလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ သတိထားသင့်တာကတော့ ညဘက်အိပ်ရာဝင်မှသာ အတွင်းခံချွတ်အိပ်ရမှာ ဖြစ်ပါတယ်။
( ၄ ) လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာလည်း ကိုယ်နဲ့တစ်သားတည်းကျတဲ့ အတွင်းခံဝတ်ထားသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အချိန်ဆိုတာ သာမန်ထသွားထလာ အချိန်နဲ့ မတူပါဘူး။ ထွက်လာတဲ့ချွေးတွေကို စုပ်ယူဖို့နဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ဘောင်းဘီကြား သက်တောင့်သက်သာရှိစေဖို့အတွက် အတွင်းခံဝတ်ပေးဖို့လိုပါတယ်။ အတွင်းခံဆိုတဲ့နေရာမှာလည်း ကိုယ်နဲ့ တစ်သားတည်းဖြစ်နေတဲ့အရွယ်အစားကို ရွေးချယ်ဝတ်ဆင်ဖို့က အရေးအကြီးဆုံးပါ။

( ၅ ) အတွင်းခံ ကို သေချာလျှော်ပါ။
အဝတ်လျှော်စက်ထဲကို အတွင်းခံတွေ ပစ်ထည့်လိုက်ပြီး လျှော်မယ့်အစား ကိုယ်တိုင်လက်နဲ့ သန့်စင်အောင် လျှော်ဖွပ်ဖို့လိုအပ်ပါတယ်။ လျှော်တဲ့နေရာမှာလည်း အပြင်းစားဆပ်ပြာတွေအစား ဓာတ်မတည့်ခြင်းဖြစ်တာတွေ နည်းတဲ့ ဆပ်ပြာမှုန့်ကို သုံးပြီး လျှော်ဖွပ်ဖို့လည်း မမေ့သင့်ပါဘူး။
( ၆ ) လျှော်ပြီးသား အတွင်းခံကို သေချာနေလှန်း မီးပူတိုက်ပါ။
လျှော်ပြီးသား အတွင်းခံတွေကို သူများတွေ မြင်မှာစိုးလို့ အထဲမှာပဲ သိမ်းပြီး လှန်းထားမယ့်အစား နေနဲ့ တိုက်ရိုက်ပေးတွေ့ပြီး ပိုးသေအောင် လုပ်သင့်ပါတယ်။ နေလှန်းပြီး ခြောက်သွားလို့ မီးပူ တိုက်တဲ့အခါမှာလည်း အတွင်းသားကို လှန်ပြီး မီးပူ တိုက်ပေးဖို့ မမေ့ပါနဲ့။ ။
( ၇ ) တစ်နှစ် တစ်ခါ အတွင်းခံ အသစ်တွေ ဝယ်ဝတ်ပါ။ ။
ဘယ်လောက်ပဲ ကပ်စီးနှဲတဲ့သူ ဖြစ်ပါစေ တစ်နှစ် တစ်ခါလောက် အတွင်းခံတွေ အသစ်တွေ ဝယ်ပြီး အဟောင်းတွေကို စွန့်ပစ်လိုက်ဖို့တော့လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။