backup og meta

မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် ကာကွယ်ခြင်း

မိန်းမကိုယ်အတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် ကာကွယ်ခြင်း

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ် (bacteria vaginosis)ဆိုတာဘာလဲ

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်တယ်ဆိုတာမိန်းမကိုယ်ထဲမှာဘက်တီးရီးယားပိုးညီမျှမှု ပြောင်းလဲခြင်းကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါပိုးအပျော့စားတစ်မျိုးဖြစ်ပါတယ်။ မိန်းမကိုယ်ဆိုတာကောင်းခြင်းရော၊ ဆိုးခြင်းရောကိုပေးတဲ့ အလွန်သေးငယ်တဲ့ သက်ရှိအကောင်လေးတွေအတွက် ခိုလှုံရာနေရာဖြစ်ပါတယ်။ ကောင်းတဲ့ အကောင်လေးတွေဟာမကောင်းတဲ့အကောင်လေးတွေကိုအလွန်အကျွံ ပွားခြင်းမှ ထိန်းသိမ်းပေးပါတယ်။ ဒါပေမယ့် ကောင်းတဲ့ အကောင်လေးတွေရဲ့ ပမာဏဟာအများစုကိုမထိန်းချုပ်ထားနိုင်ရင် သူတို့တွေရဲ့ ညီမျှမှု ပျက်စီးသွားပါတယ်။ ဒီအခါမှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်မှု ဖြစ်ပွားပါတယ်။

ဒီရောဂါကိုအမျိုးသမီးတွေမှာအသက် ၁၅ ကနေ ၄၄နှစ်အတွင်း ဖြစ်ပွားလေ့ရှိပါတယ်။ လူပေါ်မူတည်ပြီးရက်အနည်းငယ်အကြာမှာပျောက်သွားတဲ့သူရှိသလိုပိုဆိုးတဲ့ ကျန်းမာရေးအခြေအနေတွေအထိ ဖြစ်သွားနိုင်တဲ့ လူမျိုးလဲရှိပါတယ်။

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းဘာကြောင့်ဖြစ်ပါသလဲ။

အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှာဘက်တီးရီးယားပိုးမညီမျှမှုဟာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မညီမျှမှုကိုဘာတွေက ဖြစ်စေပါသလဲ။ တချို့အခြေအနေတွေကမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်စေမှုကိုပိုမို မြင့်တက်စေပါတယ်။ ဥပမာ

  • လိင်ဆက်ဆံသူအသစ်တိုးခြင်း (သို့) လိင်ဆက်ဆံသူအများအပြားရှိခြင်း
  • မိန်းမကိုယ်ကိုသန့်ရှင်းရင် ရေစီးကြောင်း (သို့) ဆေးရည်ကိုအသုံးပြုခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အတွင်းခံကိုလျှော်ရန် ဆပ်ပြာမှုန့်ပြင်းပြင်းကိုအသုံးပြုခြင်း
  • မိန်းမကိုယ်ကိုဆေးကြောရန် အနံ့ပျောက်ဆေးကိုအသုံးပြုခြင်း
  • ပိုးသတ်ဆေးရန်၊ အမြှုပ်ပါသောရေမွှေးဆပ်ပြာရည်၊ အနံ့ပါသောဆပ်ပြာတို့ဖြင့် ရေစိမ်ချိုးခြင်း

ဒါပေမယ့် ဒီရောဂါဟာလိင်ဆက်ဆံခြင်းမရှိတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာအိမ်သာအဖုံး၊ ရေကုူးကန်၊ အိပ်ရာအတူသုံးရုံ (သို့မဟုတ်) ထိတွေ့ရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုမကုသရင် ဘာတွေ ဖြစ်မှာလဲ။

သင့်ရောဂါဟာ ဖြစ်ပွားပြီးရက်အနည်းငယ်အတွင်းမှာပေါ်လိုက်ပျောက်လိုက်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေသင့်ဆရာဝန်ကိုကုသရန်နဲ့ ရောဂါရှာဖွေရန်အတွက် ပြသသင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးတွေမှန်မှန် သောက်ဖို့သတိရပါ။

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုလစ်လျူရှုမယ်ဆိုရင်တော့ သင့်မှာ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

  • HIV ပိုးရှိနေတဲ့ သင့်ရဲ့ လိင်ဆက်ဆံသူဆီကရောဂါပိုးရရှိနိုင်မှု ပိုမိုများပြားခြင်း
  • သင့်မှာ HIV ပိုးရှိနေရင် သင့်လိင်ဆက်ဆံသူကိုရောဂါပိုးကူးစေမှု ပိုမိုများပြားခြင်း
  • ကိုယ်ဝန်ရှိစဉ် မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းရှိနေပါကသင့်ကလေးကိုအချိန်မတန်ခင် မွေးဖွားမှု ပိုမိုဖြစ်ပွားနိုင်ခြင်း
  • လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါများပိုမိုရရှိနိုင်ခြင်း

မိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်းကိုဘယ်လိုရှောင်ကြဉ်မလဲ။

ကာကွယ်ခြင်းဟာကုသခြင်းထက်တော့ အမြဲပိုအရေးကြီးပါတယ်။ သင့်မှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပွားမှုကိုအောက်ပါ အချက်တွေနဲ့ လျှော့ချနိုင်ပါတယ်။

  • လိင်ဆက်ဆံသူအရေအတွက် ကန့်သတ်ခြင်း
  • မိန်းမကိုယ် အတွင်းပိုင်းအထိသန့်စင်ခြင်းအားရပ်တန့်ခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • ကျန်းမာလုံခြုံသောလိင်မှုဘဝတည်ဆောက်ခြင်း
  • ကွန်ဒုံးများအားအမြဲမပြတ် သုံးစွဲခြင်း
  • အတူသုံးသော sex toys များသေချာစွာဆေးကြောခြင်း
  • မိန်းမကိုယ် အနံ့ပျောက်စေသောဖြန်းဆေးများရှောင်ကြဉ်ခြင်း

သင့်တော်မယ့်ဆေးဝါးရွေးချယ်ခြင်း

တကယ်လို့ သင့်မှာမိန်းမကိုယ်အတွင်းဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်နေပြီလို့ သံသယရှိနေပြီဆိုရင် ဆရာဝန်နဲ့ ရက်ချိန်းယူပြီး ပြသသင့်ပါတယ်။ ဆရာဝန်ဟာသင့်ကိုစမ်းသပ်ကြည့်ရှုပြီးသင့်တော်တဲ့ ဆေးဝါးများကိုညွှန်ကြားပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/sexual-conditions/tc/bacterial- vaginosis-topic- overview#1

 

ယခုပုံစံ

28/01/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement